ဇွန်း
ပုံပန်းသွင်ပြင်
ဇွန်း သည် ညွတ်ပြီးခွက်နေသည့် အဝိုင်းသဏ္ဌာန်ခွက်တစ်ခု ပါရှိသည့် ပန်းကန်ခွက်ယောက်တစ်ခု ဖြစ်သည်။ ဇွန်းသည် အသုံးပြုမှုအလျောက် အမျိုးအစား အမျိုးမျိုး ရှိကြသည်။ ဇွန်းများကို အစားအစာချက်ပြုတ်ပြင်ဆင်ရာတွင် တိုင်းတာရန်၊ ရောမွှေရန်အတွက် အသုံးပြုကြသည်။ ယခုခေတ်ကာလအချိန်တွင် ဇွန်းများကို ငွေ၊ သစ်သား၊ ပလတ်စတစ် အစရှိသည့် ပစ္စည်းတို့ဖြင့် ပြုလုပ်ကြသည်။