မကွေးတိုင်းဒေသကြီး တရားလွှတ်တော်

ဝီကီပီးဒီးယား မှ
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်
High Court of the Magway Region
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာဆားရွှေကင်းရပ်ကွက်၊ မကွေးမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်magway.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဒေါ်မိမိမော်
စတင်တာဝန်ထမ်းဆောင်၁၀ အောက်တိုဘာ ၂၀၂၃

မကွေးတိုင်းဒေသကြီးတရားလွှတ်တော် သည် မကွေးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၅)ရုံးနှင့် မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် မကွေးတိုင်းဒေသကြီးတရားရုံးကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်သည် မကွေးမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁မှလက်ရှိ)[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ကို  ခရိုင်တရားရုံး (၅)ရုံးနှင့် မြို့နယ်တရားရုံး (၂၅)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]

ခရိုင်တရားရုံးများ[ပြင်ဆင်ရန်]

  • မကွေးခရိုင်တရားရုံး
  • ပခုက္ကူခရိုင်တရားရုံး
  • သရက်ခရိုင်တရားရုံး
  • မင်းဘူးခရိုင်တရားရုံး
  • ဂန့်ဂေါခရိုင်တရားရုံး

မြို့နယ်တရားရုံးများ[ပြင်ဆင်ရန်]

  • မကွေးမြို့နယ်တရားရုံး
  • ရေနံချောင်းမြို့နယ်တရားရုံး
  • ချောက်မြို့နယ်တရားရုံး
  • တောင်တွင်းကြီးမြို့နယ်တရားရုံး
  • နတ်မောက်မြို့နယ်တရားရုံး
  • မြို့သစ်မြို့နယ်တရားရုံး
  • ပခုက္ကူမြို့နယ်တရားရုံး
  • ရေစကြိုမြို့နယ်တရားရုံး
  • မြိုင်မြို့နယ်တရားရုံး
  • ပေါက်မြို့နယ်တရားရုံး
  • ဆိပ်ဖြူမို့နယ်တရားရုံး
  • သရက်မြို့နယ်တရားရုံး
  • အောင်လံမြို့နယ်တရားရုံး
  • မင်းလှမြို့နယ်တရားရုံး
  • မင်းတုန်းမြို့နယ်တရားရုံး
  • ဆင်ပေါင်ဝဲမြို့နယ်တရားရုံး
  • ကံမမြို့နယ်တရားရုံး
  • မင်းဘူးမြို့နယ်တရားရုံး
  • ပွင့်ဖြူမြို့နယ်တရားရုံး
  • စလင်းမြို့နယ်တရားရုံး
  • ငဖဲမြို့နယ်တရားရုံး
  • စေတုတ္တရာမြို့နယ်တရားရုံး
  • ဂန့်ဂေါမြို့နယ်တရားရုံး
  • ထီးလင်းမြို့နယ်တရားရုံး
  • ဆောမြို့နယ်တရားရုံး

တရားသူကြီးများ[ပြင်ဆင်ရန်]

၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မကွေးတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ