မာတိကာသို့ ခုန်သွားရန်

တာဝတိံသာဘုံ

ဝီကီပီးဒီးယား မှ

မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သော သူတို့၏နေရာဖြစ်သော ဘုံကို တာဝတိံသာနတ်ဘုံ[]ဟု ခေါ်သည်။ [] ဤစကြဝဠာ-မှ တစ်ပါး အခြားစကြဝဠာများ၌လည်း တာဝတိံသာ နတ်ပြည်ရှိသေးသည် []

တာဝတိံသာနတ်ပြည်သည် မြင်းမိုရ်တောင်ထိပ်၌ တည်သောကြောင့် စတုမဟာရာဇ်နှင့် ယူဇနာ ၄၂,၀၀၀ ကွာဝေးသည်ဟု ဆိုကြသည်။

တာဝတိံသာနတ်ပြည်၏ တည်နေပုံမှာ ယူဇနာတစ်သောင်း ကျယ်ပြန့်သည်။[]

ထိုနတ်ပြည်၌ တံခါးပေါင်း တစ်ထောင်ရှိ၍ အရှေ့တံခါးနှင့် အနောက်တံခါး၊ တောင်နှင့် မြောက်တံခါးတို့သည် ယူဇနာတစ်သောင်း ကွာဝေးသည်။ တံခါးပေါင်း ၁-ထောင်ရှိ၍ ဥယျာဉ် ရေကန်တို့ဖြင့် တန်းဆာဆင်ထား၏၊

နတ်ပြည်၏အလယ်တွင် ရတနာခုနှစ်ပါးနှင့် စီခြယ်ထားသော ယူဇနာတစ်ထောင် မြင့်သော ဝေဇယန္တာပြာဿဒ်ကြီး တစ်ခုရှိသည်။ ထို ပြာဿဒ်ကြီးကို ယူဇနာသုံးရာ မြင့်သော ထီးတံခွန်တို့ဖြင့် ဝိုင်းရံထားလျက် ရှိလေသည်။ []

ထို့ပြင် ယူဇနာငါးဆယ်ကျယ်သော နန္ဒာရေကန်နှင့် နတ်သစ်ပင်၊ ပန်းပင်တို့ဖြင့် ဝေဆာသော ယူဇနာခြောက်ဆယ်ရှိသော ဥယျာဉ်ကြီး(၅)ခု တို့သည်လည်း သာယာကြည်နူးဖွယ် ရှိသည်။

ဥယျာဉ်ကြီး(၅)ခု

[ပြင်ဆင်ရန်]

(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁ဝဝဝ)ကျယ်၍ နတ်တို့နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။

(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ ဖက်သက်အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။

(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅ဝဝ)ကျယ်၍ အာသာဝတီနွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့်ဝင်ထွက်ရာဥယျာဉ်တော်။

(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅ဝဝ)ကျယ်၍ နတ်သားနတ်သမီးတို့ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။

(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ လှပဆန်းကြယ်နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။[]

ထို့အပြင် တာဝတိံသာနတ်ပြည်တွင် ပင်လယ်ကသစ်ပင်ဟူ၍ ရှိသည်။ ပင်လယ်ကသစ်ပင်မှာ အဝန်း ယူဇနာသုံးရာ၊ လုံးပတ် တစ်ဆယ့်ငါးယူဇနာ၊ အမြင့် ယူဇနာတစ်ရာရှိသည်။ ထိုအပင်ရင်း၌ ယူဇနာအားဖြင့် အလျားခြောက်ဆယ်၊ အနံငါးဆယ်၊ ထု တစ်ဆယ့်ငါးယူဇနာရှိသော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တည်ရှိသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ သည် လယ်ခေါင်ရမ်းပွင့် အရောင်အသွေးကဲ့သို့ နီတွေးသောအရောင် အဆင်းရှိသည်။ ၎င်းသည် အလွန်နူးညံ့သော ကမ္ဗလာဖြစ်၍ သိကြားမင်းထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင်ပြန်၍ ပြည့်မြဲပြည့်သော ကမ္ဗလာ ဖြစ်သည်။[]

တာဝတိံသာ၌ ကုသိုလ်ကောင်းမှုပြုရန် စူဠာမဏိစေတီတော် ရှိသည်။ ထိုစေတီတော်သည်ယူဇနာတစ်ရာမြင့်သော မြသားစေတီတော်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆံတော်၊ မကိုဋ်တော်သာမက လက်ယာအထက်စွယ်တော်ပါ ကိန်းဝပ်တည်ရှိပေသည်။

သုဓမ္မာ နတ်သဘင်

[ပြင်ဆင်ရန်]

ထိုနတ်ပြည်၌ အလျားအနံ ယူဇနာ ၃-ရာ, အဝန်း ယူဇနာ ၉-ရာရှိသော သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီးလည်း ရှိသည်။ [] သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏ အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။

(၁) ဝဿူပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေးအတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌စည်းဝေးကာတိုင်ပင်စေခြင်း၊

(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊

(၃) ဓမ္မ သဝနတ္ထံ- တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊

(၄) ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။

ထိုနတ်ဘုံသည် မြင့်မိုရ်တောင်မြေနှင့် ဆက်သွယ်၍ တည်နေသော ဘူမဋ္ဌကဗိမာန် ဖြစ်သည်၊ ထိုဗိမာန်၏ ထက်ဝန်းကျင်၌ကား စကြဝဠာ တံတိုင်းရောက်အောင် ပြန့်နှံ့လျက်ရှိသောကြောင့် မြေနှင့်မစပ်သော အာကာသဋ္ဌက (ကောင်းကင်၌ တည်သော) ဗိမာန်များလည်း ရှိကြသေးသည် [] တာဝတိံသာမှ အထက်ယာမာ စသောနတ်ပြည်များ၌ကား အာကာသဋ္ဌ (ဝါ) “အာကသဇိုဝ်း” နတ်များသာ ရှိကြသည်။ ဤဘုံတွင် သိကြားမင်းနှင့် ပဇာပတိ၊ ဝရုဏ ဤသာန စသော (၃၃)ပါးသော နတ်မင်းကြီးတို့ စံနေကြသည်။ တာဝတိံသာနတ်သက်သည် အနှစ်(၁၀၀၀)ဖြစ်သည်။

လူတို့၏ နှစ်အရေအတွက် သုံးကုဋေခြောက်သန်းရှိသည်။

လူတို့၏ နှစ်(၁၀၀)သည် တာဝတိံသာနတ်၌ (၁)ရက် ဖြစ်သည်။ [၁၀] [၁၁]

ဆက်စပ်ဖတ်ရှုရန်


ကျမ်းကိုး

[ပြင်ဆင်ရန်]
  1. တာဝတိံသ (န) [တိ+တိံသ။ (တေတ္တိံသ-ဆိုလိုလျက် တေ-ကို တာဝ-ပြု, တ-တလုံး ချေ၍ “တာဝတိံသ” ဟု ပြီးရသည်။) တေတ္တိံသ သဟပုညကာရိနော နိဗ္ဗတ္တာတိ တံသဟစရိတဋ္ဌာနံ တေတ္တိံသံ၊ တဒေဝ တာဝတိံသံ၊ တံနိဝါသော ဧတေသန္တိ တာဝတိံသာ။ နိဝါသဘာဝေါ တေသံ တတ္ထ နိဗ္ဗတ္တနပုဗ္ဗကောတိ အာဟ “ဒေဝါနံ တာဝတိံသာနန္တိ တာဝတိံသ ဘဝနေ နိဗ္ဗတ္တဒေဝါန”န္တိ။ မ၊ဋီ၊၃၊၁၄၈။ (အဘိ၊ဋ္ဌ၊၂၊၅၀၂။ ထေရီ၊ဋ္ဌ၊၁၇၄-၅။ မဟာနိ၊ဋ္ဌ၊၁၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ သံ၊ဋီ၊၁၊၇၃-၄။ အံ၊ဋီ၊၂၊၃၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၄။ ဝိဘာဝိနီ၊၁၆၂။ မဏိမဉ္ဇူ၊၂၊၇။ (တြယသ္တြံ ၐ-သံ)] (၁) တာဝတိံသာနတ်ဘုံ။ (တိ) (၂) တာဝတိံသာနတ်။ (၁) တာဝတိံသေ (ပေတ၊၁၅၉)တိ တာဝတိံသဘဝနေ။ ပေတ၊ဋ္ဌ၊၁၂၉။ အဟံ တာဝတိံသံ ဒေဝလောကံ။ အပ၊ဋ္ဌ၊၁၊၁၂၄။ (တိ) (၂) ဒေဝါနံ တာဝတိံသာနန္တိ ပဌမံ အဘိနိဗ္ဗတ္တေ တေတ္တိံသ ဒေဝပုတ္တေ ဥပါဒါယ ဧဝံ လဒ္ဓနာမာနံ။ အံ၊ဋ္ဌ၊၂၊၁၂၃။ တာဝတိံသာနံ ဒေဝါနံ။ ပေတ၊ဋ္ဌ၊၁၂၀။ တိဒသောပပဇ္ဇထာတိ တာဝတိံသော ဟုတွာ ဥပပဇ္ဇိံ။ နေတ္တိ၊ဋ္ဌ၊၂၃၂။ တာဝတိံသံ(န၊ ပ၊ ဧ)—အဘိ၊ဋ္ဌ၊၂၊၅၀၂။ ထေရီ၊ဋ္ဌ၊၁၇၄။ မ၊ဋီ၊၃၊၁၄၈။ သံ၊ဋီ၊၁၊၇၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၄။ တာဝတိံသော (တိ၊ ပ၊ ဧ)—နေတ္တိ၊ဋ္ဌ၊၂၃၂။ တာဝတိံသာ (တိ၊ ပ၊ ဗ)—ဝိ၊၁၊၂၁။ ဝိ၊၃၊၁၇။ ဒီ၊၁၊၂၀၉။ ဒီ၊၂၊၁၇၊ ၁၆၇။ မ၊၂၊၃၃၂။ သံ၊၁၊၁၃၄။ ၂။ ၂၅၄။ အံ၊၃၊၇၁၊ ၅၃၃။ ဝိမာန၊၅၄။ ထေရီ၊၄၀၁။ ဗုဒ္ဓဝံ၊၃၀၀။ ဇာ၊၁၊၃၀၀။ ဇ ၁၊၂၊၁၂၊ ၁၆၊ ၁၇၆၊ ၂၀၃၊ ၃၆၃။ ပဋိသံ၊၃၃၂။ ဝိ၊ဋ္ဌ၊၃၊၃၇၇။ ဒီ၊ဋ္ဌ၊၂၊၇၊ ၁၃၀၊ ၁၇၁။ မ၊ဋ္ဌ၊၃၊၆၅၊ ၂၄၇။ ဓမ္မ၊ဋ္ဌ၊၂၊၁၈၂။ ထေရီ၊ဋ္ဌ၊၁၇၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၅၄။ စရိယာ၊ဋ္ဌ၊၅၊ဇာ၊ဋ္ဌ၊၁၊၂၁၈။ မဟာနိ၊ဋ္ဌ၊၁၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ မ၊ဋီ၊၃၊၁၄၇။ အံ၊ဋီ၊၂၊၃၁၊ ၁၇၇။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၄။ တာဝတိံသံ (န၊ ဒု၊ ဧ) ဝိ၊၃၊၃၉။ အပ၊၁၊၅၊ ၈၃။ အပ၊၂၊၆၊ ၂၈၊ ၆၃၊ ၇၄၊ ၁၄၁။ ဇာ၊၂၊၂၈၄။ ဝိမာန၊ဋ္ဌ၊၁၄၉။ ထေရ၊ဋ္ဌ၊၁၊၂၆၊ ၃၆၊ ၄၁၊ ၅၂၊ ၆၈၊ ၉၆-၈၊ ၁၀၀၊ ၁၀၇၊ ၂၉၉။ ၃၁၄။ ထေရ၊ဋ္ဌ၊၂၊၅၀၂။ ထေရီ၊ဋ္ဌ၊၁၀၊ ၃၀၊ ၄၄၊ ၅၄၊ ၅၇၊ ၆၁၊ ၉၅၊ ၁၀၇၊ ၁၁၇၊ ၁၃၅၊ ၁၈၀၊ ၁၉၉၊ ၂၀၀၊ ၂၂၂။ အပ၊ဋ္ဌ၊၁၊၁၂၄၊ ၂၇၈။ အပ၊ဋ္ဌ၊၂၊၂၈၃။ မဟာဝံသ၊၂၇။ ၁၈။ တာဝတိံ သေ(တိ၊ ဒု၊ ဗ)—ဒီ၊၂၊၁၇၉၊ ၁၈၆။ သံ၊၂၊၄၀၄။ အံ၊၃၊၁၉၈။ အဘိ၊ က၈၄။ ဝိမာန၊၄၈။ ဇာ၊၂၊၂၈၄။ အဘိ၊ဋ္ဌ၊၁၊၁၅။ ဝိမာန၊ဋ္ဌ၊၁၆၊ ၁၃၈-၉။ ထေရ၊ဋ္ဌ၊၁၊၄၄၂။ ဇာ၊ဋ္ဌ၊၅။ ၂၉၅။ သာရတ္ထ၊၃၊၄၉၆။ တာဝတိံသေဟိ (တိ၊ တ၊ ဗ)–ဝိ၊၃၊၃၂၃။ ဒီ၊၂၊၇၄။ ဝိ၊ဋ္ဌ၊၃၊၃၇၇။ ဒီ၊ဋ္ဌ၊၂၊၁၃၀။ ဥဒါန၊ဋ္ဌ၊၃၇၀။ ဒီ၊ဋီ၊၂၊၁၄၄။ တာဝတိံသာနံ (တိ၊ စ၊ ဗ)–ဒီ၊၂၊၂၁၃။ ပေတ၊ ၁၅၈။ မ၊ဋ္ဌ၊၃၊၂၁၆။ သာရတ္ထ၊၂၊၃၀၁။ မ၊ဋီ၊၃၊၁၄၈။ တာဝတိံသာ = တာဝတိံသတော (န၊ မ၊ ဧ)—အပ၊၁၊၃၀၀။ ဒီ၊ဋ္ဌ၊၂၊၁၄၂။ သံ၊ဋ္ဌ၊၃၊၂၅၀။ တာဝတိံသဿ-(တိ၊ ဆ၊ ဧ)—ဝိ၊ဋ္ဌ၊၃၊၃၇၈။ တာဝတိံသာနံ (တိ၊ ဆ၊ ဗ)–ဒီ၊၂၊၁၇၈၊ ၂၆၀-၁။ မ၊၁၊၃၁၉၊ ၃၅၉။ မ၊၂၊၂၆၆။ သံ၊၁၊၂၂၄။ သံ၊၃၊၂၀၈၊ ၂၉၈။ အံ၊၁၊၁၄၁၊ ၂၁၄၊ ၂၂၈။ အံ၊၃၊၃၀၃။ အဘိ၊က၊၁၅၉။ ဝိမာန၊၃၄။ မဟာနိ၊၃၃။ ဒီ၊ဋ္ဌ၊၂၊၄၊ ၃၉၉။ အံ၊ဋ္ဌ၊၂၊၁၂၃။ အဘိ၊ဋ္ဌ၊၂၊၁၁။ ဝိသုဒ္ဓိ၊၂၊၂၈။ ဝိမာန၊ဋ္ဌ၊၁၁၂။ ပေတ၊ဋ္ဌ၊၁၂၀။ ထေရ၊ဋ္ဌ၊၂၊၅၀၂။ အပ၊ဋ္ဌ၊၁၊၂၇၈။ မဟာနိ၊ဋ္ဌ၊၁၃၃။ မ၊ဋီ၊၂၊၂၂၀။ တာဝတိံသေ(န၊ သ၊ ဧ)—အဘိ၊က၊၄၄၀။ ပေတ၊၁၅၉။ ဝိ၊သင်္ဂဟ၊၄၆၈။ အဘိ၊ဋ္ဌ၊၁၊၁၅။ ပေတ၊ဋ္ဌ၊၁၂၈-၉။ ထေရ၊ဋ္ဌ၊၁၊၃၀၄၊ ၃၂၇။ သာရတ္ထ၊၃၊၄၉၆။ အံ၊ဋီ၊၃၊၃၇၀။ တာဝတိံသေသု (တိ၊ သ၊ ဗ)—ဒီ၊၂၊၁၄၈။ မ၊၃၊၂၄၀။ သံ၊၁၊၂၀၂။ သံ၊၃၊၃၁၉၊ ၃၅၈။ အံ၊၃၊၁၁။ အပ၊၁၊၂၁၈။ မိလိန္ဒ၊၇။ သံ၊ဋ္ဌ၊၃၊၂၄၆။ အဘိ၊ဋ္ဌ၊၁၊၃၁၊ ၃၃၇။ အဘိ၊ဋ္ဌ၊၂၊၄၃၆။ ဝိ သုဒ္ဓိ၊၁၊၂၀၀။ ဥဒါန၊ဋ္ဌ၊၃၄၉။ ဝိမာန၊ဋ္ဌ၊၉၆၊ ၁၀၃၊ ၁၁၀၊ ၁၅၀၊ ၁၆၈၊ ၁၉၀၊ ၁၉၂၊ ၂၂၈၊ ၂၃၂၊ ၂၃၆၊ ၂၄၁၊ ၂၅၂၊ ၂၆၅၊ ၂၆၈၊ ၂၇၂၊ ၂၇၅၊ ၂၈၀၊ ၂၇၂၊ ၂၈၉၊ ၃၀၄။ ပေတ၊ဋ္ဌ၊၁၂၇၊ ၁၃၉၊ ၂၄၃။ သာရတ္ထ၊၃၊၂၂၁။ မ၊ဋီ၊၂၊၂၁။ အံ၊ဋီ၊၃၊၃၁၅။
  2. (သံ၊ဋ္ဌ၊၁၊၂၈။ အဘိ၊ဋ္ဌ၊၂၊၅၀၂။ ထေရီ၊ဋ္ဌ၊၁၇၄-၅။ မဟာနိ၊ဋ္ဌ၊၁၃၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ သာရတ္ထ၊၁၊၂၆၇)။
  3. (အံ၊၁၊၂၂၈။ သံ၊ဋ္ဌ၊၁၊၂၈။ သာရတ္ထ၊၁၊၂၆၇။ ဝိဘာဝိနီ၊၁၆၂။ မဏိမဉ္ဇူ၊၂၊၇)
  4. (ဝိ၊ဋ္ဌ၊၁၊၉၂။ ဝိသုဒ္ဓိ၊၁၊၂၀၀။ သာရတ္ထ၊၁၊၂၆၇)
  5. (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃၊ သာရတ္ထ၊၁၊၂၆၇)
  6. သုတ်မဟာဝါ အဋ္ဌကထာ
  7. (ဓမ္မ၊ဋ္ဌ၊၁၊၁၇၃။ သာရတ္ထ၊၁၊၂၆၈)
  8. (သာရတ္ထ၊၁၊၂၆၉)
  9. (အဘိ၊ဋ္ဌ၊၂၊၅၀၂။ ပဋိသံ၊ဋ္ဌ၊၂၊၂၁၈။ သာရတ္ထ၊၁၊၂၆၇။)
  10. မောင်ဝိဇ္ဇာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  11. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”