စစ်ရာဇဝတ်မှု

ဝီကီပီးဒီးယား မှ

စစ်ရာဇဝတ်မှု (အင်္ဂလိပ်: war crimes) သည် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ရောမ ဥပဒေအရ စစ်ပွဲအတွင်း လူများကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ စစ်ရေးအရ လိုအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ် မရှိသော၊ စစ်ရေးစစ်ရာ အနေနှင့် တိုက်ခိုက် သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့် နည်းနှင့်မဆို တိုက်ခိုက်ခြင်း စသည်တို့ကို ကျူးလွန်ခြင်း။ အသက် ၁၅ နှစ်အောက် မပြည့်သေးသော ကလေး သူငယ်များကို နိုင်ငံတော်၏ လက်နက်ကိုင် စစ်တပ် အတွင်း အတင်းအကြပ် စစ်မှုထမ်းစေခြင်း တို့သည်လည်း ပြစ်မှုမြောက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]