မာတိကာသို့ ခုန်သွားရန်

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
အမှတ်တံဆိပ်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
တင်မောင်ဆွေ

၁၀ ဧပြီ ၂၀၂၆ မှစ၍
နိုင်ငံခြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်ပြည်ထောင်စုအစိုးရအဖွဲ့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစီရင်ခံရသူသမ္မတ
ရုံးတည်နေရာရုံးအမှတ် (၉)၊ နေပြည်တော်
ခန့်အပ်သူသမ္မတ
(ပြည်ထောင်စု လွှတ်တော်၏ သ​ဘောတူညီချက်ဖြင့်)
သက်တမ်းပုံမှန် (၅)နှစ်
ဖွဲ့စည်းခြင်းမတ် ၁၇၊ ၁၉၄၇; ၇၉ နှစ် အကြာက (၁၉၄၇-၀၃-17)
ပထမဆုံး ထမ်းဆောင်သူဗိုလ်ချုပ်အောင်ဆန်း
လက်ထောက်နိုင်မင်းကျော်ကိုကိုကျော်
လစာ၃,၀၀၀,၀၀၀[]
ဝက်ဘ်ဆိုဒ်mofa.gov.mm

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများနှင့် သံတမန်ကိစ္စရပ်များကို ကိုင်တွယ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးအမှူး ဝန်ကြီးဖြစ်သည်။ တရားဝင်အားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of Foreign Affairs) ဟုအသုံးပြုသည်။ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း ထိပ်ပိုင်းတွင်တည်ရှိကာ နိုင်ငံရေးအရ အရေးပါသောရာထူးတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးတင်မောင်ဆွေ ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကိုလိုနီခေတ်က တိုင်းပြည်၏ နိုင်ငံခြားရေးရာများကို မြန်မာနိုင်ငံ၏သဘောအလျောက် စီမံခွင့်ရပြီး နိုင်ငံခြားရေးရာဌာန စတင်တည်ထောင်သည့်နေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ ထိုစဉ်ကဌာနအကြီးအကဲ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဟု သတ်မှတ်ထားသည်။[]

လက်ရှိအချိန်အထိ နိုင်ငံခြားရေးဝန်ကြီး (၂၄)ဦးရှိသည်။ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၆ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ပထမဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးများသည် အရပ်သားများသာမက နိုင်ငံရေးအခြေအနေကြောင့် တပ်မတော်သားများကပါ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။[]

ဝန်ကြီးများစာရင်း

[ပြင်ဆင်ရန်]
ဗြိတိသျှဘားမားခေတ်
စဉ် ပုံ အမည် ရာထူး တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် သက်တမ်း
၁။ ဗိုလ်ချုပ် အောင်ဆန်း ဝန်ကြီး ၁၇ မတ် ၁၉၄၇ ၁၉ ဇူလိုင် ၁၉၄၇ ၁၂၄ ရက်
၂။ ဦး နု ဝန်ကြီး ၂၁ ဇူလိုင် ၁၉၄၇ ၁ ဩဂုတ် ၁၉၄၇ ၁၁ ရက်
၃။ ဦးလွန်းဘော် ဝန်ကြီး ၂ ဩဂုတ် ၁၉၄၇ ၃၀ အောက်တိုဘာ ၁၉၄၇ ၈၉ ရက်
၄။ ဦး တင်ထွဋ် ဝန်ကြီး ၃၁ အောက်တိုဘာ ၁၉၄၇ ၁၆ ဩဂုတ် ၁၉၄၈ ၂၉၀ ရက်
ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၄၈–၁၉၇၄)
၅။ ဦး ကျော်ငြိမ်း ဝန်ကြီး ၁၄ စက်တင်ဘာ ၁၉၄၈ ၃၁ မတ် ၁၉၄၉ ၁၉၈ ရက်
၆။ ဦးနု ဝန်ကြီး ၁ ဧပြီ ၁၉၄၉ ၄ ဧပြီ ၁၉၄၉  ရက်
၇။ ဦးအေးမောင် ဝန်ကြီး ၅ ဧပြီ ၁၉၄၉ ၂၀ ဒီဇင်ဘာ ၁၉၄၉ ၂၅၉ ရက်
၈။ စဝ်ခွန်ချို ဝန်ကြီး ၂၀ ဒီဇင်ဘာ ၁၉၄၉ ၂၈ ဒီဇင်ဘာ ၁၉၅၈  နှစ်၊  ရက်
၉။ ဦး သိမ်းမောင် ဝန်ကြီး ၂၉ ဒီဇင်ဘာ ၁၉၅၈ ၁၃ ဖေဖော်ဝါရီ ၁၉၅၉ ၄၆ ရက်
၁၀။ ဦး ချန်ထွန်းအောင် ဝန်ကြီး ၂၇ ဖေဖော်ဝါရီ ၁၉၅၉ ၃ ဧပြီ ၁၉၆၀  နှစ်၊ ၃၆ ရက်
၁၁။ စဝ်ခွန်ချို ဝန်ကြီး ၄ ဧပြီ ၁၉၆၀ ၁ မတ် ၁၉၆၂  နှစ်၊ ၃၃၁ ရက်
၁၂။ ဦးသီဟန် ဝန်ကြီး ၂ မတ် ၁၉၆၂ ၁၈ ဇွန် ၁၉၆၉  နှစ်၊ ၁၀၈ ရက်
၁၃။ ဒေါက်တာလှဟန် ဝန်ကြီး ၄ ဩဂုတ် ၁၉၇၀ ၂၀ ဧပြီ ၁၉၇၂  နှစ်၊ ၂၆၀ ရက်
၁၄။ ဦးကျော်စိုး ဝန်ကြီး ၂၀ ဧပြီ ၁၉၇၂ ၁ မတ် ၁၉၇၄  နှစ်၊ ၃၁၅ ရက်
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၄–၁၉၈၈)
၁၅။ ဦးလှဘုန်း ဝန်ကြီး ၂ မတ် ၁၉၇၄ ၃ မတ် ၁၉၇၈  နှစ်၊  ရက်
၁၆။ ဦးမြင့်မောင် ဝန်ကြီး ၃ မတ် ၁၉၇၈ ၁၈ မတ် ၁၉၈၀  နှစ်၊ ၁၅ ရက်
၁၇။ ဦးလေးမောင် ဝန်ကြီး ၁၉ မတ် ၁၉၈၀ ၉ နိုဝင်ဘာ ၁၉၈၁  နှစ်၊ ၂၃၅ ရက်
၁၈။ ဦးချစ်လှိုင် ဝန်ကြီး ၉ နိုဝင်ဘာ ၁၉၈၁ ၄ နိုဝင်ဘာ ၁၉၈၅  နှစ်၊ ၃၆၀ ရက်
၁၉။ ဦးရဲဂေါင် ဝန်ကြီး ၄ နိုဝင်ဘာ ၁၉၈၅ ၁၈ စက်တင်ဘာ ၁၉၈၈  နှစ်၊ ၃၁၉ ရက်
ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၈၈–၂၀၁၁)
၂၀။ ဗိုလ်ချုပ်မှူးကြီး စောမောင် ဝန်ကြီး ၂၀ စက်တင်ဘာ ၁၉၈၈ ၁၇ စက်တင်ဘာ ၁၉၉၁  နှစ်၊ ၃၆၂ ရက်
၂၁။ ဦး အုန်းဂျော် ဝန်ကြီး ၁၈ စက်တင်ဘာ ၁၉၉၁ ၁၅ နိုဝင်ဘာ ၁၉၉၈  နှစ်၊ ၅၈ ရက်
၂၂။ ဦး ဝင်းအောင် ဝန်ကြီး ၁၅ နိုဝင်ဘာ ၁၉၉၈ ၁၇ စက်တင်ဘာ ၂၀ Kop၄  နှစ်၊ ၃၀၇ ရက်
၂၃။ ဦး ဉာဏ်ဝင်း ဝန်ကြီး ၁၈ စက်တင်ဘာ ၂၀ Kop၄ ၃၀ မတ် ၂၀၁၁  နှစ်၊ ၁၉၃ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၂၀၁၁–လက်ရှိ)
၂၄။ ဦး ဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက်
၂၅။ ဒေါ် အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီး ၃၀ မတ် ၂၀၁၆ ၁ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက်
၂၆။ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၃  နှစ်၊  ရက်
၂၇။ ဦး သန်းဆွေ ပြည်ထောင်စုဝန်ကြီး ၁ ဖေဖော်ဝါရီ ၂၀၂၃ လက်ရှိ  နှစ်၊ ၆၈ ရက်
၂၈။ ဦးတင်မောင်ဆွေ ပြည်ထောင်စုဝန်ကြီး ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး

[ပြင်ဆင်ရန်]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
လစ်လပ်

၃ ဩဂုတ် ၂၀၂၃ မှစ၍
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အဖွဲ့ဝင်ပြည်ထောင်စုအစိုးရအဖွဲ့
ရုံးတည်နေရာရုံးအမှတ် (၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
သက်တမ်းပုံမှန် (၅)နှစ်
ဖွဲ့စည်းခြင်းနိုဝင်ဘာ ၂၄၊ ၂၀၁၇; ၈ နှစ် အကြာက (၂၀၁၇-၁၁-24)
ပထမဆုံး ထမ်းဆောင်သူဦးကျော်တင်
လစာ၃,၀၀၀,၀၀၀
ဝက်ဘ်ဆိုဒ်mofa.gov.mm

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of International Cooperation) သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးနှင့် သက်ဆိုင်သော ဝန်ကြီး (၂)ဦးမှ တစ်ဦးဖြစ်သည်။၂၀၁၇ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့သည်။၎င်း၏တာဝန်မှာ တချို့သော နိုင်ငံခြားရေးရာကိစ္စများတွင် နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ဝန်ကြီးအဆင့်ဖြင့် တာဝန်ယူနိုင်ရန်ဖြစ်သည်။[]လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးနေရာ လစ်လပ်လျှက်ရှိသည်။

ဝန်ကြီးများစာရင်း

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးကျော်တင် ၂၄ နိုဝင်ဘာ ၂၀၁၇ ၁ ဖေဖော်ဝါရီ ၂၀၂၁  နှစ်၊ ၆၉ ရက်
ဦးကိုကိုလှိုင် ၂ ဖေဖော်ဝါရီ ၂၀၂၁ ၃ ဩဂုတ် ၂၀၂၃  နှစ်၊ ၁၈၂ ရက်

စင်ပြိုင်ဝန်ကြီးများ

[ပြင်ဆင်ရန်]

မြန်မာ့နိုင်ငံရေးတွင် ပြည်ပရောက် စင်ပြိုင်အစိုးရများရှိခဲ့ပြီး ထိုအစိုးရအဖွဲ့များတွင်လည်း နိုင်ငံခြားရေးဝန်ကြီးများရှိခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ

[ပြင်ဆင်ရန်]
  • ဒေါ်ဇင်မာအောင် (၁၆ ဧပြီ၂၀၂၁ - လက်ရှိ)
  • ဒေါက်တာဆာဆာ (၁၆ ဧပြီ ၂၀၂၁ - ၈ ဒီဇင်ဘာ ၂၀၂၅) (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)

ကိုးကား

[ပြင်ဆင်ရန်]