အိသဉ္ဇာမောင်
အိသဉ္ဇာမောင် | |
---|---|
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုတိယ ဝန်ကြီး (အမျိုးသားညီညွတ်ရေးအစိုးရ) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၆ ဧပြီ ၂၀၂၁ | |
သမ္မတ | ဦးဝင်းမြင့် |
ဝန်ကြီး | နော်ဆူဇန်နာလှလှစိုး |
ဒုတိယ သမ္မတ | ဒူဝါလရှီးလ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | စက်တင်ဘာ ၁၁၊ ၁၉၉၄ |
နိုင်ငံရေးပါတီ | လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ |
မိဘ | ဦးတိုးတိုးမောင်၊ ဒေါ်ယု |
ပညာရေး | နိုင်ငံခြားဘာသာစကား ဒီပလိုမာဘွဲ့ |
ကျော်ကြားမှု | နိုင်ငံရေးတက်ကြွလှုပ်ရှားသူ |
ဆုတံဆိပ်များ | International Women of Courage Award (၂၀၂၂) |
အိသဉ္ဇာမောင် (၁၁ စက်တင်ဘာ ၁၉၉၄ မွေးဖွား) သည် မြန်မာ အမျိုးသမီး နိုင်ငံရေးသမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ[၁]နှင့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက် ဖြစ်သည်။ သူမသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]အိသဉ္ဇာမောင်ကို ဦးတိုးတိုးမောင်နှင့် ဒေါ်ယုတို့မှ ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၂] သူမသည် မန္တလေးတက္ကသိုလ်မှ နိုင်ငံခြားဘာသာစကား ဒီပလိုမာဘွဲ့ကို ရရှိထားသည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၌ ၂၀၁၄ မြန်မာနိုင်ငံ ပညာရေးဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့စဉ် ရဲတပ်ဖွဲ့မှ ဖြိုခွဲဖမ်းဆီးခြင်းခံခဲ့ပြီး ထိုနေ့တွင်ပင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ မတ်လ ၁၀ နေ့တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် အရေးယူခံခဲ့ရကာ သာယာဝတီအကျဉ်းထောင်တွင် ကျခံခဲ့ရသည်။[၂]
သူမသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။[၃] ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[၄][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Election 2020 | Rival Candidates Spell Out Goals, Dreams as Myanmar Election Nears (2 အောက်တိုဘာ 2020)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Political Prisoner Profile - Ei Thinzar Maung (PDF)။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း။ ဩဂုတ် ၂၀၁၅။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည် (5 ဖေဖော်ဝါရီ 2021)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အင်တာဗျူး | လွှတ်တော်ထဲ မရောက်ပေမယ့် ပြင်ပကနေ ပံ့ပိုးတဲ့ အလုပ်တွေ လုပ်သွားမယ် (9 နိုဝင်ဘာ 2020)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ရွေးကောက်ပွဲ - မဲဆွယ်ကတိကဝတ်တွေကို အခုအထိ လွှတ်မချသေးဘူး - BBC News မြန်မာ (in en)။ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ အိသဉ္ဇာမောင်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |