အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်းနှင့် မြန်မာ့လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း တို့ကို ပေါင်းစည်း၍ အမှတ်(၁) အထွေထွေအကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
စက်ရုံများ
[ပြင်ဆင်ရန်]အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အောက်ပါ စက်ရုံ(၇)ရုံဖြင့် ဖွဲ့စည်းထားသည်။ [၁]
- အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်)
- အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)
- အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး)
- အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)
- အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)
- အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
- အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)
အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်)
[ပြင်ဆင်ရန်]ကမ္ဘာအေးစေတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၆၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စက်ရုံအကျယ်အဝန်းမှာ ၂၅.၂၈ ဧက ဖြစ်သည်။ လက်ရှိဝန်ထမ်း ၇၅၀ဦး (အရာထမ်း ၅၂ ဦး၊ အမှုထမ်း ၆၉၈ ဦး) ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ မြန်မာမီနီဆလွန်းကား၊ စီးတီးဘတ်စ်၊ TE – 31 ထရပ်ယာဉ်၊ TE – 31 ဆီသယ်ယာဉ် နှင့် မြန်မာလျှပ်စစ်ကားများ ကိုထုတ်လုပ်ပေးနေသည်။ [၂]
အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)
[ပြင်ဆင်ရန်]ထုံးဘိုမြို့အနီး၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၇၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စက်ရုံအကျယ်အဝန်းမှာ ၂၄၈ ဧကဖြစ်သည်။ လက်ရှိဝန်ထမ်း ၉၈၈ ဦး(အရာထမ်း-၃၁ ဦး၊ အမှုထမ်း-၉၅၇ ဦး) ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ Myanmar Double Cab, Myanmar Single Cab, Sport Utility Vehicleနှင့် မြင်းကောင်ရေအား ၁၄၀ရှိ DS – 70 ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ပေးနေသည်။[၃]
အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး)
[ပြင်ဆင်ရန်]မယ်လှတောင်ကျေးရွာအနီး မကွေးမြို့၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၃၅.၅ ဧကဖြစ်သည်။ လက်ရှိဝန်ထမ်း ၄၈၇ ဦး (အရာထမ်း-၃၈ဦး၊ အမှုထမ်း-၄၄၉ ဦး)ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။[၄]
အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)
[ပြင်ဆင်ရန်]သာဂရမြို့၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၄၉.၈ ဧကဖြစ်ပြီး လက်ရှိဝန်ထမ်းအင်အား ၅၂၂ ဦး(အရာထမ်း-၃၂ ဦး၊ အမှုထမ်း-၄၉၀ ဦး)ဖြင့် ဒီဇယ်အင်ဂျင် အမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[၅]
အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)
[ပြင်ဆင်ရန်]သာဂရမြို့၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၃၅.၁၅ ဧကဖြစ်ပြီး လက်ရှိဝန်ထမ်းအင်အား ၂၂၈ ဦး(အရာထမ်း -၁၇ ဦး၊ အမှုထမ်း-၂၁၁ ဦး)ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားအမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[၆]
အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
[ပြင်ဆင်ရန်]ဆားခါးကျေးရွာအနီး၊ မြင်းခြံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိဝန်ထမ်းအင်အား ၆၆၄ ဦး (အရာထမ်း-၃၀ဦး ၊ အမှုထမ်း-၆၃၄ဦး)ဖြင့် သံမဏိပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[၇]
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)
[ပြင်ဆင်ရန်]ပင်ငိုကျေးရွာအနီး၊ ပင်းပက်ဒေသ၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ၂၀ဝ၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိဝန်ထမ်းအင်အား ၂၇၂ ဦး (အရာထမ်း ၁၀ ဦး၊ အမှုထမ်း - ၂၆၂ ဦး)ဖြင့် တနှစ်လျှင် သံစိမ်း ၂၀၀၀၀၀ တန်နှင့် သံသတ္တုရိုင်း ၇၂၀၀၀၀ တန်တို့ကို ထုတ်လုပ်ပေးနေသည်။ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း။ 18 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။
- ↑ အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်)။[လင့်ခ်သေ]
- ↑ အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)။[လင့်ခ်သေ]
- ↑ အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး)။[လင့်ခ်သေ]
- ↑ အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)။[လင့်ခ်သေ]
- ↑ အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)။[လင့်ခ်သေ]
- ↑ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)။ 18 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။
- ↑ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)။[လင့်ခ်သေ]