ပြည်လမ်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဟံသာဝတီအဝိုင်းနှင့် ပြည်လမ်း၊ ရန်ကုန်
ပြည်လမ်း၊ ရန်ကုန်

ပြည်လမ်းသည် ရန်ကုန်မြို့ကို ဖြတ်သန်းသွားသော အဓိကလမ်းမကြီး တစ်ခုဖြစ်ပြီး မန္တလေးမြို့သို့ သွားနိုင်သော အမှတ် (၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး၏ ပထမအဆင့်လည်းဖြစ်သည်။ ပြည်လမ်းသည် မြို့၏ အနောက်အလယ်ပိုင်းကို တောင်မှ မြောက်သို့ ဖြတ်သန်းသွားသည်။ ပြည်လမ်းပေါ်တွင် အရေးကြီးသော အဆောက်အဦများဖြစ်သော ဘဏ်များ၊ ဆေးရုံများ၊ များလှစွာသော အစိုးရရုံးများ၊ အသံလွှင်ရုံများ တည်ရှိသည်။ ထိုအထဲတွင် အမျိုးသားပြတိုက်၊ ယခင်အမျိုးသားပါလီမန် အဆောက်အဦဟောင်း၊ ပြည်သူ့ဥယျာဉ်ရန်ကုန်တက္ကသိုလ်တို့ ပါဝင်သည်။