ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

ဝီကီပီးဒီးယား မှ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁ ​အောက်တိုဘာ ၁၉၇၂ (ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာန)
  • ၉ ဧပြီ ၁၉၉၉ (ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ရေးဦးစီးဌာန)
ယခင်အဖွဲ့အစည်းရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာန
ဌာနချုပ်အမှတ် (၄၀၀)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊ ညောင်တန်းနှင့်သီတာဆိပ်ကြား၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။[၁]
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
ဌာနအကြီးအမှူးများဦးစိုးမြင့်၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dwir.gov.mm

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (အင်္ဂလိပ်: Directorate of Water Resources and Improvement of River Systems.) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၇၂ခုနှစ်၊ ​အောက်တိုဘာလ၁ရက်​နေ့တွင် ရေလမ်းထိန်းသိမ်းရေးညွှန်ကြားမှုဦးစီးဌာနကို ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနလက်အောက်ရှိသောင်တူးဌာန၊ မြစ်ကြောင်းရှင်းလင်းရေးဌာန တို့မှဝန်ထမ်းများနှင့် ဆိပ်ကမ်းကော်ပိုရေးရှင်းလက်အောက်ရှိ တိုင်းတာရေးဌာနမှ ဝန်ထမ်း အချို့ကိုစုစည်းပေါင်းစပ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းချိန်တွင် အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၁၁)ဦး၊ စုစုပေါင်းအင်အား (၄၅၂၁)ဦးဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၉၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ဆည်မြောင်း ဦးစီးဌာန လက်အောက်ရှိ တွံတေးတူးမြောင်းကို လွဲပြောင်းလက်ခံခဲ့ရာ အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၉၁)ဦး၊ စုစုပေါင်း အင်အား(၄၆၀၁)ဦးအထိ ရှိလာခဲ့သည်။၁၉၉၉ခုနှစ်၊ ဧပြီလ၉ရက်​​နေ့တွင် ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရေးဆွဲပြီး "ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေး ရေးဦးစီးဌာန"ဟုပြောင်းလဲ သတ်မှတ်ခဲ့သည်။[၂]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • ​ရေလမ်းထိန်းသိမ်း​ရေးဆိုင်ရာ သု​တေသနနှင့်စီမံကိန်းဌာန
    • သု​တေသနနှင့် ပုံစံပြဌာနခွဲ
    • စီမံကိန်းဌာနခွဲ
  • ​ရေလမ်းထိန်းသိမ်း​ရေးလုပ်ငန်းများဌာန (အထက်မြန်မာပြည်)
    • ရေကြောင်းတိုင်းတာရေးဌာနခွဲ
    • ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
    • သောင်တူးဌာနခွဲ
    • ရေလမ်းညွှန်ဌာနခွဲ
  • ရေလမ်းထိန်းသိမ်း​ရေးလုပ်ငန်းများဌာန (​အောက်မြန်မာပြည်)
    • ရေကြောင်းတိုင်းတာရေးဌာနခွဲ
    • ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ
    • သောင်တူးဌာနခွဲ
    • ရေလမ်းညွှန်ဌာနခွဲ
  • အုပ်ချုပ်​ရေးဌာန
    • အုပ်ချုပ်​ရေးဌာနခွဲ
    • ​ငွေစာရင်းဌာနခွဲ
    • ပစ္စည်းထိန်းဌာနခွဲ
  • ​ရေ​ကြောင်းယန္တရားဌာန
    • ​ရေယာဉ်နှင့်ယန္တရားဌာနခွဲ
    • ​ရေယာဉ်ပြင်ဆင်​ရေးဌာနခွဲ
    • ယန္တယားပြင်ဆင်​ရေးဌာနခွဲ

​ဒေသများ[ပြင်ဆင်ရန်]

  1. ရန်ကုန်
  2. ဧရာဝတီ
  3. ပဲခူး
  4. မ​ကွေး
  5. မန္တ​လေး
  6. စစ်ကိုင်း
  7. ရခိုင်
  8. မွန်
  9. တနင်္သာရီ
  10. ကချင်
  11. ကရင်
  12. ရှမ်း

​ဒေသခွဲများ[ပြင်ဆင်ရန်]

  1. မအူပင်
  2. ဟင်္သာတ
  3. ပြည်
  4. ​တောင်ငူ
  5. ​အောင်လံ
  6. ​ညောင်ဦး
  7. ကသာ
  8. က​လေးဝ
  9. ဟုမ္မလင်း
  10. မြိတ်
  11. ဗန်း​မော်
  12. မူဆယ်

ရေကြောင်းတိုင်းတာရေးဌာနခွဲ[ပြင်ဆင်ရန်]

  • မြစ်ကြောင်းရေလမ်းတိုင်းတာပုံထုတ်ခြင်း
  • စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ ရေလမ်းအခြေအနေတိုင်းတာစစ်ဆေးအကြံပြုခြင်း
  • စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ရေဘက်ဆိုင်ရာတိုင်းတာအကြံပြုခြင်း

ရေဘက်ဆိုင်ရာမြို့ ပြအင်ဂျင်နီယာဌာနခွဲ[ပြင်ဆင်ရန်]

  1. မြစ်ကြောင်းများရေအနက်မြင့်မားလာစေရေးအတွက်ရေလမ်းထိန်းအဆောက်အအုံများတည် ဆောက်ခြင်း
  2. မြို့ ရွာများရေတိုက်စားကမ်းပြိုမှုမှကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ခြင်း
  3. စီမံကိန်းဝင်မြစ်ကူးတံတားကြီးများရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်တံတားရေလမ်းပြုပြင် ထိန်းသိမ်းပေးခြင်းနှင့် ကမ်းပါးထိန်း သိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်း
  4. နယ်စပ်မြစ်များတွင် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်ထိန်းသိမ်းပေးခြင်း
  5. မြစ်ရေအားစိုက်ပျိုးရေအဖြစ်တစ်ဆယ့်နှစ်ရာသီအသုံးချနိုင်စေရေးအတွက် မြစ်ရေတင်စက် ရေလမ်းများ ကောင်း မွန်ရေးဆောင်ရွက်ပေးခြင်း

သောင်တူးဌာနခွဲ[ပြင်ဆင်ရန်]

  • ရေကြောင်းကြပ်တည်းသည့်နေရာများတွင် သောင်တူးဖော်ပေးခြင်း
  • ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် မြို့ရွာများ
  • ရေစားကမ်းပြိုမှှုမှ ကာကွယ်ရေးအတွက် မြစ်ကွေ့များဖြတ်ဖေါက်ခြင်း
  • မြစ်ရေတင်စက်ရေရရှိရေးအတွက် ရေခေါ်တူးမြောင်းဖေါက်လုပ်ပေးခြင်း
  • ရေလမ်းကြောင်းသစ်ရှာဖွေဖေါက်လုပ်ခြင်း

ရေလမ်းညွှန်ဌာနခွဲ[ပြင်ဆင်ရန်]

  1. ရေယာဉ်များအတွက် ရေလမ်းညွှန်အမှတ်အသားများပြသပေးခြင်း
  2. ရေလမ်းသတိပေးချက်နှင့်ရေကြောင်းသတင်းများအား အခါအားလျော်စွာ ထုတ်ပြန်ပေးခြင်း
  3. ရေပေါ်ရေအောက်အန္တရာယ်တံစုန်းများ နှုတ်ယူဖယ်ရှားခြင်း
  4. စီမံကိန်းဝင်တံတားကြီးများအဝင်ရေလမ်းများအား ရာသီ အလိုက် ီပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်ပေးခြင်း
  5. တွံတေးတူးမြောင်းရေကြောင်းသွား လာမှုထိန်းသိမ်းကွပ်ကဲပေးခြင်းရေလမ်းထိန်းသိမ်းရေးဆိုင်ရာသုတေသနနှင့်စီမံကိန်းဌာန
  • ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းအထောက်အကူပြုအချက်အလက်များစုဆောင်းပြုစုခြင်း
  • မြစ်ကြောင်းတလျောက်အနည်းဆုံးရရှိနိုင်မည့် ရေအနက်ခန့်မှန်းတွက်ချက်ခြင်း
  • မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းများ သုတေသနပြုရေးဆွဲခြင်း
  • ရေထုထည် အရေအတွက် ပြောင်းလဲမှုကြောင့်လည်းကောင်း၊ ရေအရည်အသွေး ပြောင်းလဲမှုကြောင့် လည်းကောင်း ပေါ်ပေါက်လာမည့် ပတ်ဝန်းကျင်ထိခိုက်မှုအား လေ့လာခြင်း
  • နှစ်အလိုက်၊ လအလိုက်၊ ရက်အလိုက် ရေမျက်နှာပြင်အတက်အကျသမိုင်းကြောင်းမှတ်တမ်း ဇယား (Hydrographic envelope) ထုတ်လုပ်ခြင်း[၃]

ရည်မှန်းချက်များ[ပြင်ဆင်ရန်]

လုပ်ငန်းတာဝန်ကြီး(၈)ရပ်

  • မြစ်များရေလမ်းကြောင်းကောင်းမွန်ပြီး၊ မြို့ ဆိပ်ကမ်းများမပြောင်းရွှေ့ရဘဲ တစ်ဆယ့်နှစ်ရာသီ အသုံးပြုနိုင်စေရန်
  • မြို့ များရေတိုက်စားကမ်းပြိုမှုမှကာကွယ်ရန်
  • မြို့ များအလိုက်စိုးရိမ်ရေမှတ်များသတ်မှတ်ရာတွင် မှန်ကန်မှုရှိစေရန်အတွက် ပေါင်းစပ်ဆောင်ရွက်ရန်
  • မြစ်ရေအားသောက်သုံးရေအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေအဖြစ်လည်းကောင်း တစ်ဆယ့်နှစ်ရာသီ အသုံးချ နိုင်စေရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်
  • နယ်စပ်မြစ်များတွင် ကမ်းပြိုကမ်းစားမှုများမှ ကာကွယ်တားဆီးရန်
  • စီမံကိန်းဝင်မြစ်ကူးတံတားကြီးများရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်ဆေးတင်ပြရန်
  • ရေထုညစ်ညမ်းမှု မပေါ်ပေါက်စေရေးအတွက်စည်းကမ်းသတ်မှတ်ကွပ်ကဲရန်
  • မြစ်ကြောင်းများရေအနက်မြင့်မားလာစေရေးနှင့် ရေယာဉ်များဝန်တင်အလေးချိန် တိုးတက်တင်ဆောင်သွားလာနိုင်စေရန်

ကိုးကား[ပြင်ဆင်ရန်]