မာတိကာသို့ ခုန်သွားရန်

ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ

ဝီကီပီးဒီးယား မှ
(ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ ပြန်ညွှန်းထားသည်)
ကရင်နီပြည်နယ် ဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Karenni State Democratic Party
ဥက္ကဋ္ဌခူးသဲရယ်
အတွင်းရေးမှူးအန်တောညို
တည်ထောင်ခြင်း၈ စက်တင်ဘာ ၂၀၁၇ (၂၀၁၇-၀၉-၀၈)
ဌာနချုပ်လွိုင်ကော်မြို့ကယားပြည်နယ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၃ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၂ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၃ / ၂၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Karenni State Democratic Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကယားလူမျိုးစုဒီမိုကရေစီပါတီ နှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့ ပူးပေါင်းထားသော ပါတီဖြစ်သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် အဆိုပါနိုင်ငံရေးပါတီ ၂ခုက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[] [] ၂၀၂၃ ဇွန်လ ၂ ရက်နေ့တွင် "ကယား" အစား "ကရင်နီ" ဟူ၍‌ ပါတီအမည်ပြောင်းလဲခဲ့သည်။[]

ရွေးကောက်ပွဲအနိုင်ရခြင်း

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်အတွင်း ယင်းပါတီက နေရာ(၃၀)တွင် ဝင်ပြိုင်ခဲ့သည်။[] အမျိုးသားလွှတ်တော်သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်သုံးနေရာအနိုင်ရသည်။[]

ထူးခြားဖြစ်စဉ်များ

[ပြင်ဆင်ရန်]
  • ၆ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင်  ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ သမ္မတဦးသိန်းစိန်လက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး အား ပါတီကိုယ်စားပြုကာ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာမှနေ၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းစာရှင်းလင်းပွဲထဲ ထည့်သွင်းပြောဆိုခြင်း။ []
  • ၁၄ ဩဂုတ် ၂၀၂၀ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့ တွေ့ဆုံပွဲ သို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ် တက်ရောက်ခဲ့။[]
  • ၁၂ ဇန်နဝါရီ ၂၀၂၁ - အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အပြီး NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ အကြား တွေ့ဆုံမည့်ကိစ္စ နေရာညှိနှိုင်းမရ၍ဆိုကာ တွေ့ဆုံပွဲပျက်ခဲ့ခြင်း။[] []
  • ၄ ဖေဖော်ဝါရီ ၂၀၂၁ - ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒု-ဥက္ကဋ္ဌ (၁)  စောဒန်နီယယ် နစက အဖွဲ့ဝင်အဖြစ် ၎င်း၏သဘောဆန္ဒအရ ပါဝင်သွား၍ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း။ [၁၀]
  • ၉ ဖေဖော်ဝါရီ ၂၀၂၁ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကယားပြည်နယ်) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်း၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ လူထုနှင့်အတူ ရပ်တည်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်။[၁၁]
  • ၂၇ မတ် ၂၀၂၂ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးခြင်းကိုခံယူ။[၁၂]
  • ၂၈ မတ် ၂၀၂၃ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်၍ ပါတီဖျက်သိမ်းခံရသည့်စာရင်းထဲ ထည့်သွင်းဖော်ပြခံရ။[၁၃] [၁၄]
  • မေ ၂၀၂၃ - ပါတီ ပထမအကြိမ်ညီလာခံကျင်းပ။
  • ၂ ဇွန် ၂၀၂၃ -ပါတီအမည်ပြောင်းခြင်းနှင့် ပါတီဦးဆောင်သူများ အပြောင်းအလဲပြုလုပ်။[၁၅]



ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီUEC Myanmar။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီအဖြစ် အမည်ပြောင်းလဲဖယ်ဒရယ်ဂျာနယ် မြန်မာ (2 June 2023)။
  4. နိုင်ငံရေးပါတီများ မျက်စိကျရာ ကယားပြည်နယ်Myanmar Now (၂၈ စက်တင်ဘာ ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ကိုယ်စားပြု အနိုင်ရကိုယ်စားလှယ်များနှင့် ပါတီအကြား ရိုးရာအရ ကြက်ရိုးထိုး၍ ကတိကဝတ်စာချုပ်ချုပ်ဆိုEleven Media Group (၂၁ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည်DVB Burmese (၆ ဩဂုတ် ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လာရောက်မိတ်ဆက်တွေ့ဆုံseniorgeneralminaunghlaing (၁၄ ဩဂုတ် ၂၀၂၀)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. အန်အယ်လ်ဒီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံပွဲပျက်DVB Burmese (၁၂ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. NLD နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံမည့်နေရာညှိနှိုင်းမရသဖြင့် တွေ့ဆုံပွဲပျက်Eleven Media Group (၁၂ ဇန်နဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ဦးစောဒယ်နီယယ်ကို KySDP ပါတီက ထုတ်ပယ်DVB Burmese (၅ ဖေဖော်ဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ကယားပြည်နယ်မှ NLDပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အနိုင်ရကိုယ်စားလှယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်နေသောလူထုနှင့်ရပ်တည်ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်Tachileik News Agency (၁၀ ဖေဖော်ဝါရီ ၂၀၂၁)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီအား ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့်အညီ စစ်ဆေးMWD Webportal (၃၁ မေ ၂၀၂၂)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ဖျက်သိမ်းလိုက်ကြောင်း UEC ထုတ်ပြန်Eleven Media Group (၂၉ မတ် ၂၀၂၃)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းBBC Burmese (၂၈ မတ် ၂၀၂၃)။ ၃ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. စစ်ကောင်စီထံ မှတ်ပုံတင်မထားတဲ့ ကယားနိုင်ငံရေးပါတီ ပါတီအမည်နဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲလုပ်Delta News Agency (၂ ဇွန် ၂၀၂၃)။ ၃ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။