မာတိကာသို့ ခုန်သွားရန်

နဂါးပွက်တောင်

ဝီကီပီးဒီးယား မှ

နဂါးပွက်တောင်သည် မကွေးတိုင်းဒေသကြီးမင်းဘူးမြို့တောင်ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ရှိသည်။ ဘူမိပညာရှင်များအလိုအရ ရွှံ့မီးတောင်များ ဖြစ်ကြသည်။ နဂါးပွက်တောင်ဟု ခေါ်ဆိုကြသည့် ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်၊ ထိပ်ဝ ၈ ပေခန့်ရှိသည်။ ထိပ်ဝမှာ ချိုင့်နေပြီး ၂ ပေခန့်ရှိသော ရွှံ့ရေဗွက်များက အသံမြည်ကာ ပွက်ဆူလျက်ရှိပြီး ဆင်ခြေလျှာအတိုင်း ပေ ၇၀ ခန့်အထိ စီးဆင်းကျလျက်ရှိသည်။[]


သမိုင်းမတင်မီခေတ်က မီးတောင်အတွင်းမှ သတ္တဝါတစ်ကောင်ကောင်ကြောင့် ရွှံ့ရည်ပွက်သည်၊ ရွှံ့ရည်ပူထဲ နေနိုင်သောသတ္တဝါမှာ နဂါးဖြစ်ရမည် ဟု ယူဆကြပြီး နဂါးပွက်တောင် ဟု အမည်တွင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. တင်နိုင်တိုး (စက်တင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၂၂။