မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး မှာ ဦးမောင်မောင်ငြိမ်း ဖြစ်သည်။

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအမှတ်တံဆိပ်

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းသည် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတော်ပိုင်သင်္ဘောလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြည့်ဆည်းရန်ရည်ရွယ်ချက်ဖြင့် ၁၉၅၉ ခုနှစ်မှစ၍တည်ထောင်ခဲ့သော သင်္ဘောလိုင်းဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

Morgchartl5.gif

ရည်မှန်းချက်[ပြင်ဆင်ရန်]

ဌာန၏ရည်မှန်းချက်[ပြင်ဆင်ရန်]

ကုန်တင်ပို့သူနှင့်ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားမည်။

ဌာန၏တာဝန်[ပြင်ဆင်ရန်]

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သင်္ဘောလိုင်းတစ်ခုဖြစ်သည့်အားလျော်စွာ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်မည့် သယ်ယူပို့ဆောင်မှုဖြင့် ပြည်သူစိတ်ချမ်းသာမှု ဖေါ်ဆောင်ရမည်။

လုပ်ငန်းဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

သင်္ဘောအင်အား[ပြင်ဆင်ရန်]

နိုင်ငံခြားသွားသင်္ဘော

  • ထားဝယ် (တန်ချိန် -၁၁၆၅၄) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၂)
  • မော်လမြိုင် (တန်ချိန် -၁၁၆၆၀) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၄၀၀)
  • ကျိုင်းတုံ (တန်ချိန် -၁၁၆၅၄) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၂)
  • စစ်တွေ (တန်ချိန် -၁၁၆၆၀) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၄၀၀)
  • စစ်ကိုင်း (တန်ချိန် -၁၃၀၅၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
  • Cosmic Master(တန်ချိန် -၁၀၂၉၀)
  • မကွေး (တန်ချိန် -၁၃၀၅၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
  • Cosmic Challenger(တန်ချိန် -၈၃၃၅)
  • ပဲခူး (တန်ချိန် -၁၃၁၀၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
  • Ocean Brave (တန်ချိန် -၆၉၅၀)
  • မန္တလေး (တန်ချိန် -၁၃၁၀၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
  • Spring Trader (တန်ချိန် -၈၂၄၂)
  • ချင်းရွှေဟော် (တန်ချိန် -၃၃၀၀)
  • မိုင်းလား (တန်ချိန် -၃၃၀၀)
  • ပုဂံ (တန်ချိန် -၂၀၇၆)
  • ဘားအံ (တန်ချိန် -၂၀၇၆)

ကမ်းရိုးတန်းသွားသင်္ဘော

  • လွိုင်ကော် (တန်ချိန် -၇၉၀)
  • လားရှိုး (တန်ချိန် -၇၀၀)
  • ဖားရွှေကျော်ရွာ (တန်ချိန် -၁၅၇၅)
  • ရွှေလီ (တန်ချိန် -၁၃၀၅)
  • ထုံးရွာ (တန်ချိန် -၁၇၂၀)
  • ဟားခါး (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
  • မြစ်ကြီးနား (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
  • တောင်ကြီး (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
  • သံလွင် (တန်ချိန် -၅၉၂) ၊ တင်ဆောင်နိုင်သောခရီးသည် (၄၄၀)
  • ချင်းတွင်း (တန်ချိန် -၅၉၂) ၊ တင်ဆောင်နိုင်သောခရီးသည် (၄၂၈)

နိုင်ငံတကာနှင့်မြန်မာ့ကမ်းရိုးတန်းများသို့ ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်း အဆင်ပြေချောမွေ့စေရေး အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အောက်ပါခရီးစဉ်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပါသည်-

  • အရှေ့ဖျားခရီးစဉ်

-တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်

  • အရှေ့တောင်အာရှခရီးစဉ်

- စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း

  • ဥရောပခရီးစဉ်

- အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် ကုန်သေတ္တာခရီးစဉ် - ရန်ကုန်နှင့်စင်္ကာပူကြား (သုံးရက်ခြားခရီးစဉ်)

  • ကမ်းရိုးတန်းခရီးစဉ်

- စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်း

ပင်လယ်ရေကြောင်းသယ်ယူပို့ ဆောင်ရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့သင်္ဘောလုပ်ငန်းနှင့်ရင်ဘောင်တန်းလိုက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး အတွေ့အကြုံများဖြင့် အောက်ပါလုပ်ငန်းများကို အထောင်အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။

  • အထွေထွေကုန်သယ်ယူပို့ ဆောင်ရေး

နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန်မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ ပဲမျိုးစုံ၊ သစ်နှင့် အခြားပို့ကုန်၊ သွင်းကုန်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။

  • ကုန်သေတ္တာသယ်ယူပို့ ဆောင်ရေးလုပ်ငန်း

ခေတ်မီဖွံ့ ဖြိုးတိုးတက်လာသော ပင်လယ်ရေးကြောင်းသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် စင်္ကာပူကြားတစ်ပတ်လျှင် (၂)ကြိမ် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။

  • ကိုယ်စားလှယ်လုပ်ငန်း

မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းတွင်ကုန်တင်/ကုန်ချမှုလုပ်ငန်းမှန်ကန် မြန်ဆန်စေရန် ကိုယ်စားလှယ်လုပ်ငန်းဌာနတစ်ခု ဖွင့်လှစ်၍ ထိရောက် စွာဆောင်ရွက်လျှက် ရှိပါသည်။

သာကေတဆိပ်ခံတံတား[ပြင်ဆင်ရန်]

နယ်စပ်ဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကိုကိုးကျွန်း၊ မြိတ်၊ ကော့သောင်းတို့ကို ခရီးသည်နှင့် ကုန်များသယ်ယူပို့ဆောင်နိုင်စေရန် အတွက် ဆိပ်ခံတံတားတစ်ခုကို သာကေတမြို့ နယ်ရှိ ပဲခူးမြစ်ကမ်းပေါ်တွင် တည်ဆောက်ထားပြီး လုပ်ငန်း ဆောင်ရွက်လျှက် ရှိပါသည်။

ဆက်သွယ်ရန်[ပြင်ဆင်ရန်]

http://www.mfsl-shipping.com

  • HEAD OFFICE

132-136, Theinbyu Road, P.O. Box,1221,Yangon, Myanmar. Tel: ( 951 ) 295 279, 295 280, 295 281 Fax: ( 951 ) 297 669, 295 174 E-mail: mfslhq@mptmail.net.mm

  • LONDON REPRESENTATIVE

Myanma Five Star Line C/o, Embassy of Union of Myanmar 19(A), Charles Street, London WIX 8ER, United Kingdom. Tel : 0044 171 4912919 Fax: 0044 171 6294169 e-mail : stareplondon@btopenworld.com

  • TOKYO REPRESENTATIVE

Myanma Five Star Line Nissin Corporation Eishin Building, 3rd Floor, 5 , Sanban-cho, Chiyoda-ku Tokyo 102, Japan Tel : 0081 332386379 Fax: 0081 332386378 e-mail : stareptokyo@excite.com

  • SINGAPORE REPRESENTATIVE

Myanma Five Star Line BSA Transportation Pte Ltd. 10 Anson Road # 12-04 International Plaza, Singapore 079903 Tel : (65) 62275268 Fax: (65) 62278203 e-mail : bsat@pacific.net.sg