မြန်မာနိုင်ငံ သတ္တုတွင်းများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပြည်ထောင်စုမြန်မာနိုင်ငံ အနှံ့အပြားတွင် သဘာဝ သတ္တု ရတနာမျိုးစုံ ကြွယ်ဝသည့် အလျောက်၊ သတ္တုရှာဖွေ တူးဖော်သော လုပ်ကွက်ပေါင်း မြောက်မြားစွာ ရှိလေသည်။ သတ္တုရတနာ တူးဖော် လုပ်ကိုင် ရောင်းဝယ်သော ဓလေ့သည် ရှေးမြန်မာဘုရင် များလက်ထက်ကပင် ထွန်းကားလာခဲ့လေသည်။ သို့သော်လည်း မြန်မာ့မြေတွင် သတ္တုရတနာ မည်မျှလောက် ကြွယ်ဝသည်ကို သေချာစွာ ရှာဖွေ စူးစမ်းခြင်း မပြုရသေးပေ။ သတ္တုတွင်း တူးသည့် လုပ်ငန်းမှာ တူးဖော်မည့် မြေနေရာကွက်တွင် သဘာဝ သတ္တုရတနာ မည်မျှရှိမည်ကို သေချာစွာ စူးစမ်းတိုင်းထွာ၍ ခန့်မှန်းချေ သိရှိပြီးမှ သာလျှင် သတ္တုတူးဖော်မှုကို စနစ်တကျ စီမံဆောင်ရွက်ရသည် ဖြစ်ရကား၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ယနေ့အထိ စနစ်တကျ တူးဖော်သော သတ္တုတွင်း အနည်းငယ်သာ ရှိသေးသည်။ သို့သော် မိရိုးဖလာနည်းအတိုင်း စက်ကိရိယာကို အသုံးမပြုပဲ၊ ပေါက်ပြား၊ ပေါက်ချွန်း၊ တူးရွင်း၊ ယင်းခွက် စသည်တို့ဖြင့် သတ္တုရှာဖွေ တူးဖော်လုပ် ကိုင်သော လုပ်ကွက်ပေါင်း အတော်များများပင် ရှိလေသည်။ကမ္ဘာပေါ်တွင် အထင်ကရ ကျော်ကြားနေသော ပြည်ထောင်စု မြန်မာနိုင်ငံရှိ သတ္တုတွင်းများမှာ ဘော်တွင်း၊ ဟိန္ဒား၊ မော်ချီ၊ ကံပေါက်၊၊ ရတနာပုံ၊ တောင်သုံးလုံး၊ ဟာမြင်းကြီး၊ ကလေးဝ၊ မိုးကုတ် ပတ္တမြားတွင်းများနှင့် ကချင်ပြည်နယ် ကျောက်စိမ်းတွင်းများပင် ဖြစ်သည်။

ဘော်တွင်း[ပြင်ဆင်ရန်]

ဘော်တွင်းတွင် အသားကောင်းသော ငွေ၊ ခဲ၊ သွပ်နှင့် ကြေးနီ ထွက်သည်။ ၁၅ ရာစုခေတ်တွင် တရုတ်များ စတင် တူးဖော်၍ ထိုလုပ်ငန်းအတွက် မြန်မာဘုရင်များအား အခွန်အနည်းငယ် ဆက်ခဲ့ကြသည်။ တရုတ်တို့သည် သဘာဝ သတ္တုကို တူးဖော် ကျိုချက်၍ ရွှေအနည်းငယ် ပါသော ငွေကိုသာ ယူပြီးလျှင် ကျန်သတ္တုများပါသော ချော်တုံးများကို စွန့်ပစ်ခဲ့ကြသည်။ နှစ်ဆယ်ရာစုခေတ်ဦးတွင် ထိုချော်တုံးများကို အင်္ဂလိပ်များ တွေရှိ၍ ခဲ၊ သွပ်နှင့် ကြေးနီးများကို ကျိုချက် ခွဲထုတ် ရောင်းချကာ၊ ရသောငွေကို အရင်း မတည်၍ စနစ်တကျ ဆက်လက် တူးဖော်ကြသည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ထိုအင်္ဂလိပ်ကုမ္ပဏီနှင့် ဘက်စပ် လုပ်ကိုင်ခဲ့၍ ၁၉၆၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြည်သူပိုင် အဖြစ်လွှဲပြောင်းယူခဲ့သည်။ ဘော်တွင်းသည် ရှမ်းပြည်နယ်၊ ကျောက်မဲ ခရိုင်တွင်ရှိသည်။ ဘော်တွင်းသို့ သွားရန်ခရီးစဉ်မှာ လားရှိုးမြို့မှ ဖြစ်စေ၊ သီပေါမြို့မှ ဖြစ်စေ မော်တော်ကားဖြင့် သွားသော် နမ္မတူမြို့သို့ ရောက်သည်။ (နမ္မတူမြို့တွင် ဘော်တွင်းမှ ထွက်သော သဘာဝသတ္တုများကို ကျိုချက် ခွဲထုတ်သော စက်ရုံကြီ းများနှင့် ကုမ္ပဏီ၏ရုံးရှိသည်။) နမ္မတူမြို့မှ ကုမ္ပဏီမီးရထားဖြင့် သွားသော် ကျားစခန်းကို လွန်ပြီး ဘော်တွင်းသို့ ရောက်သည်။ သတ္တုတွင်းကြီးထဲသို့ ဝင်ရန် လိုဏ်ဂူများစွာ ရှိသည်။ သို့သော် လည်း အရေးကြီးသော အပေါက်များမှာ …မားမယွန်းရှပ်ခေါ် စိုက်တွင်းကြီးနှင့် …ကျားစခန်း လိုဏ်ဂူ တို့ပင် ဖြစ်သည်။ မားမယွန်းရှပ်သည် အချင်း ၁၄ ပေ၊ အနက် ၁၄၅ဝပေရှိသော စိုက်တွင်းဝိုင်းကြီး ဖြစ်သည်။ မားမယွန်းရှပ်ထဲရှိ ဓာတ်လှေကား သုံးခုဖြင့် မြေအောက် သတ္တုတူးသမားများ၊ ပစ္စည်းကိရိယာများနှင့် သဘာဝ သတ္တုများကို လုပ်ငန်းအထပ် ၁၂ ထပ်တွင် အတင် အချပြုသည်။ လုပ်ငန်းအထပ်များသည် နိမ့်မြင့်ပေ ၁ဝဝ ခန့်စီ ပို၍ နက်ဆင်းသွား ကြသည်။ မားမယွန်းရှပ်မှတစ်ပါး မြေအောက် လှေကားများမှလည်း တထပ်မှ တထပ်သို့ ဆက်သွယ် သွားလာနိုင် ပေသည်။ အထပ်တိုင်းတွင် လုပ်ကွက်ပေါင်း မြောက်မြားစွာ ရှိသည်။ လုပ်ကွက်တကွက်လျှင် မြေအောက် သတ္တုတူးသမား ငါးယောက်ခန့် လုပ်ကိုင်ကြသည်။ အထပ်ထပ်မှ တူးဖော်ပြီးသော သဘာဝ သတ္တုများကို အမှတ် ၆ အထပ်သို့ ပြောင်းရွေ့ သယ်ဆောင်၍ မြေအောက် ဓာတ်ရထားများဖြင့် သယ်ယူကာ ကျားစခန်းလိုဏ်ဂူမှ ထုတ်ယူရသည်။ ကျားစခန်းရှိ သတ္တုသို လှောင်အိမ်ကြီးများမှ တစ်ဆင့် မီးရထားဖြင့် နမ္မတူမြို့ရှိ စက်ရုံကြီးသို့ တင်ပို့ရသည်။ ဘော်တွင်းတွင် မြေအောက် သတ္တု တူးသမား ၃ဝဝဝ ခန့်သည် ရှစ်နာရီစီ အသုတ် သုံးသုတ်ခွဲ၍ ၂၄ နာရီပတ်လုံး လုပ်ငန်း ဆောင်ရွက်ရသည်။ မြေအောက် လုပ်ခွင်တွင် အလင်းရောင်ရစေရန်၊ မြေအောက် သတ္တုတူးသမားတိုင်း ကာဗိုက်မီးခွက်တစ်ခုစီကို ကိုင်ဆောင်ရသည်။ လေစုပ် ပန်ကာလေးလုံးဖြင့် မြေအောက် သတ္တုတူးသမားများအား သန့်စင်သော လေကိုပေးရသည်။ ဘော်တွင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် အကြီးဆုံးသော မြေအောက်တ္တုတွင်း ဖြစ်သည်။


ဟိန္ဒား[ပြင်ဆင်ရန်]

ဟိန္ဒားတွင် အလွန် အသားကောင်းသော ခဲမဖြူထွက်သည်။ အလောင်းမင်းတရား လက်ထက်မတိုင်မီကပင် ကရင်များသည် ဤဒေသတွင် သတ္တု တူးဖော်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အင်္ဂလို ဘားမားတင်း မိုင်းကုမ္ပဏီအဖြစ် တူးဖော်ခဲ့ရာမှ ၁၉၅၅ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသည် ထိုအင်္ဂလိပ်ကုမ္ပဏီနှင့် ဘက်စပ်၍ လုပ်ငန်းဆောင်ရွက်သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင် အဖြစ် လွှဲပြောင်းယူခဲ့သည်။ ဟိန္ဒားတွင်းသည် ထားဝယ်ခရိုင်တွင် ရှိပြီးလျှင် ထားဝယ်မြို့မှ မော်တော်ကားဖြင့် သွားနိုင်သည်။ သတ္တုတူးပုံမှာ တောင်ထိပ်နှင့် တောင်စောင်းကို ဖိနှိပ်အားပြင်းသော ရေပန်းကြီးများဖြင့် လည်းကောင်း၊ မြေတွန်းယာဉ်ကြီးများဖြင့် လည်းကောင်း ဖြိုချတိုက်ဖျက်၍၊ ယင်းမြောင်းများတွင် သတ္တု … ဖမ်းရသည်။ ဟိန္ဒားတွင် သတ္တုတူးသမား ၄ဝဝ မှ ၆ဝဝ ခန့်သည် ရှစ်နာရီစီ အသုတ်သုံးသုတ်ခွဲ၍ ၂၄ နာရီပတ်လုံး မြေပေါ်လုပ်ငန်း ဆောင်ရွက်ရသည်။ ဤသတ္တုတွင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် အဖိုးတန်ဆုံးသော ခဲမဖြူသတ္တုတွင်းပင် ဖြစ်သည်။

မော်ချီ[ပြင်ဆင်ရန်]

မော်ချီတွင်းတွင် အဖြိုက်နက်နှင့် ခဲမဖြူ ရောနှော၍ ထွက်သည်။ ၁၅ရာစုခေတ်မှစ၍ ဤဒေသတွင် ကယားများ စတင်လုပ်ကိုင်ခဲ့သည်။ ၂ဝ ရာစု ခေတ်ဦးတွင် အင်္ဂလိပ်များ စနစ်တကျ စတင် တူးဖော်ကြသည်။ ၁၉၅ရ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက ထိုအင်္ဂလိပ် ကုမ္ပဏီနှင့် ဘက်စပ်၍ လုပ်ငန်း ဆောင်ရွက်သည်။ မော်ချီသည် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင် ရှိပြီးလျှင် တောင်ငူမြို့မှဖြစ်စေ၊ လွိုင်ကော်မြို့မှဖြစ်စေ မော်တော်ကားဖြင့် သွားနိုင်သည်။ သတ္တုတူးဖော်ပုံမှာ စောင်းနက်သော တောင်ကြီးများ ကို လုပ်ငန်း အထပ် ငါးထပ်ဖောက်၍ တူးဖော်ရသည်။ တူးဖော်ပြီးသော သတ္တုများကို တောင်ပေါ်မှ တောင်ခြေသို့ ကောင်းကင်ကြိုးတန်းဖြင့် ပိုချရသည်။ တောင်ခြေတွင် သတ္တု သန့်စင်စေသည့် စက်ရုံရှိသည်။ မော်ချီတွင် မြေအောက် သတ္တုတူးသမား ၆ဝဝ ခန့်သည် ရှစ်နာရီကြာသော အသုတ် သုံးသုတ်ခွဲ၍ ၂၄ နာရီပတ်လုံး သတ္တုတူးရသည်။ မော်ချီတွင်းသည် အင်္ဂလိပ်လက်ထက်က ပြည်ထောင်စု မြန်မာနိုင်ငံတွင် အဖြိုက်နက်သတ္တု အများဆုံး ထွက်သော သတ္တုတွင်းဖြစ်သည်။


ကံပေါက်[ပြင်ဆင်ရန်]

ကံပေါက်တွင်းတွင် အဖြိုက်နက်နှင့် ခဲမဖြူ ရောနှော၍ ထွက်သည်။ ကံပေါက်တွင်းကို ၁၉၁ဝ ပြည့်နှစ်တွင် အင်္ဂလိပ်များ စနစ်တကျ စတင်တူးဖော်သည်။ ထိုနောက် ၁၉၅၅ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများ အုပ်ချုပ် လုပ်ကိုင်သည်။ ကံပေါက်တွင်းသည် ထားဝယ်ခရိုင်တွင်တည်ရှိ၍ ထားဝယ်မြို့မှ ဖြစ်စေ၊ ရေးမြို့မှ ဖြစ်စေ မော်တော်ကားဖြင့် သွားနိုင်သည်။ ကံပေါက်တွင်းတွင် အသုံးပြုသော သတ္တုတူးဖော်နည်းများမှာ မြေပေါ်လုပ်ငန်း၊ မြေပြန့်လုပ်ငန်းနှင့် မြေအောက်လုပ်ငန်းများ ဖြစ်သည်။ မိုးရာသီတွင် တောင်ထိပ် တောင်စောင်းနှင့် မြေပြန့် များတါင် ဖိနှိပ်အား ပြင်းသော ရေပန်းကြီးများဖြင့် ဖြိုချ တူးဖော်ပြီးလျှင် ယင်းမြောင်းများထဲတွင် သတ္တု …ဖမ်းရသည်။ နွေရာသီတွင် တောင်စောင်း၌ ဆောက်ဖြင့် လိုဏ်ဂူများ တူးဖောက်၍ သတ္တုရှာဖွေရသည်။ သတ္တုကြောကို တွေ့သောအခါ ယမ်းဘီလူးများဖြင့် ဖောက်ခွဲ တူးဖော်ရသည်။ ကံပေါက်တွင်းတွင် သတ္တုသမား ၃ဝဝ မှ ၆ဝဝ ထိ လုပ်ကိုင်ကြသည်။ …ဖမ်းရာမှ စွန့်ပစ်လိုက်သော ရေနောက်ထဲရှိ သတ္တုမှုန့်ခဲကလေးများကို ရွာသူရွာသားများက ယင်းခွက်ဖြင့် ကျင်ယူကြသည်။

ရတနာပုံ[ပြင်ဆင်ရန်]

ရတနာပုံ တွင်းတွင် ခဲမဖြူနှင့် အဖြိုက်နက်ရောနှော၍ ထွက်သည်။ ဤတွင်းကို ၁၉၄၅ ခုနှစ်ခန့်တွင် စတင် တူးဖော်သည်။ ၁၉၅၃ ခုနှစ်မှစ၍ ဓာတ်သတ္တုပင်ရင်း အခြေအမြစ်များ တိုးတက်အောင် ဆောင်ရွက်ရေး ကော်ပိုရေးရှင်းက ဦးစီးလုပ်ကိုင်သည်။ ဤတွင်းသည် မြိတ်ခရိုင်၊ တောတောင် ထူထပ်၍ လမ်းပန်း ခက်ခဲသော ဒေသတွင် တည်ရှိသည်။ ဤတွင်းသို့ သွားရန် ခရီးစဉ်မှာ မြိတ်မြို့မှ ပြည်ကြီးမဏ္ဍိုင်စခန်းသို့ စက်လှေဖြင့် သွား၍၊ ထိုမျတဖန် သတ္တုတွင်းသို့ မော်တော်ကားဖြင့် သွားရသည်။ သတ္တုတူးဖော်ပုံမှာ စောင်းနက်သော တောင်ကြီး များကို ဖိနှိပ်အားပြင်းသော ရေပန်းကြီးများ ဖြင့်ဖြိုချ တူးဖော်ပြီးလျှင် ယင်းမြောင်းများထဲတွင် သတ္တု …ဖမ်းရသည်။ သတ္တုတွင်း တူးသမား ၃ဝဝ ခန့် အလုပ် လုပ်ကိုင် ကြသည်။

တောင်သုံးလုံး[ပြင်ဆင်ရန်]

တောင်သုံးလုံးတွင်းမှ ခဲမဖြူထွက်သည် ဤဒေသတွင် ရှေးအခါကပင် မြန်မာများ လုပ်ကိုင်ခဲ့ကြပြီးလျှင် ၁၉၁၁ ခုနှစ်မှစ၍ အင်္ဂလိပ် ကုမ္ပဏီ တစ်ခုက …ခဲခုပ်သင်္ဘောဖြင့် သတ္တုတူးဖော်သည်။ တောင်သုံးလုံးတွင်းကို ထားဝယ်မြို့မှ မော်တော်ကားဖြင့် သွားနိုင်သည်။ သတ္တုတူးဖော်ပုံမှာ တောင်သုံးလုံးရွာအနီး ဟင်ဒုချောင်းထွဲတွင် ခဲသင်္ဘောကြီးကို တည်ထား၍ ချောင်းရိုးတစ်လျှောက်ရှိ ခဲမဖြူပါသော မြေကြီးများကို ခဲသင်္ဘောကြီးတွင် တပ်ဆင်ထားသော သံခွက်ကြီများဖြင့် စနစ်တကျ စုန်ချည်ဆန်ချည် ခပ်ဖဲ့ တင်ဆောင်၍၊ ခဲသင်္ဘောကြီးပေါ်တွင်ပင် စနစ်တကျ သတ္တု …ဖမ်းလေသည်။ ၁၉၄၆ ခုနှစ်တွင် ပြည်သူပိုင် ပြုလုပ်ပြီးနောက် ကျောက်မဲတော်င သတ္တုတွင်း စီမံကိန်းအဖြစ် ဆက်လက် လုပ်ကိုင် လျက်ရှိသည်။

ဟာမြင်းကြီး[ပြင်ဆင်ရန်]

ဟာမြင်းကြီးတွင်းတွင် အဖြိုက်နက်နှင့် ခဲမဖြူရောနှော၍ ထွက်သည်။ ဤသတ္တုတွင်းသည် တကြိမ်က ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အဖိုးတန်ဆုံးသော အဖြိုက်နက်သတ္တုတွင်း ဖြစ်သည်။ ရှေးအခါ ကပင် ဤဒေသ၌ မြန်မာများ လုပ်ကိုင်ခဲ့ပြီးလျှင်၊ ၁၉၁၁ ခုနှစ် တွင် အင်္ဂလိပ်ကုမ္ပဏီ တစ်ခုက စနစ်တကျ တူးဖော်လုပ်ကိုင်သည်။ ၁၉၅၉ ခုနှစ်တွင် ဤသတ္တုတွင်းကို မြန်မာများ ဆက်လက်လုပ်ကိုင်ကြလေသည်။ ထားဝယ်မြို့မှ ဟာမြင်းကြီးတွင်းသို့ မော်တော်ကားဖြင့် သွားနိုင်သည်။ဤတွင်းတွင် သတ္တုတူးဖော်ပုံမှာကျောက်တောင်ကြီးများတွင် လိုဏ်ဂူများ ဖောက်ထွင်း၍ အဖြိုက်နက်အကြော များကို လိုက်လံဖောက်ခွဲပြီးသော် တွန်းလှည်းကလေးများထဲ ထည့်ကာ အပြင်ဘက်တွန်းယူရသည်။ အပြင်ရောက်သော်စက်ကြီး များဖြင့် ကြိတ်ချေကာ သတ္တုများကို ခွဲထုတ်ယူရသည်။ ကျောက်တောင်ကြီးများအကြားတွင် ရှိသော ချောင်းရိုးတစ်လျှောက် တွင်လည်း ယင်းခွက်ဖြင့် ကျင်ယူ၍ သတ္တု … ဖမ်းÚရသည်။ ဤသတ္တုတွင်းတွင် မြေအောက်နှင့် မြေပေါ်သတ္တု တူးသမားပေါင်း ၃ဝဝ ခန့် ရှိလေသည်။

ကလေးဝ[ပြင်ဆင်ရန်]

ကလေးဝတွင်းတွင် ကျောက်မီးသွေး ထွက်သည်။ ၁၉ ရာစုခေတ်ဦး က ကလေးဝဒေသတွင် အင်္ဂလိပ်များ နှစ်အနည်းငယ်မျှ စမ်းသပ်တူးဖော်ခဲ့ဘူးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် သတ္တုတွင်းဌာနမှ ဤကလေးဝ ကျောက်မီးသွေးတွင်းကို သတ္တုတွင်းဌာနမှ က္ကကလေးဝကျောက်မီးသွေးတွင်းကို စနစ်တကျ စတင်တူးဖော် ဆောင်ရွက်၍၊ ၁၉၅၄ ခုနှစ်တွ် ဓာတ်သတ္တု ပင်ရင်းအခြေအမြစ်များ တိုးတက်အောင် ဆောင်ရွက်ရေး ကော်ပိုရေးရှင်းက တာဝန်လွှဲယူ၍ ဦးစီလုပ်ကိုင်သည်။ ဤကျောက်မီးသွေးတွင်းသည် အထက် ချင်းတွင်းခရိုင် (ယခုမော်လိုက်ခရိုင်) ကလေးဝမြို့နယ်တွင် ရှိပြီးလျှင် ကေးလဝမြိုမှ ဖြစ်စေ၊ ကလေးမြို့မှဖြစ်စေ မော်တော်ကားဖြင့် သွားနိုင်သည်။ မြေအောက် ကျောက်မီးသွေးတူးသမားများ လေကောင်း လေသန့်ရရှိစေရန် လေစုပ်ပန်ကာကြီးတစ်ခု တပ်ဆင်ထားသည်။ ဤတွင်းတွင် မြေအောက်ကျောက်မီးသွေး တူးသမား ၃ဝဝ လုပ်ကို်နေသည်။

ပတ္တမြားတွင်း[ပြင်ဆင်ရန်]

ပတ္တမြား၊ ကျောက်နီ၊ မြ၊ နီလာ၊ ဥဿဖယား အစရှိသော ကျောက်မျက်ရတနာများ တူးဖော်ခြင်းကို ခြောက်ရာစုခေတ်မှစ၍ ရှမ်းများ လုပ်ကိုင်ပြီးလျှင်၊ မြန်မာဘုရင်များအား အခွန်ဆက်ရသည်။ ၁၅၉ရ ခုနှစ်မှ စ၍ မြန်မာ ဘုရင်များ အုပ်ချုပ်လုပ်ကိုင်သည်။ ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ပတ္တမြားလုံးဖြစ်သော ရတီချိန် ၉ဝ ကျော်ရှိသည့် နန်းစဉ် ငမောက် ပတ္တမြားလုံးကြီးသည် အင်းဝဘုရင် ပြည်မင်း လက်ထက်တွင် ထွက်ခဲ့၍၊ လှော်ကားတင်ကြီး၊ လှော်ကား တင်ကလေး စသည့် အခြားပတ္တမြားလုံးကောင်းများလည်း ကုန်းဘောင်မင်းလက်ထက်က ထွက်ခဲ့သည်။


၁၈၈၅ ခုနှစ်မှ ၁၉၂၅ခုနှစ်ထိ အင်္ဂလိပ်ကုမ္ပဏီ တစ်ခုက စနစ်တကျ လုပ်ကိုင်ခဲ့သည်။ ပတ္တမြားတွင်းများသည် မန္တလေးခရိုင်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ ကျတ်ပြင်၊ ကသည်းအစရှိသော …ရတနာမြေÚများတွင် ရှိသည်။ ထိုရတနာမြေများသို့ သွားရန် ခရီးစဉ်မှာ မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း သပိတ်ကျင်းမြို့သို့ သင်္ဘောဖြင့်ဖြစ်စေ၊ မိုးကုတ်မြို့သို့ မော်တော်ကားဖြင့် ဖြစ်စေ သွားရောက်နိုင်သည်။ ကျောက်မျက်ရတနာ တူးဖော်နည်း လေးမျိုးရှိပေသည်။ ထိုနည်းများမှာ မျောတွင်း၊ တွင်းလုံး၊ လူးတွင်းနှင့် အင်းတွင်းတို့ပင် ဖြစ်သည်။ မျောတွင်းနည်းမှာ ရတနာ ပါရှိပုံရသော တောင်စောင်းမှ မြေကို တူးဆွမျှောချ ပြီးလျှင်၊ ယင်းမြောင်းထဲတွင် ဗြုံးမြေ ဖမ်းကာ ဗြုံးမြေထဲတွင် ရတနာရှာရသည်။ ဤတူးနည်းတွင် သတ္တုတူးသမား သုံးယောက်မှ ငါးယောက်ထိလိုသည်။ တွင်းလုံးနည်းမှာ နွေရာသီတွင် လူကိုယ် လှည့်သာရုံမျှသာ ကျယ်ဝန်သော စိုက်တွင်း ငယ်တူး၍ မြေအောက်သို့ ဆင်းပြီးလျှင်၊ ဗြုံးမြေများ တွေ့ရှိသည့်အခါ အလျားလိုက် တူး၍ ခွက်ထဲထည့်ကာ ကြိုးဖြင့် အပေါ်သို့ ဆွဲတင်ပြီးနောက်၊ ရေဆေး၍ ရတနာ ရှာရသည်။ ဤတူးနည်းတွင် သတ္တုတူးသမား သုံးယောက်ခန့်လိုသည်။ လူးတွင်းနည်းမှာ ထုံးကျောက်အကြားတွင်ရှိသော ဗြုံးမြေမှ ရတနာရှာရသောကြောင့် ယမ်းဘီလူးများကို အသုံးပြုရသည်။ ထုံးကျောက်ကို ဆောက်ဖြင့် လိုဏ်ဂူတူး၍ဖြစ်စေ၊ သဘာဝအလျောက် ဖြစ်ပေါ်နေသော ထုံးကျောက် ပပ်ကြားအက်များ၌ ဖြစ်စေ ဗြုံးမြေရှာ ရသည်။ ဤတူးနည်းတွင် မြေပြင်တွင် ချိုင့်ကြီးများ တူ၍၊ ထိုမှတဖန် ယင်းမြောင်းထဲသို့ ရေစုပ်စက်ကြီး များဖြင့် စုပ်တင်ယူပြီးလျှင် ဗြုံးမြေထဲမှ ရတနာရှာရသည်။ ဤတူးနည်းတွင် သတ္တုတူးသမား ခုနစ်ယောက်ထက်မနည်း လိုပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ယခုအခါ ပတ္တမြားတွင်းပေါင်း ၁ဝဝဝ ခန့်ရှိသည်။

ကျောက်စိမ်းတွင်း (မှော်)[ပြင်ဆင်ရန်]

ကျောက်စိမ်းတွင်း လုပ်ငန်းကို ရှေးအခါက ကချင်(ကံစီ ဒူးဝါး)များ စတင်လုပ်ကိုင်ခဲ့သည်။ အခွန်တော်ငွေကို မိုးကောင်း မှော်စားက ကောက်ခံရသည်။ ရရှိသော အခွန်တော်ငွေကို ပုဂံခေတ် အနော်ရထာမင်းလက်ထက် မှစ၍ မြန်မာမင်း အဆက်ဆက်အားတင ်ဆက်ရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်တွင်းရှိ ဖားကန်မှော်၊ လုံးခင်းမှော်၊ ဝှေးခါးမှော်၊ မှော်ကြီး၊ ကံစီမှော်အစရှိသော မှော်များတွင် ကျောက်စိမ်းများ ထွက်သည်။ ကျောက်စိမ်းတွင်းများသို့သွားရန် ခရီးစဉ်မှာ မိုးကောင်းမြို့မှ ကားမိုင်မြို့၊ လုံးခင်မြို့သို့ မော်တော ကားဖြင့်သွား၍ ထိုမျတစ်ဆင့် ပတ်ဝန်းကျင်ရှိ မှော်များသို့ နွေရာသီတွင် မော်တော်ကားဖြင့် သွားနိုင်၍၊ မိုးရာသီတွင် မြည်းလမ်းအတိုင်း သွားနိုင်သည်။ အချို့မှော်များမှာ တောင်စောင်း တွင် ထွက်ပေါ်နေသော ကျောက်စိမ်းအကြောကြီးများကို လိုက်တူး၍ တဖြည်းဖြည်း တောင်ကိုထွင်း၍ တူးဖော်ရသည်။ ယမ်းဘီဘူး အသုံးပြုသောအခါ လိုဏ်ဂူပြိုကျဖွယ်ရာရှိလျှင် ဆောက်ဖြင့်သာ ထွင်းရသည်။ အခြားမှော်များတွင် ပတ္တမြားတွင်းကဲ့သို့ စိုက်တွင်းများ၊ မျောတွင်းများပြု၍ တူးဖော်ရှာဖွေရသည်။ လေးလံသော ကျောက်တုံး ကြီးများကို ကျောက်မီးသွေးဖြင့် မီးပူပေး၍ ရေဖျန်းခြင်းအားဖြင့် ခွဲရသည်။ မှော်တွင်း နက်သည်ထက် နက်လာသောအခါ ရေများ ထွက်လာလေ့ရှိသောကြောင့် ရေစုပ်စပ်ကို အသုံးပြုရသည်။ ဆောင်းရာသီပေါက်သည့်အခါ ရှေးဦးစွာ မှော်ထဲရှိ ရေများကို စုပ်တင်ရသည်။ ထိုနောက် ရွံ့များကို ဖယ်ရှားပစ်ရသည်။ နွေရာသီရောက်မှသာ မှော်တူးသည့် လုပ်ငန်းကို စလေ့ရှိသည်။ မှော်တွင်းတစ်ခုလျှင် သတ္တုတူးသမား ငါးယောက်ခန့် လုပ်ကိုင်ကြသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မှော်တွင်းပေါင်း ၁ဝဝဝ ခန့်ရှိသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသည် သယံဇာတ သဘာဝသတ္တု ရတနာ၊ ကျောက်မျက် ရတနာ အဖိုးတန်းများဖြင့် ကုံလုံကြွယ်ဝလှပေသည်။ ချောင်းရိုး မြစ်ရိုးတစ်လျှောက် စက်ကိရိယာမသုံးဘဲ ယင်းခွက်ဖြင့် ကျင်ယူရုံမျှဖြင့် ရွှေမှုန့်ကလေးများ ရနိုင်သည်။ တောင်စောင်း တောင်ကြီးများကို ဖြိုချ တူးဖော်လျှင်၊ ငွေ၊ ခဲ၊ သံ၊ ကြေးနီ၊ သွပ်၊ ဝူဖရန်၊ ခဲမဖြူ၊ ခနောက်စိမ်း အစရှိသော သတ္တုမျိုးစုံရနိုင်သည်။ ထိုတောတောင်ကြီးများအကြားရှီ မြေပြန့်လွင်ပြင် တစ်လွှားတွင်လည်း အဖြိုက်နက်၊ ခဲမဖြူ၊ ကျောက်စိမ်း၊ ပတ္တမြား အစရှိသော သတ္တု ရတနာမျိုးစုံ ရနိုင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီ မြစ်ရိုးတလျောက်တွင် ရေနံများစွာ ရရှိနိုင်သည်။ ဤကဲ့သို့ သဘာဝသတ္တုရတနာမျိုးစုံ ကြွယ်ဝနေသော်လည်း မြန်မာလူမျိုးတို့သည် သတ္တုတွင်း လုပ်ငန်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက်မှသာ တစ်စတစ်စ စိတ်ဝင်စား၍ ဝင်ရောက် လုပ်ကိုင် ကြသောကြောင့် ယခုတိုင် ခေတ်မီနည်းဖြင့် တူးဖော်သော သတ္တုတွင်း အလွန်ပင် နည်းပါးလေသည်။ ကမ္ဘာပေါ်ရှိ တိုးတက်နေသော နိုင်ငံတိုင်းတွင် သတ္တုတွင်း လုပ်ငန်းသည် အလွန်အရေးကြီးသော စီးပွားရေး တစ်ရပ်ပင် ဖြစ်သည်။ ထိုကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ

အစိုးရက အရေးကြီးသော သတ္တုတွင်းများကို ပြည်သူပိုင်ပြုလုပ်၍ လုပ်ကိုင်နေသည်။ သတ္တုတွင်းဌာနမှ သတ္တုတွင်းညွှန်ကြားရေးဝန်က သတ္တုတွင်းဝန်ကြီးဌာနအား သတ္တုတွင်းလုပ်ငန်းနှင့် သက်ဆိုင်သော အုပ်ချုပ်ရေးနှင့် စီမံကိန်းများတွင် အကြံဉာဏ်ပေးရသည်။ သတ္တုတွင်းစစ်ဆေးရေး ဝန်များကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ အနှံ့အပြားသို့ ခက်ခဲပင်ပန်းစွာ သွားရောက်၍၊ သတ္တုတွင်းလုပ်ငန်း တိုးတက်စေရန်နှင့် သတ္တုတွင်း တူးသမားများ ဘေးရန်ကင်းရှင်း၍ ကျန်းမာစေရန် ညွှန်ပြ ကြပ်မပေးရလေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)