မာတိကာသို့ ခုန်သွားရန်

ဌာနလက်ကိုင်မရှိဝန်ကြီး

ဝီကီပီးဒီးယား မှ

ဌာနလက်ကိုင်မရှိဝန်ကြီး (အင်္ဂလိပ်: Minister without portfolio) ဆိုသည်မှာ အစိုးရဝန်ကြီးရာထူးကို ရရှိသော်လည်း ဦးဆောင်ရန်ဌာနမရှိသောဝန်ကြီးဖြစ်သည်။[၁] ထိုဝန်ကြီးများသည် ဝန်ကြီးဌာနမရှိသော်လည်း ဝန်ကြီးလစာကိုရရှိနိုင်ပြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များတွင် မဲပေးပိုင်ခွင့်ရှိသည်။ ဌာနလက်ကိုင်မရှိဝန်ကြီး၏ အခန်းကဏ္ဍသည် နိုင်ငံအလိုက် ကွဲပြားနိုင်သည်။

ဂျာမနီ

[ပြင်ဆင်ရန်]

အစိုးရအဖွဲ့တွင် "အထူးကိစ္စဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး" ဟူ၍ရှိပြီး တစ်ခါတစ်ရံတွင် အဓိပတိရုံး၏အကြီးအကဲရာထူးတွင် အဆိုပါဝန်ကြီးကို ခန့်အပ်တတ်သည်။

စင်္ကာပူ

[ပြင်ဆင်ရန်]

ယခင်က ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခံရသောသူကို ဌာနလက်ကိုင်မရှိဝန်ကြီးဟူ၍ ခေါ်ဆိုကြသည်။

ထိုင်ဝမ်

[ပြင်ဆင်ရန်]

တရုတ်သမ္မတနိုင်ငံအမှုဆောင်ယွမ်ဖွဲ့စည်းမှုတွင် ဌာနလက်ကိုင်မရှိဝန်ကြီးများ ပါဝင်ကြသည်။

အစ္စရေး

[ပြင်ဆင်ရန်]

ညွန့်ပေါင်းအစိုးရအတွင်း သဘောတူညီမှုရရှိနိုင်ရန်နှင့် ညွန့်ပေါင်းပါတီငယ်များလည်း ရာထူးရရှိနိုင်သောကြောင့် ဌာနလက်ကိုင်မရှိဝန်ကြီးများကို ခန့်အပ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်း အစိုးရအဖွဲ့များတွင် ယင်းကဲ့သို့ ခန့်အပ်မှုများရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]