နိုင်ငံတော်အစိုးရသစ် ဖွဲ့စည်းခြင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံသည် ရှေးဘုရင်မင်းများလက်ထက် ကတည်းက ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့သည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် သီပေါမင်း လက်ထက်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှများ၏ ကျူးကျော်စိုးမိုးမှုကြောင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှစ၍ သူ့ကျွန်ဘဝရောက်ခဲ့သည်။ မြန်မာတိုင်းရင်းသားများသည် ကျူးကျော်သူ နယ်ချဲ့ကို တော်လှန်ခဲ့ကြသည်။ မြန်မာ့မြေပေါ်သို့ ဖက်ဆစ်များ ဝင်ရောက်လာကြသောအခါ၌လည်း တော်လှန်တိုက်ထုတ်ခဲ့ကြသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ ဖြစ်လာခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အစိုးရ အနဖြေင့် မြန်မာနိုင်ငံကို ပြန်လည်တည်ထောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် မြန်မာနိုင်ငံ ၏ ယိုယွင်းလျက်ရှိသော အခြေအနေများကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို တာဝန်ယူခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရအနေဖြင့် မြန်မာနိုင်ငံကို ပြန်လည်တည်ထောင်ခဲ့ရပြန်သည်။ တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်သည်။ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းသည်။

နိုင်ငံတော်အစိုးရသစ်ဖွဲ့စည်းခြင်း ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်၌ အဘက်ဘက်မှယိုယွင်းနေသော အခြေ အနေကိုထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို တပ်မတော်က ထိန်း သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဟု အမည်ပြောင်းခဲ့သည်။ စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ရောက်ရှိရန်အတွက် မူဝါဒလမ်းစဉ် ၇ ရပ်ကို ချမှတ်ကာ ဆောင်ရွက်ခဲ့သည်။

၁၄ နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ နိုင်ငံတော်အတွက် လိုအပ်သော မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈)ကို ရေးဆွဲခဲ့ကြသည်။ အဆိုပါ ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ထောက်ခံမဲ (၉၃.၈၂%) ဖြင့်အတည်ပြုခဲ့သည်။

၂၀၁၁ မှ ၂၀၁၆ အထိ[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်ရက်စွဲပါ ကြေညာချက်အမှတ် ၅/၂၀၁၁ အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီကို ဖျက်သိမ်းကြောင်း နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာသည်။ တစ်ဆက်တည်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား သက်ဆိုင် ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏သဘော တူညီချက်ရယူခြင်းများကို ဆောင်ရွက်ပြီးဖြစ်သည်နှင့် အညီ ပေါ်ပေါက်လာသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များအား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးဆိုင်ရာအာဏာများကို လွှဲပြောင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၆/၂၀၁၁ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လက်မှတ်ဖြင့် ထုတ် ပြန်ကြေညာသည်။ တစ်ဆက်တည်းတွင် တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်များမှ ပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့် ပုဂ္ဂိုလ် များအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းများကို ဆောင်ရွက်ပြီးဖြစ် သည်နှင့်အညီ ပေါ်ပေါက်လာသော ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များအား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်း လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ရက်စွဲပါ ကြေညာချက် အမှတ် ၇/၂၀၁၁ အရ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် မြို့နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီများကို ဖျက်သိမ်းကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာသည်။ တစ်ဆက်တည်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများကို ဆောင်ရွက်ပြီး ဖြစ်သည်နှင့်အညီ ပေါ်ပေါက်လာသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ဥပဒပြေုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအာဏာများကို လွှဲပြောင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၈/ ၂၀၁၁ အရ ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီများ၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ ဖျက်သိမ်းကြောင်း နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေးကို ၁၈ ရက်မြောက်နေ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ခန်းမ၌ ၁၈ ရက်မြောက်နေ့အဖြစ် ဆက်လက်ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့လည်း တက်ရောက်ကြသည်။ ပြည်ထောင်စုလွှတ်တော်နာယက က အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၆၅၂ ဦးအနက် ၆၄၉ ဦးတက် ရောက်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၅၄ ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကြောင်း ကြေညာသည်။ အစီအစဉ်အရ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များဖြစ်သည့် ရွေးချယ်တင်မြှောက်ခြင်းများ၊ ခန့်အပ်တာဝန်ပေးရန် သဘောတူညီခြင်းများ၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဖွဲ့စည်းခြင်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းသို့ ရှင်းလင်းပြောကြားပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်ဖြင့် ထုတ်ပြန်သည့် ကြေညာချက် အမှတ် ၅/၂၀၁၁၊ ကြေညာချက်အမှတ် ၆/၂၀၁၁၊ ကြေညာချက်အမှတ် ၇/၂၀၁၁၊ ကြေညာ ချက်အမှတ် ၈/၂၀၁၁တို့ကို ပြည်ထောင်စုလွှတ်တော် နာယက က ဖတ်ကြားကြေညာသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၅ နှင့် ပုဒ်မ ၃၇ တို့နှင့်အညီ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသည့်ဦးသိန်းစိန်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများဖြစ်ကြသည့် သီဟသူရဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့သည် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ '"ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့် သိရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင် ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကျိုးငှါ နိုင်ငံတော်အား မိမိအသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်'" ဟူ၍ ကတိသစ္စာပြုကြသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ် တာဝန်ပေးရန် သဘောတူညီထားသော ပုဂ္ဂိုလ်များသည်လည်း ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။ ယင်းသို့ကတိ သစ္စာပြုရာတွင်

  • ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးထွန်းထွန်းဦး၊
  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးသိန်းစိုး၊
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးတင်အေး၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးလွန်းမောင်၊
  • ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဒေါက်တာထွန်းရှင်၊
  • ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးဝင်းထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသိန်းထိုက်၊ ဦးလှထွန်း၊ ဦးသိန်းထွန်း၊ ဦးခင်မောင်မြင့်၊ ဦးတင့်ဆန်း၊ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်လှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်စိုး၊ ဦးဇော်မင်း၊ ဦးခင်ရီ၊ သူရဦးမြင့်မောင်၊ ဦးအေးမြင့်၊ ဒေါက်တာဖေသက်ခင်၊ ဒေါက်တာမြအေး၊ ဦးအောင်မင်း၊ ဦးသန်းဌေး၊ ဦးစိုးသိန်း၊ ဦးကျော်စွာခိုင်၊ ဦးအုန်းမြင့်၊ ဦးအောင်ကြည်၊
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြင့်ဟန်၊
  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန်သဘောတူညီထားသော ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိမ်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ၊
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူညီထားသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးသာဦး၊ ဦးဝင်းကြည်၊ ဦးမြင့်သူ

တို့သည် သတ်မှတ်နေရာများ၌နေရာယူကာ ကတိသစ္စာပြုကြသည်။ အစီအစဉ်အရ ကတိသစ္စာပြုပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယခုအခါတွင် မြန်မာနိုင်ငံသည် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” ဟူသော အမည်သစ်ဖြင့် နိုင်ငံတော်သစ်အား ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်လျော်ညီသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ အပြန်အလှန် ထိန်းကျောင်းလျက် မိမိနိုင်ငံ၏ ပထဝီအနေအထား ရိုးရာယဉ်ကျေးမှုများအား ထိန်းသိမ်းကာ ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ၏ စာမျက်နှာသစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး၏ နောက်ဆုံးနေ့ဖြစ်သည့် (၁၈) ရက်မြောက် အစည်းအဝေးကျင်းပပြီးစီးကြောင်းနှင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးစီးကြောင်း ကြေညာသည်။

၂၀၁၆ မှ ယနေ့အထိ[ပြင်ဆင်ရန်]

၂၀၁၅ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်များအရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးတို့ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခေါ်ယူကျင်းပခဲ့သည်။ ဒုတိယ လွှတ်တော်အစည်းအဝေးများအတွက် ပြည်သူလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်း တို့ရွေးချယ်ခံရသည်။ ပြည်ထောင်စုလွှတ်တော်က ဒုသမ္မတလောင်းများစာရင်း တင်သွင်းရန် ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ သတ်မှတ်ပေးခဲ့သည်။ မတ်လ ၁ ရက်နေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒုသမ္မတလောင်းများ စာရင်းတင်သွင်းရန် မတ်လ ၁၀ ရက်သို့ရွေ့ကြောင်း ကြော်ငြာခဲ့သည်။ [၁]

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.news-eleven.com/politics/%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%81%80%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%99%E1%80%90%E1%80%B9%E1%80%9C-%E1%81%81%E1%81%80-%E1%80%9B%E1%80%80%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%95%E1%80%B3%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%8A%E1%80%B9%E1%80%9F%E1%80%AF-%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%80%BD%E1%80%90%E1%80%B9[လင့်ခ်သေ]
  2. စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၁)