ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
| ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း | |
|---|---|
| လိပ်စာ | |
| မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊ မိတ္ထီလာမြို့, မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ | |
| သတင်းအချက်အလက် | |
| အမျိုးအစား | အများဆိုင် |
| တည်ထောင် | ၁၉၇၂ |
| ကျောင်းအုပ်ကြီး | ဦးတင်ကိုကို |
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (အင်္ဂလိပ်: Central Institute of Transport and Communications)သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန ၊ သယ်ယူပို့ဆောင်ရေး၊ စာတိုက် နှင့် ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ခွဲ၍ ဖွဲ့စည်း ခဲ့သည်။၁၉၆၁ ခုနှစ်တွင် ၎င်းဝန်ကြီးဌာန ( ၂ ) ခုကို သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် ၎င်းဝန်ကြီးဌာနကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟု ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း(၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး ကျောင်းကို ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၊ ဆင်မလိုက်သင်္ဘောကျင်း နေရာ၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၌ “ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း” အမည်ဖြင့် မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ ၊ ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်း များ ၊ အထွေထွေစီမံခန့်ခွဲမှုသင်တန်း နှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများကို လေ့ကျင့် သင်ကြားပေးခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ယခင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ဟူ၍ ဝန်ကြီးဌာန( ၃ ) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် ပါဝင်ခဲ့သည်။ သို့ဖြစ်ပါ၍ ၂၉ . ၁ . ၁၉၉၂ ရက်နေ့မှစ၍ ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများ မပါဝင်တော့ဘဲ မော်တော် ယာဉ်ဆိုင်ရာ ၊ ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်းများ နှင့် အထွေထွေစီမံခန့်ခွဲမှုသင်တန်းများ ကိုသာ ပို့ချခဲ့သည်။ ၂၀၀၆ ခုနှစ် မှစ၍ ဂဟေအခြေခံ နှင့် စက်ဆင်အခြေခံသင်တန်းတို့ကို မြန်မာ့မီးရထား၊ဒီဇယ် စက်ခေါင်းစက်ရုံ (ရွာထောင်)ရှိ Rail Transportations Training Center ( RTTC ) ကျောင်း၌ ပြောင်းရွှေ့တက်ရောက်ခဲ့ကြသည့်အတွက် ကျောင်းတွင် စက်ဆင်အခြေခံ သင်တန်းကို မဖွင့်လှစ်တော့ဘဲ လျှပ်စစ်အခြေခံသင်တန်းတစ်မျိုးတည်းကိုသာ ဖွင့်လှစ်ခဲ့သည်။ ၁၉-၆-၂၀၁၅ ရက်နေ့ ဒုတိယဝန်ကြီး ( ရထား ) ကျောင်းသို့လာရောက်စဉ် ရထားဆိုင်ရာ ဆက်သွယ်ရေးသင်တန်းများ ဖွင့်လှစ်ရန် လမ်းညွှန်မှုပြုခဲ့ပါသဖြင့် ၂၀၁၅-၂၀၁၆ သင်ကြား လေ့ကျင့်ရေးနှစ်တွင် ရထားဆိုင်ရာဆက်သွယ်ရေးသင်တန်း(၃)မျိုးဖွင့်လှစ် ပို့ချပေးနိုင်ခဲ့သည်။ ၃၀. ၃ . ၂၀၁၆ ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ကျောင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်ခံ ဌာန ၊လုပ်ငန်း (၁၈) ခု အနက် (၁) ခုအပါအဝင် ဖြစ်ခဲ့သည်။ လက်ရှိအခြေအနေတွင် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ၊ ကွန်ပျူတာသင်တန်းများ ၊ ရထားဆိုင်ရာသင်တန်းများ ၊ မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ ၊ စက်မှုလက်မှုဆိုင်ရာ သင်တန်းများနှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ကျောင်းအုပ်ကြီး
- ဒုတိယကျောင်းအုပ်ကြီး
- ညွှန်ကြားရေးမှူး (သင်ကြားလေ့ကျင့်ရေး)
- ဒုညွှန်ကြားရေးမှူး (၂ဦး)
- ကထိက (စာပေ)
- ကထိက (ပစ္စည်း)
- ကထိက (မထသ)
- ကထိက (ရထား)
- ကထိက (စက်မှုလက်မှု)
- ကထိက (ဆက်သွယ်ရေး)
- လက်ထောက်ကထိကများ
- ဒုညွှန်ကြားရေးမှူး (၂ဦး)
- ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေး)
- ဒုညွှန်ကြားရေးမှူး
- လက်ထောက်ညွှန်ကြားရေးမှူး (၂ဦး)
- ဒုညွှန်ကြားရေးမှူး
- ညွှန်ကြားရေးမှူး (သင်ကြားလေ့ကျင့်ရေး)
- ဒုတိယကျောင်းအုပ်ကြီး
ကျောင်းအုပ်ကြီးများ
[ပြင်ဆင်ရန်]ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူများ[၂]
| စဉ် | အမည် | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ | မှတ်ချက် | |
|---|---|---|---|---|
| မှ | ထိ | |||
| ၁ | ဒုတိယဗိုလ်မှူးကြီးအောင်သန်း (ငြိမ်း) | ၂၃-၂-၁၉၇၈ | ၈-၁၁-၁၉၈၅ | |
| ၂ | ဗိုလ်မှူးခင်မောင်အေး (ငြိမ်း) | ၁၃-၁၂-၁၉၈၅ | ၃၀-၇-၁၉၈၈ | |
| ၃ | ဗိုလ်မှူးဘအုန်း (ငြိမ်း) | ၃၁-၇-၁၉၈၈ | ၃၁-၁၂-၁၉၉၁ | |
| ၄ | ဒုတိယဗိုလ်မှူးကြီးရဲမြင့် (ငြိမ်း) | ၁-၁-၁၉၉၂ | ၃၀-၁၂-၁၉၉၂ | |
| ၅ | ဗိုလ်မှူးမောင်မောင်နိုင် (ငြိမ်း) | ၃၁-၁၂-၁၉၉၂ | ၃-၇-၁၉၉၆ | |
| ၆ | ဒုတိယဗိုလ်မှူးကြီးအေးကျော် (ငြိမ်း) | ၄-၇-၁၉၉၆ | ၁၉-၁၂-၁၉၉၉ | |
| ၇ | ဗိုလ်မှူးဝင်းအောင် (ငြိမ်း) | ၂၀-၁၂-၁၉၉၉ | ၁၇-၁-၂၀၀၂ | |
| ၈ | ဒုတိယဗိုလ်မှူးကြီးသိန်းဌေး (ငြိမ်း) | ၁-၂-၂၀၀၂ | ၇-၁၂-၂၀၀၄ | |
| ၉ | ဗိုလ်မှူးကြီးသိန်းဆွေ (ငြိမ်း) | ၇-၂-၂၀၀၅ | ၅-၄-၂၀၀၇ | |
| ၁၀ | ဗိုလ်မှူးကြီးကျော်စိုး (ငြိမ်း) | ၁၈-၅-၂၀၀၇ | ၂၆-၃-၂၀၀၉ | |
| ၁၁ | ဒုတိယဗိုလ်မှူးကြီးဇော်မင်းဦး (ငြိမ်း) | ၂၀-၉-၂၀၁၂ | ၂၂-၄-၂၀၁၅ | |
| ၁၂ | ဗိုလ်မှူးကြီးစန်းအောင် (ငြိမ်း) | ၁၅-၅-၂၀၁၅ | ၁၂-၈-၂၀၁၅ | |
| ၁၃ | ဒုတိယဗိုလ်မှူးကြီးဝင်းနောင် (ငြိမ်း) | ၇-၁၂-၂၀၁၂ | ၂၀-၁၂-၂၀၁၆ | |
| ၁၄ | ဗိုလ်မှူးကြီးမင်းချစ်ဦး (ငြိမ်း) | ၂၆-၁-၂၀၁၇ | ၁၆-၁-၂၀၂၆ | |
| ၁၅ | ဦးတင်ကိုကို[၃] | ၁၆-၁-၂၀၂၆ | ယနေ့အထိ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "သမိုင်းကြောင်း"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန။ Archived from the original on 27 August 2021။
- ↑ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ ဖွဲ့စည်းပုံ။ ၁၀ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း။ ၁၀ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။