ဧရာဝတီတံတား (မကွေး)
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
| ဧရာဝတီတံတား (မကွေး) | |
|---|---|
| ဖြတ်သန်းမှု | ဧရာဝတီမြစ် |
| တည်နေရာ | မကွေးမြို့ နှင့် မင်းဘူးမြို့ |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | Warden Truss |
| စုစုပေါင်းအရှည် | ပင်မတံတားအရှည် ၆၉၆၉ ပေ၊ ချဉ်းကပ်တံတားများအရှည် ၂ဝ၂ဝ ပေ၊ စုစုပေါင်း တံတားအရှည် ၈၉၈၉ ပေ |
| အကျယ် | ယာဉ်သွားလမ်း ၂လမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ဝမ်းကင်းလတ် လူသွားလမ်း တစ်ဖက်လျှင် ၆ ပေစီ |
| တံတားအခန်းရေ | ၁၈ခု |
| ခံနိုင်ဝန်အား | ယာဉ်တစ်စီးချင်း တန် ၆၀ |
| တံတားအပေါ်အမြင့် | ၅၇ ပေ (၁၇.၃ မီတာ) |
| ရေလမ်း ကင်းလွတ်အမြင့် | ၅၇ ပေ (၁၇.၃ မီတာ) |
| သမိုင်းကြောင်း | |
| လုပ်ငန်းပြီးဆုံးချိန် | ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ |
| ဖွင့်လှစ်သည့်နေ့ | ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ |
ဧရာဝတီတံတား (မကွေး) သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် မကွေးမြို့၏အနောက်ဘက် မင်းဘူးမြို့သို့ ဧရာဝတီမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသော တံတားတစ်စင်းဖြစ်သည်။
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]ပင်မတံတားအရှည် ၆၉၆၉ ပေ၊ ချဉ်းကပ်တံတားများအရှည် ၂ဝ၂ဝ ပေ၊ စုစုပေါင်း တံတားအရှည် ၈၉၈၉ ပေရှိသည်။ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ဝမ်းကင်းလတ် လူသွားလမ်း တစ်ဖက်လျှင် ၆ ပေစီရှိပြီး တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေ အကျယ် ၃၆ဝ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၅၇ ပေ ရှိသည်။ သံမဏိသံပေါင်တံတား ( Warden Truss Bridge ) အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်း တန် ၆၀ ဖြင့် ဖြတ်သန်းခွင့်ပြု ထားသည်။ ပင်မတံတားအခန်းမှာ ၁၈ခု ရှိပြီး ၁ခုစီ မှာ ၃၉၀ ပေ ရှိသည်။ ရေလယ်ရှိကျွန်းပေါ်တွင် တံတားတိုင် ၁၁ခု ပါဝင်သည်။