မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်း

ဝီကီပီးဒီးယား မှ
မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်ရုံးအမှတ် (၁၉)၊ နေပြည်တော်
ဝန်ကြီးများဦးခင်မောင်ရီ
ဌာနအကြီးအမှူးများဦးအောင်ညွန့်သိန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mge.gov.mm

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (အင်္ဂလိပ်: Myanma Gems Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • ဦးဆောင်ညွှန်ကြားရေးမှူး
  • အထွေထွေမန်နေဂျာ (စီမံ)
  • အထွေထွေမန်နေဂျာ (စီမံကိန်း)
  • အထွေထွေမန်နေဂျာ (ကျောက်မျက်)
  • အထွေထွေမန်နေဂျာ (ကျောက်စိမ်း)
  • ဌာနများ -
  • မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)၊ နေပြည်တော် -
  • စီမံဌာန၊
  • ငွေစာရင်းဌာန၊
  • နေပြည်တော်ပြတိုက်ဌာန၊
  • မှတ်တမ်းနှင့်လိုင်စင်ဌာန၊
  • ရတနာပြပွဲဆိုင်ရာနှင့်ဥပဒေရေးရာဌာန၊
  • ရောင်းဝယ်ရေးဌာန (ကျောက်မျက်)၊
  • ရောင်းဝယ်ရေးဌာန (ကျောက်စိမ်း)၊
  • ရန်ကုန်ပြတိုက်ဌာန။
  • မိုးကုတ်တူးဖော်ရေးဌာန
  • မိုင်းရှူးတူးဖော်ရေးဌာန
  • မိုးကုတ်တူးဖော်ရေးဌာန (မန္တလေးစခန်းရုံး)
  • လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန
  • လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (မြစ်ကြီးနားစခန်းရုံး)
  • လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (မိုးညှင်းစခန်းရုံး)
  • လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (ခန္တီးစခန်းရုံး)

ရည်မှန်းချက်များ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်။
  • ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းများကို နိုင်ငံသားကုမ္ပဏီနှင့် သမဝါယမအသင်းများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်။
  • ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာရောင်းဝယ် ဖောက်ကား နိုင်ရေးအတွက် ကျောက်မျက် ရတနာဈေးများ ဖွင့်လှစ်ထားရှိရန်။
  • ကျောက်မျက်ရတနာအရိုင်းများကို ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့်ထုတ်ကုန် အချောထည်နှင့် လက်ဝတ် ရတနာများ ထုတ်လုပ်ပြီး အချောထည်ဈေးကွက် ပိုမိုဖြစ်ထွန်း တိုးတက်စေရေး ဆောင်ရွက်ရန်။[၁]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

http://www.mge.gov.mm/ Archived 25 February 2020 at the Wayback Machine.

  1. မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန။ 2 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။