မာတိကာသို့ ခုန်သွားရန်

အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း

ဝီကီပီးဒီးယား မှ

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းသည် စက်မှု ဝန်ကြီးဌာနပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ CNC အသုံးပြု စက်ပစ္စည်းကိရိယာများ၊ တွင်ခုံ၊ ဖောက်ခုံ၊ ကျောက်စက်၊ ဓားစက် စသည့် စက်ပစ္စည်းကိရိယာများ၊ PVC ဝါယာများ၊ ပါဝါကေဘယ်(လ်)ကြိုးများ၊ ဘက်ထရီအိုးများ၊ ထရန်စဖော်မာများ၊ ရေအားလျှပ်စစ်တာဘိုင်များ၊ ဂျင်နရေတာများ၊ LED မီးသီးအမျိုးမျိုး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ် တာယာအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်း သဘာဝရာဘာများကို ထုတ်လုပ်ပေးလျက်ရှိသည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းနှင့် မြန်မာ့တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်း တို့ကို ပူးပေါင်း၍ အမှတ်(၂)အထွေထွေအကြီးစား စက်မှုလုပ်ငန်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ []

ဦးဆောင်ညွှန်ကြားရေးမှူးချုပ်များ

[ပြင်ဆင်ရန်]

စက်ရုံများ

[ပြင်ဆင်ရန်]

အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါ စက်ရုံများပါဝင်ဖွဲ့စည်းထားသည်။

စက်ရုံတည်နေရာအကျယ်အဝန်းတည်ထောင်သည့်ခုနှစ်ထုတ်ကုန်များ
အမှတ် (၂၁) အကြီးစားစက်ရုံ(သထုံ)သထုံမြို့မွန်ပြည်နယ်၁၄၈၇.၂၈ ဧက၁၉၈၅လူစီးမော်တော်ယာဉ်တာယာ
အပေါ့စားမော်တော်ယာဉ်တာယာ
အကြီးစားမော်တော်ယာဉ်တာယာ
လယ်ယာသုံးမော်တော်ယာဉ်တာယာ
အမှတ် (၂၂) အကြီးစားစက်ရုံ(ဘီးလင်း)ဘီးလင်းမြို့၊ မွန်ပြည်နယ်၂၄ ဧက၂၀၁၀ရေဒီယယ်တာယာများ
အမှတ် (၂၃) အကြီးစားစက်ရုံ(ညောင်ခြေထောက်)ညောင်ခြေထောက်၊ ပန်းတောင်းမြို့နယ်ပဲခူးတိုင်းဒေသကြီး၄၅ ဧက၁၉၇၄Machine Tools
General Engineering Products
ထရန်စဖော်မာများ
PVC ဝါယာများ
ပါဝါကေဘယ်(လ်)ကြိုးများ
အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)စက်မှုဇုံ (၁)၊ ဒဂုံမြို့သစ်တောင်ပိုင်းရန်ကုန်တိုင်းဒေသကြီး၃၉.၆၁၄ ဧက၁၉၆၂ဘက်ထရီအိုးများ
LED မီးသီးအမျိုးမျိုး
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းများ
အောက်ဆီဂျင်
Acetylene
အမှတ် (၂၅) အကြီးစားစက်ရုံ(မြိုင်)မိုင်တိုင်အမှတ် ၃၉၇/၃၊ ပုသိမ်-မုံရွာလမ်း၊ ပခုက္ကူမြို့နယ်မကွေးတိုင်းဒေသကြီး၃၁ ဧက၂၀ဝ၆လျှပ်စစ်ပစ္စည်းအမျိုးမျိုး
CNC အသုံးပြု စက်ပစ္စည်းကိရိယာများ
တွင်ခုံ၊ ဖောက်ခုံ၊ ကျောက်စက်၊ ဓားစက် စသည့် စက်ပစ္စည်းကိရိယာများ
အမှတ် (၂၆) အကြီးစားစက်ရုံ(သာဂရ)သာဂရ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၁၀ ဧက၂၀ဝ၇ဂျင်နရေတာများ
အမှတ် (၂၇) စက်မှုကုန်ကြမ်းဌာန(ကျိုက်ထို)ကျိုက်ထိုမြို့၊ မွန်ပြည်နယ်၁.၄.၂၀ဝ၄မှိုင်းခံရာဘာများ

ကိုးကား

[ပြင်ဆင်ရန်]
  1. အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း 15 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။