အသုံးပြုသူ:Soee Linn Hteik
| မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
|---|---|
| ကော်မတီ အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၅ ဖေဖော်ဝါရီ ၂၀၂၁ |
| ယခင်အဖွဲ့အစည်း | ပြည်ထောင်စုလွှတ်တော် |
| ဝက်ဘ်ဆိုက် | crphmyanmar.org |
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အင်္ဂလိပ်: Committee Representing Pyidaungsu Hluttaw, CRPH) သည် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ဥပဒေပြုအဖွဲ့ဖြစ်သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်သော ကော်မတီတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။[၁]
၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇူးမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃][၄]
ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး[၅][၆] တပ်မတော်အစိုးရ သည် တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။[၅] ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။[၅]
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[၆] ထိုနေ့မှာပင် ဆန္ဒပြမှုများအား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[၇]
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[၈]
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူး | ရွေးချယ်ခံရသည့်နယ်မြေ | နိုင်ငံရေးပါတီ |
| ၁ | ဒေါ်ဖြူဖြူသင်း | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) |
| ၂ | ဦးရည်မွန် (ခ) ဦးတင်သစ် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ပုဗ္ဗသီရိမဲဆန္ဒနယ် | |
| ၃ | ဦးထွန်းမြင့် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ဗဟန်းမဲဆန္ဒနယ် | |
| ၄ | ဦးနိုင်ထူးအောင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | နွားထိုးကြီးမဲဆန္ဒနယ် | |
| ၅ | ဒေါက်တာဝေဖြိုးအောင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | သာကေတမဲဆန္ဒနယ် | |
| ၆ | ဒေါ်ဇင်မာအောင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ရန်ကင်းမဲဆန္ဒနယ် | |
| ၇ | ဦးလွင်ကိုလတ် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | သန်လျင်မဲဆန္ဒနယ် | |
| ၈ | ဦးဥက္ကာမင်း | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | မြိတ်မဲဆန္ဒနယ် | |
| ၉ | ဦးဝင်းနိုင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | မိုးကောင်းမဲဆန္ဒနယ် | |
| ၁၀ | ဦးနေမျိုး | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ညောင်ရွှေမဲဆန္ဒနယ် | |
| ၁၁ | ဦးဇော်မင်းသိန်း | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | လေးမျက်နှာမဲဆန္ဒနယ် | |
| ၁၂ | ဦးမျိုးနိုင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ချမ်းအေးသာဇံမြို့နယ် | |
| ၁၃ | ဦးဇေလတ် | အမှတ် - ၇၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ပဲခူးတိုင်းဒေသကြီး | |
| ၁၄ | ဒေါ်မြတ်သီတာထွန်း | အမှတ် - ၈၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | မွန်ပြည်နယ် | |
| ၁၅ | စောယှားဖောင်အွာ | အမှတ် - ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ကရင်ပြည်နယ် | |
| ၁၆ | ဦးရောဘတ်ညေးရယ် | အမှတ် - ၁၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ကယားပြည်နယ် | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) |
| ၁၇ | ဦးလမင်းထွန်း (ခ) အဖြိုး | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | နမ့်ဆန်မဲဆန္ဒနယ် | တအောင်း (ပလောင်) အမျိုးသားပါတီ (TNP) |
| ၁၈ | ဦးလမာနော်အောင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | အင်ဂျန်းယန်မဲဆန္ဒနယ် | ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) |
| ၁၉ | ဦးစည်သူမောင် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ပန်းပဲတန်းမဲဆန္ဒနယ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) |
| ၂၀ | ဦးအောင်ကြည်ညွန့် | အမှတ် - ၆၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | မကွေးတိုင်းဒေသကြီး |
ခေတ္တပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မတ်လ ၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကိုထုတ်ပြန်၍ တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေမရှိသော ဝန်ကြီးများနေရာတွင် ကိုယ်စားဆောင်ရွက်ရန် ယာယီပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။[၉]
| စဉ် | အမည် | ဝန်ကြီးဌာန | တာဝန်ထမ်းဆောင်ခြင်း | ||
|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | ရက်ပေါင်း | |||
| ၁ | ဒေါ်ဇင်မာအောင် | နိုင်ငံခြားရေးဝန်ကြီးဌာန | ၂ မတ် ၂၀၂၁ | လက်ရှိ | ၁၉၅၆ |
| ၂ | ဦးလွင်ကိုလတ် | သမ္မတရုံးဝန်ကြီးဌာန | ၂ မတ် ၂၀၂၁ | လက်ရှိ | ၁၉၅၆ |
| ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |||||
| ၃ | ဦးတင်ထွန်းနိုင် | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန | ၂ မတ် ၂၀၂၁ | လက်ရှိ | ၁၉၅၆ |
| ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန | |||||
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | |||||
| ၄ | ဒေါက်တာဇော်ဝေစိုး | အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန | ၂ မတ် ၂၀၂၁ | လက်ရှိ | ၁၉၅၆ |
| ပညာရေးဝန်ကြီးဌာန | |||||
| ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန | |||||
| ၅ | ဒေါက်တာဝင်းမြတ်အေး | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန | ၂၃ မတ် ၂၀၂၁ | လက်ရှိ | ၁၉၃၅ |
လုပ်ဆောင်ချက်များ
[ပြင်ဆင်ရန်]မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဖျက်စီးမှုကြောင့် မတ်လ ၂၇ ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား သိန်း ၇၀ ထောက်ပံ့ပေးခဲ့သည်။[၁၀]
မတ်လ ၃၁ ရက်နေ့တွင် ကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖြတ်သိမ်းကြောင်းကြေညာခဲ့ပြီး[၁၁] ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။[၁၂]
မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။[၁၃] ထိုကြေညာချက်ကို ပြည်သူ့အသံ ရုပ်သံလိုင်း၏ ဖေ့စဘွတ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပြီး ၎င်းရုပ်သံလိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းခဲ့သည်။[၁၄] ကြေညာချက်အရ မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
မတရားအသင်းအဖြစ် ကြေညာခံရခြင်း
[ပြင်ဆင်ရန်]မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပါယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။[၁၅]
အခြားဖတ်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။
- ↑ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း၊ သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာကိုကြေညာ။ 2021-02-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-05 တွင် ပြန်စစ်ပြီး။
- ↑ NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်း။ 2021-02-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-06 တွင် ပြန်စစ်ပြီး။
- 1 2 ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်။ 2021-02-06 တွင် ပြန်စစ်ပြီး။
- 1 2 3 Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (in en-US) (2021-02-08)။ 2021-02-08 တွင် ပြန်စစ်ပြီး။
- 1 2 "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ။
- ↑ ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန် (in my)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2021 တွင် ပြန်စစ်ပြီး။
- ↑ သတင်းထုတ်ပြန်ချက် အမှတ်( ၂ ) (in my) (2021-02-10)။
- ↑ "CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို"။
- ↑ စစ်ကောင်စီ၏ လက်ချက်ကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား CRPH မှ သိန်း ၇၀ ထောက်ပံ့
- ↑ CRPH မှ ၂၀၀၈ ခြေဥဖျက်သိမ်း
- ↑ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
- ↑ ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်။ PVTV။
- ↑ CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ Soee Linn Hteik- ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုရေးကော်မတီ ဝက်ဆိုက်စာမျက်နှာ
| အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ National Unity Government | |
|---|---|
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
| လက်ရှိ | |
အစိုးရအဖွဲ့ခေါင်းဆောင်များ | |
| ဖွဲ့စည်းရက်စွဲ | ၁၆ ဧပြီ ၂၀၂၁ |
| လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
| နိုင်ငံတော်အကြီးအကဲ | ဝင်းမြင့်၊ ဒူဝါလရှီးလ, နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ |
| ကိုယ်စားပြု | ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ |
| အစိုးရခေါင်းဆောင် | အောင်ဆန်းစုကြည်, နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် |
| ဒုတိယ ခေါင်းဆောင် | မန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ် |
| အဖွဲ့ဝင် ဦးရေ | ၂၈ ဦး |
| အဖွဲ့ဝင် ပါတီ |
|
| အတိုက်အခံ အစိုးရ | တပ်မတော်အစိုးရ (၂၀၂၁) |
| အတိုက်အခံ ပါတီ | တပ်မတော် |
| အတိုက်အခံ ခေါင်းဆောင် | မင်းအောင်လှိုင် |
| သမိုင်း | |
| ပြီးခဲ့သော ရွေးကောက်ပွဲ | ၂၀၂၀ ရွေးကောက်ပွဲ |
| ယခင် | |
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်သည်။[၁][၂][၃][၄]
အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ NUG ကို တရားမဝင်ကြောင်း ကြေညာသည်။[၅]
နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[၆] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[၇] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[၈] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[၉]
အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။[၁၂]
အစိုးရအဖွဲ့
[ပြင်ဆင်ရန်]ခေါင်းဆောင်များ
[ပြင်ဆင်ရန်]| အမည် | ရာထူး |
|---|---|
| ဦးဝင်းမြင့် | သမ္မတ |
| ဒေါ်အောင်ဆန်းစုကြည် | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် |
| ဒူဝါလရှီးလ | ဒုတိယသမ္မတ |
| မန်းဝင်းခိုင်သန်း | ပြည်ထောင်စု ဝန်ကြီးချုပ် |
ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| စဥ် | ဝန်ကြီးဌာန | အမည် | သက်တမ်း | ||
|---|---|---|---|---|---|
| စတင် | ကုန်ဆုံး | သက်တမ်း | |||
| ၁ | နိုင်ငံခြားရေးဝန်ကြီးဌာန | ဒေါ်ဇင်မာအောင် | ၁၆ ဧပြီ ၂၀၂၁ | လက်ရှိ | ၁၉၁၁ |
| ၂ | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန | ဦးလွင်ကိုလတ် | |||
| ၃ | ကာကွယ်ရေးဝန်ကြီးဌာန | ဦးရည်မွန် | |||
| ၄ | ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန | ဒေါက်တာလျန်မှုန်းဆာခေါင်း | |||
| ၅ | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန | ဦးတင်ထွန်းနိုင် | |||
| ၆ | လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန | ဒေါက်တာဝင်းမြတ်အေး | |||
| ၇ | အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန | ဒေါက်တာဆာဆာ | |||
| ၈ | ပညာရေးဝန်ကြီးဌာန | ဒေါက်တာဇော်ဝေစိုး | |||
| ၉ | ကျန်းမာရေးဝန်ကြီးဌာန | ||||
| ၁၀ | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန | ဒေါက်တာတူးခေါင် | |||
| ၁၁ | အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန | နော်ဆူဇန်နာလှလှစိုး | |||
| ၁၂ | အလုပ်သမား ဝန်ကြီးဌာန | နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ | |||
| ၁၃ | တရားရေး ဝန်ကြီးဌာန | ဦးသိန်းဦး | |||
| ၁၄ | ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန | ဦးထင်လင်းအောင် | |||
| ၁၅ | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | ဦးစိုးသူရထွန်း | |||
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | အမည် | ဝန်ကြီးဌာန |
|---|---|---|
| ၁ | ဦးမိုးဇော်ဦး | နိုင်ငံခြားရေး ဝန်ကြီးဌာန |
| ၂ | ခူးထဲဘူး | ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန |
| ၃ | ဒေါ်ခင်မမမျိုး | ကာကွယ်ရေးဝန်ကြီးဌာန |
| ၄ | နိုင်ကောင်းရွက် | |
| ၅ | ဦးချစ်ထွန်း | ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန |
| ၆ | မိုင်းဝင်းထူး | |
| ၇ | မင်းဇေယျာဦး | စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန |
| ၈ | နော်ထူးဖော | လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန |
| ၉ | ဂျာထွယ်ပန် | ပညာရေးဝန်ကြီးဌာန |
| ၁၀ | ဒေါက်တာရွှေပုံ | ကျန်းမာရေးဝန်ကြီးဌာန |
| ၁၁ | ခွန်းဘီထူး | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
| ၁၂ | ဒေါ်အိသဉ္ဇာမောင် | အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန |
| ၁၃ | ဦးကျော်နီ(ခ) ဦးကျော်ကျော် | အလုပ်သမား ဝန်ကြီးဌာန |
| ၁၄ | တရားရေးဝန်ကြီးဌာန | |
| ၁၅ | ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန | |
| ၁၆ | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
အခြားဖတ်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
- ↑ Opponents of Myanmar's junta set up national unity government (2021-04-16)။ 2021-04-16 တွင် ပြန်စစ်ပြီး။
- ↑ Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar: National unity government must be recognised (in en)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။ 2021-04-22 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်။ PVTV။
- ↑ Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။
- ↑ "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]| People's Defense Force | |
|---|---|
| ပြည်သူ့ကာကွယ်ရေးတပ်မတော် | |
ပြည်သူ့ကာကွယ်ရေးတပ်၏အလံ (ဂျပန်ခေတ်တော်လှန်ရေးအလံနှင့်ဆင်တူသည်) | |
| တည်ထောင်သူ | အမျိုးသားညီညွတ်ရေးအစိုးရမြန်မာနိုင်ငံ၏တရားဝင်ပြည်သူ့အစိုးရ |
| ခေါင်းဆောင် | မန်းဝင်းခိုင်သန်း(ပြည်ထောင်စုဝန်ကြီးချုပ်) [စစ်သေနာပတိ] |
| လှုပ်ရှားနယ်မြေ | |
| နိုင်ငံရေးအယူဝါဒ | စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိနိုင်ရေး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင်ပူးပေါင်းပါဝင်ရေး |
| မဟာမိတ် |
|
| ပြိုင်ဘက်များ | |
| အလံ | MM |
ပြည်သူ့ကာကွယ်ရေးတပ်မတော် (အင်္ဂလိပ်: People's Defense Force (PDF)) သည် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၁ မေလ ၅ ရက်တွင် ဖွဲ့စည်းလိုက်သော တရားဝင်ပြည်သူ့တပ်မတော်ဖြစ်သည်။[၂]
ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရာတွင် အဓိက ကျသော အင်အားစုတစ်ခုအဖြစ်ပူးပေါင်းပါဝင်ရန်ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကို ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ၌ တရားဝင် ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်၏ အမိန့်ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။[၃]
ယင်းထုတ်ပြန်ချက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို ရယူကာ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများကိုလည်း အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု ဆိုကာ ဖွဲ့စည်းရခြင်း၏ အခြားအကြောင်းအရင်းများကိုလည်း ဖော်ပြထားသည်။
သို့သော် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုမည်သည့်ဒေသတွင် အခြေစိုက်မည်ဆိုသည့်အချက်များကိုမူ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။[၄]
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသူလူငယ်များ ပါဝင်မည်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့်လည်း မဟာမိတ်ဖွဲ့ပြီး ပြည်သူကို ကာကွယ်စောင့်ရှောက်သွားရန် ရည်ရွယ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန် ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။[၄] ဖက်ဒရယ်တပ်မတော်တစ်ခုကို လျှင်မြန်စွာ တည်ထောင်ရန်အတွက် ခက်ခဲသောကြောင့် ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကျွမ်းကျင်ပြောင်မြောက်သော တပ်မတော်(professional) အဖြစ် ဖွဲ့စည်းမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။[၅]
အာဏာသိမ်းယူပြီးနောက် လအနည်းငယ်အကြာတွင် မြန်မာနိုင်ငံတဝှမ်း မြို့နယ်အချို့တွင် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြသည်။[၆]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ပြည်သူ့ကာကွယ်ရေး တပ်မတော်၏စစ်ဦးစီးချုပ်နှင့်ဒုတိယစစ်ဦးစီးချုပ်ကို ကာကွယ်ရေးဝန်ကြီးက လွှတ်တော်သို့ အဆိုတင်သွင်းပြီး စစ်သေနာပတိ(ပြည်ထောင်စုဝန်ကြီးချုပ်) ကခန့်အပ်သည်။ စစ်ဦးစီးချုပ်မှ အဆိုတင်သွင်းသောစစ်တိုင်းမှူး၊ တပ်မမှူး(ဗိုလ်မှူးချုပ်)၊ တပ်မဟာမှူးတို့ကို ကာကွယ်ရေးဝန်ကြီးက ခန့်အပ်ပေးရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တို့ဖြင့် ဖွဲ့စည်းထားသည်။ တိုင်းစစ်ဌာချုပ် (Division) တစ်ခုတွင် တပ်မဟာ (Brigades) သုံးခုအနည်းဆုံး ဖွဲ့စည်းပါဝင်ပြီး ဗိုလ်ချုပ်အဆင့်အရာရှိက တိုင်းမှူးအဖြစ် ကွပ်ကဲသည်။ တပ်မဟာတစ်ခုတွင် ခြေလျင်တပ်ရင်း (Battalions) သုံးရင်း၊ အမြောက်တပ်ရင်းတစ်ရင်းနှင့် အထူးကွန်မန်ဒိုတပ်ရင်းတစ်ရင်းတို့ ပါဝင်ကာ ဗိုလ်မှူးကြီးအဆင့် အရာရှိက တပ်မဟာမှူးအဖြစ် တာဝန်ယူကွပ်ကဲသည်။ တပ်ရင်းတစ်ခုတွင် တပ်ခွဲ (Company) လေးခွဲပါဝင်ပြီး ဒုဗိုလ်မှူးကြီးအဆင့် အရာရှိက တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးအဆင့် အရာရှိက ဒုတပ်ရင်းမှူးအဖြစ်လည်းကောင်း တာဝန်ယူသည်။ တပ်ခွဲတစ်ခွဲတွင် တပ်စု (Platoon) သုံးခုဖြင့် ဖွဲ့စည်းကာ ဗိုလ်ကြီးအဆင့် အရာရှိက တပ်ခွဲမှူးအဖြစ် ကွပ်ကဲသည်။ တပ်စုတစ်စုတွင် တပ်စိတ် (Squad) သုံးခုဖြင့် ဖွဲ့စည်းကာ ဗိုလ်အဆင့် အရာရှိက တပ်စုမှူးအဖြစ် ကွပ်ကဲသည်။ တပ်စိတ်တစ်စိတ်တွင် အင်အား ၁၀ ဦးပါဝင်ကာ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သား ရှစ်ဦးဖြစ်ပြီး တပ်ကြပ်သည် တပ်စိတ်မှူးအဖြစ် တာဝန်ယူကွပ်ကဲသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF) (29 မေ 2021)။ ၃၀ မေ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းကြေညာ။ ၅ မေ ၂၀၂၁
- ↑ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်းထုတ်ပြန်။ 5 မေ 2021
- 1 2 "ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်ကြေညာ"၊ Myanmar Now၊ ၅ မေ ၂၀၂၁။
- ↑ "ပြည်သူ့ကာကွယ်ရေး တပ်မတော် အမြန် ဖွဲ့စည်းမည်"၊ The Irrawaddy News၊ ၁၆ ဧပြီ ၂၀၂၁။
- ↑ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုနေရာအနှံ့တွင်ဖွဲ့စည်းနေ။ ၇ မေ ၂၀၂၁။