အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန

ဝီကီပီးဒီးယား မှ
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၉)၊ နေပြည်တော်
ဝန်ကြီးများ
ဌာနအကြီးအမှူးများဦးချမ်း​အေး၊ ညွှန်ကြား​ရေးမှူးချုပ်
​ဒေါ်မာလာသန်းထိုက်၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
ဦးဝင်း​ဇေယျာထွန်း၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
ဦးကျော်သူငြိမ်း၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်း
ဝက်ဘ်ဆိုက်mofa.gov.mm

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန (အင်္ဂလိပ်: International Organizations and Economic Department) သည် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာပြီး ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အရေးပါသော ထောက်တိုင်တစ်ခုဖြစ်လာသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ဦးစီးဌာနအား ညွှန်ကြားရေးမှူး ချုပ် (၁) ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးတို့မှ ဦးဆောင်သည်။[၁] အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာန၊ စီးပွားရေးဌာနနှင့် ဒေသခွဲဆိုင်ရာပူးပေါင်းညှိနှိုင်းမှုဌာနတို့ ပါဝင်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့သည်။[၂]

လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာနသည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှု၊ လက်နက်ဖျက်သိမ်းရေးတို့နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂနှင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများဖြင့်လည်းကောင်း ဆောင်ရွက်သည်။

စီးပွားရေးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း ရှာဖွေရေးနှင့် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးနှင့် အခြားဆက်စပ်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေး သည့် လုပ်ငန်းများကို ဆောင်ရွက်သည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊ ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန သည် မဲခေါင်ဒေသ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဒေသများ စသည့် ဒေသတွင်းအဖွဲ့အစည်းများနှင့် သက်ဆိုင်သောကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သည်။

ကိုးကား[ပြင်ဆင်ရန်]