သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန

ဝီကီပီးဒီးယား မှ

သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနသည် ပြည်တွင်းစက်မှုလုပ်ငန်းများကို နည်းပညာဖွံ့ဖြိုးတိုးတက်စေမည့် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ကုန်ကြမ်းပစ္စည်း သုတေသနလုပ်ငန်းများ၊ စက်ကိရိယာပစ္စည်း သုတေသနလုပ်ငန်းများနှင့် စက်အစိတ်အပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ စက်မှု ဝန်ကြီးဌာန အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန ကြီးကြပ်မှုအောက်တွင် အောက်ပါဌာနများ ပါဝင် ဖွဲ့စည်းထားသည်။

  • ဆေးဝါးနှင့် စားသောက်ကုန် သုတေသနဌာန (ရန်ကုန်)
  • စက်မှုသုတေသနဌာန (သာဂရ)

ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ဆေးဝါးနှင့်စားသောက်ကုန်သုတေသနဌာန

  • စက်မှု ဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့် ဆေးဝါးများ နှင့်စားသောက်ကုန်များ၏ အရည်အသွေးစစ်ဆေးခြင်း။
  • ဆေးဝါးအမယ်အသစ်များ စမ်းသပ်ခြင်း၊ လက်ရှိထုတ်လုပ်နေသော ဖော်စပ်မှုနည်းပညာအဟောင်းများကို တိုးတက်ပြုပြင်ခြင်း။
  • စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ထားသော ဆေးဝါးများအား ဈေးကွက်မှ နမူနာရယူစစ်ဆေးခြင်း။
  • ဆေးဖက်ဝင်အပင်များ စမ်းသပ်စိုက်ပျိုးခြင်း။

စက်မှုသုတေသနဌာန

  • စက်ယန္တရားဆိုင်ရာ သုတေသနလုပ်ငန်းများ။
  • အဆင့်မြင့်လျှပ်စစ်ပစ္စည်း သုတေသနလုပ်ငန်းများ။
  • လယ်ယာသုံးစက်ပစ္စည်း သုတေသနလုပ်ငန်းများ။
  • ရာဘာသုတေသနလုပ်ငန်းများ။
  • သတ္တုဗေဒ သုတေသနလုပ်ငန်းများ။
  • အသုံးချဒီဇိုင်းသုတေသနလုပ်ငန်းများ။

[၁]

ကိုးကား[ပြင်ဆင်ရန်]