မာတိကာသို့ ခုန်သွားရန်

နွယ်တမယ်တံတား

ဝီကီပီးဒီးယား မှ
နွယ်တမယ်တံတား ဆင်ဖြူကျွန်းမြို့
ကိုဩဒိနိတ်21°18′2.8″N 95°3′37″E / 21.300778°N 95.06028°E / 21.300778; 95.06028
သယ်ဆောင်မှုနှစ်လမ်းသွားကားလမ်း၊ လူသွားလမ်း
ဖြတ်သန်းမှုဆင်ဖြူကျွန်းချောင်း ခေါ် စလင်းချောင်း
တည်နေရာဆင်ဖြူကျွန်းမြို့
အမည်နွယ်တမယ်တံတား
အခြားအမည်များဆင်ဖြူကျွန်းတံတား
အချက်အလက်များ
တံတားဒီဇိုင်းသံကူ ကွန်ကရစ်တံတား
စုစုပေါင်းအရှည်၁၄၂၀ ပေ[]
အကျယ်၃၀ ပေ
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် ၆၀ တန်
သမိုင်းကြောင်း
ဆောက်လုပ်သူပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
စတင်ဆောက်လုပ်ချိန်၂၀၁၉

နွယ်တမယ်တံတား သည် မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ဆင်ဖြူကျွန်းမြို့ ရှိ မင်းဘူး ဆင်ဖြူကျွန်း ဆိပ်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသော စလင်းချောင်းခေါ် ဆင်ဖြူကျွန်းချောင်း ကို ဖြတ်သန်းဖောက်လုပ်ထားသောတံတားတစ်စင်းဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ပေါ်နှင့် နွယ်တမယ်ရွာကို ဆက်သွယ်ပေးပြီး ဒေသတွင်း သွားလာရေးသာမက ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသောကြောင့် သွားရေးလာရေးအတွက် အရေးပါသောတံတားဖြစ်သည်။

ယခင်အသုံးပြုခဲ့သော တံတားဟောင်းမှာ ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး အရှည်ပေ ၁၀ဝ၀၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေခွဲ တစ်လမ်းသွား သံဘောင်သုံးခုပါ ဘေလီတံတားအမျိုးအစားဖြစ်၍ ယာဉ်သွားလမ်းကျဉ်းမြောင်းပြီး အချက်ပြမီးစနစ်ဖြင့် တစ်စီးပြီးမှ တစ်စီး သွားလာနေသဖြင့် တံတားသစ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[]

တံတားကို အရှည် ၁၄၂၀ ပေ၊ အကျယ် ၃၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ် ၃ ပေနှစ်ဖက်ပါ၊ အောက်ခံအုတ်မြစ် 1.5m Bored Pile တံတားကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့်ရေလည်တိုင်၊ တံတားအပေါ်ထည် 100’ PC Girder သံကူကွန်ကရစ် ကြမ်းခင်းနှင့် လက်ရန်းတို့ပါဝင်ကာ ခွင့်ပြုယာဉ်အလေးချိန် ခံနိုင်ဝန်အားတန်ချိန် ၆၀ ၊ တံတားခန်းဖွင့် ၁၀ဝ ပေ (၁၀) ခန်း၊ ၆၀ ပေ (၇) ခန်းဖြင့် တည်ဆောက်ထားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. "လက်ရှိအစိုးရလက်ထက်တွင် တံတားပေါင်း ၅၂၀ ကျော်ဆောက်လုပ်ခဲ့ဟုဆို"၊ iMyanmarHouse.com၊ ၁၁ စက်တင်ဘာ ၂၀၂၀။
  2. 1 2 "စလင်းချောင်းကူး နှစ်လမ်းသွား သံကူကွန်ကရစ် (နွယ်တမယ်)တံတား တည်ဆောက်နေ" (in my)၊ MDN - Myanmar DigitalNews၊ ၂၇ ဧပြီ ၂၀၁၉ 22 October 2023 တွင် ပြန်စစ်ပြီး Archived from the original on 3 May 2025။