မိုးဇော်ဦး

ဝီကီပီးဒီးယား မှ
(မိုး​ဇော်ဦး မှ ပြန်ညွှန်းထားသည်)
ဦးမိုးဇော်ဦး
ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၄-16)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၉ (အသက် ၅၄–၅၅)
ရန်ကုန်မြို့
လူမျိုးမြန်မာနိုင်ငံသား
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ချူလာလောင်ကွန်းတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
ဝက်ဘ်ဆိုဒ်mofa.nugmyanmar.org

ဦးမိုးဇော်ဦးသည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ ၂၀၂၁ခုနှစ် ဧပြီလ ၁၆ရက်မှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ တက်ရောက်နေစဉ် ၈၈၈၈ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ပြီး၊ စက်တင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၀ ပြည့်နှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ အရှေ့တောင်အာရှဆိုင်ရာ လေ့လာမှုပညာ မဟာဘွဲ့ရရှိခဲ့သည်။[၁]

နိုင်ငံရေးဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး၊ NLD ဥက္ကဋ္ဌရုံးတွင် လက်ထောက် ရုံးအဖွဲ့မှူးအဖြစ် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ဖေဖော်ဝါရီတွင် ရုံးအဖွဲ့မှူး ဖြစ်လာခဲ့သည်။[၂]

၂၀၁၇ ခုနှစ်တွင် လန်ဒန်မြို့ တော်ဝင်ကာကွယ်ရေးပညာကောလိပ်မှ နိုင်ငံတကာ မဟာဗျူဟာ လေ့လာမှုပညာ ဘွဲ့လွန်သင်တန်း ပြီးမြောက်ခဲ့သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်၏ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။[၃][၄]

၂၀၂၁ ခုနှစ် ဧပြီလ ၁၆တွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခဲ့သည်။[၅][၆]

ကိုးကား[ပြင်ဆင်ရန်]