သီဒါ ခုနစ်တန်

ဝီကီပီးဒီးယား မှ

(၁) မြင့်မိုရ်တောင်နှင့် ယုဂန္ဓိုရ်တောင် ကြားမှာ သီဒါတစ်တန် (သီဒါ သမုဒ္ဒရာ ၁-စင်း)။

(၂) ယုဂန္ဓိုရ်တောင်နှင့် ဤသဓရတောင်ကြားမှာ သီဒါတစ်တန်(သီဒါသမုဒ္ဒရာ ၁-စင်း)။

(၃) ဤသဓရတောင်နှင့် ကရဝီကတော်ကြားမှာ သီဒါတစ်တန် (သီဒါသမုဒ္ဒရာ ၁-စင်း)။

(၄) ကရဝီကတောင်နှင့် သုဒဿနတောင်ကြားမှာ သီဒါတစ်တန် (သီဒါသမုဒ္ဒရာ ၁-စင်း)။

(၅) သုဒဿနတောင်နှင့် နေမိန္ဓရတောင်ကြားမှာ သီဒါတစ်တန် (သီဒါ သမုဒ္ဒရာ ၁-စင်း)။

(၆) နေမိန္ဓရတောင်နှင့် ဝိနတကတောင် ကြားမှာ သီဒါတစ်တန် (သီဒါ သမုဒ္ဒရာ ၁–စင်း)။

(၇) ဝိနတကတောင်နှင့် အဿကဏ္ဏတောင်ကြားမှာ သီဒါဘစ်တန်ဟူ၍ သီဒါ ၇-တန် (သီဒါသမုဒ္ဒရာ ၇-စင်း) ရှိ၏။ [၁]

သီဒါဟု ခေါ်ဆိုရခြင်းအကြောင်း[ပြင်ဆင်ရန်]

ကျသမျှအရာဝတ္ထုတို့ နစ်မြုပ်ရာ ဖြစ်သောကြောင့် တစ်နည်း-ကျကျသမျှ အရာဝတ္ထုကို နှစ်မြုပ်ရာဖြစ်သောကြောင့် သမုဒ္ဒရာ ၇-စင်းကို “သီဒါ”ဟု ခေါ်ဆိုလေသည်။ မြင်းမိုရ်တောင် ယုဂန္ဓိုရ်တောင်စသော တောင်တို့၏ ကြားထဲ၌ ဖြစ်လေသောကြောင့် “သီဒန္တရသမုဒ္ဒရာ”ဟုလည်း ခေါ်ဆိုလေသည် [၂] [၁]

သီဒါ ၇-တန်တို့၏ ပမာဏ[ပြင်ဆင်ရန်]

(၁) မြင်းမိုရ်တောင်နှင့် ယုဂန္ဓို၌တောင်ကြားရှိ သီဒါ သမုဒ္ဒရာသည်ယူဇနာ(၈၄၀၀၀) ရှစ်သောင်းလေးထောင် ကျယ်ဝန်း၏။ အောက်အနက်အားဖြင့် မြင်းမိုရ်တောင်၏ အနီးအပါး၌ ယူဇနာ(၈၄၀၀၀) ရှစ်သောင်း လေးထောင် နက်၏။ ၎င်း သမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက် လေသောကြောင့် ယုဂန္ဓိုရ်တောင်၏ အနီးအပါး၌ကား ယူဇနာ (၄၂၀၀၀) လေးသောင်း နှစ်ထောင်မျှသာ နက်၏။

(၂) ယုဂန္ဓိုရ်တောင်နှင့် ဤသဓရတောင်ကြားရှိ သီဒါသမုဒ္ဒရာသည် ယူဇနာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ကျယ် ဝန်း၏။ အောက်အနက်အားဖြင့် ယုဂန္ဓိုရ်တောင်၏ အနီးအပါး၌ ယူဇနာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် နက်၏။ ၎င်း သမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက် လေသောကြောင့် ဤသဓရတောင်၏ အနီး အပါး၌ကား ယူဇနာ (၂၁၀၀၀) နှစ်သောင်း တစ်ထောင်မျှသာ နက်၏။

(၃) ဤသဓရတောင် နှင့် ကရဝီကတောင်ကြားရှိ သီဒါ သမုဒ္ဒရာသည် ယူဇနာ(၂၁၀၀၀) နှစ်သောင်း တစ်ထောင် ကျယ်ဝန်း၏။ အောက်အနက်အားဖြင့် ဤသဓရတောင်၏ အနီးအပါး၌ ယူဇနာ(၂၁၀၀၀)နှစ်သောင်းတစ်ထောင်နက်၏။ ၎င်းသမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက် လေသောကြောင့် ကရဝီကတောင်၏ အနီး အပါး၌ကား ယူဇနာ (၁၀၅၀၀)တစ်သောင်း ငါးရာမျှသာနက်၏။

(၄) ကရဝီကတောင်နှင့် သုဒဿနတောင်ကြားရှိ သီဒါ သမုဒ္ဒရာသည် ယူဇနာ(၁၀၅၀၀)တစ်သောင်း ငါးရာကျယ်ဝန်း၏။ အောက်အနက်အားဖြင့် ကရဝီက တောင်၏ အနီးအပါး၌ ယူဇနာ (၁၀၅၀၀) တစ်သောင်းငါးရာနက်၏။ ၎င်းသမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက် လေသောကြောင့် သုဒဿနတောင်၏ အနီးအပါး၌ကား ယူဇနာ (၅၂၅၀)ငါးထောင် နှစ်ရာ့ ငါးဆယ်မျှသာ နက်၏။

(၅) သုဒဿနတောင်နှင့် နေမိန္ဓရတောင်ကြားရှိ သီဒါ သမုဒ္ဒရာသည် ယူဒနာ (၅၂၅၀)ငါး ထောင် နှစ်ရာ့ ငါးဆယ် ကျယ်ဝန်း၏။ အောက်အနက်အားဖြင့်–သုဒဿနတောင်၏အနီးအပါး၌ ယူဇနာ (၅၂၅၀) ငါးထောင်နှစ်ရာ့ငါးဆယ် နက်၏။ ၎င်း သမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက်လေသောကြောင့် နေမိန္ဓရတောင်၏ အနီးအပါး၌ကား ယူဇနာ (၂၆၂၅) နှစ်ထောင် ခြောက်ရာနှစ်ဆယ့်ငါးယူဇနာမျှသာ နက်၏။

(၆) နေမိန္ဓရတောင်နှင့် ဝိနတကတောင်ကြားရှိ သီဒါ သမုဒ္ဒရာသည် ယူဇနာ (၂၆၂၅) နှစ်ထောင်ခြောက်ရာ နှစ်ဆယ့်ငါး ယူဇနာ ကျယ်ဝန်း၏။ အောက်အနက်အားဖြင့် နေမိန္ဓရတောင်၏ အနီးအပါး၌ ယူဇနာ (၂၆၂၅)နှစ်ထောင်ခြောက်ရာ နှစ်ဆယ့်ငါး ယူဇနာ နက်၏။ ၎င်းသမုဒ္ဒရာသည် အဆင့်ဆင့် မြင့်မောက်လေသောကြောင့် ဝိနတကတောင်၏အနီးအပါး၌ကား ယူဇနာ (၁၃၁၂၁/၂) တစ်ထောင်သုံးရာတစ်ဆယ့်နှစ် ယူဇနာခွဲ မျှသာ နက်၏။

(၇) ဝိနတကတောင်နှင့် အဿကဏ္ဏတောင်ကြားရှိ သီဒါ သမုဒ္ဒရာသည် ယုဇနာ (၁၃၁၂၁/၂) တစ်ထောင်သုံးရာ တစ်ဆယ့်နှစ်ယူဇနာခွဲကျယ်ဝန်း၏။ အောက်အနက်အားဖြင့် ဝိနတကတောင်၏ အနီးအပါး၌ ယူဇနာ(၁၃၁၂၁/၂) တစ်ထောင်သုံးရာ တစ်ဆယ့်နှစ်ယူဇနာခွဲ နက်၏။ ၎င်းသမုဒ္ဒရာသည့် အဆင့်ဆင့် မြင့်မောက်လေသောကြောင့် အဿကဏ္ဏတောင်၏ အနီးအပါး၌ကား ယူဇနာ (၆၅၆၁/၄) ခြောက်ရာငါးဆယ်ခြောက် ယူဇနာ တစ်ဂါဝုတ်မျှသာ နက်၏။ [၃] ယင်း သီဒါ သမုဒ္ဒရာ ၇-တန်တို့၌ ရေသည် လှုပ်ရှားမှုမရှိ၊ ထူးထူးခြားခြား လှုပ်ရှားမှု မရှိ၊ တပြောင်းပြန်ပြန်မဖြစ်၊ တပြောင်း ပြန်ပြန်မလည်၊ တုန်လှုပ်ချောက်ချားမှုမရှိ၊ ငြိမ်သက်၏၊ လှိုင်းတံပိုးလည်းမရှိ။ [၄] [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ တိပိဋကအဘိဓာန် အတွဲ-၁၇
  2. (မဟာနိ၊ဋ္ဌ၊၃၃၀)။
  3. (သာရတ္ထ၊၁၊၂၅၃။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၂။ အနုဋီ၊ ၁၊၁၄၈။ ဇိနာလင်္ကာရ၊ဋီ၊၆၇-၉။)
  4. (မဟာနိ၊၂၇၄။ မဟာနိ၊ဋ္ဌ၊၃၃၀)။