မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦး

ဝီကီပီးဒီးယား မှ

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသော ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကိုးကန့်အဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK တို့က မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦး PDF (Peace and Democracy Front)ဟု ပူးပေါင်းမဟာမိတ် ဖွဲ့ထားသည်။

ယခုလ ဩဂုတ် ၈ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရဲအဖွဲ့ ပူးပေါင်း၍ ရှမ်းပြည် (မြောက်ပိုင်း) ရှိ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ကျားရှင် နေအိမ်အား ဝင်ရောက်စီးနင်း၍ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။ စစ်အစိုးရက မူးယစ်ဆေးဝါး ရှာဖွေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

၁၉၈၉ ခုနှစ် ဗကပ လက်အောက်မှ ခွဲထွက်ခဲ့စဉ်က အဆိုပါ အဖွဲ့ ၄ ဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး (PDF) အဖြစ် မဟာမိတ်ပြုထားသော်လည်း မကြာသေးခင်က ၎င်းအဖွဲ့ထဲမှ ဦးစခုန်တိန်ယိင်း ဦးဆောင်သည့် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDAK အဖွဲ့သည် နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအဆိုကို လက်ခံခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ဗကပ လက်အောက်မှခွဲထွက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအဆိုကို လက်မခံဘဲ ကျန်ရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ ကိုးကန့်အဖွဲ့၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့နှင့် သီးခြား မဟာမိတ်ပြုမှု ရှိထားသည်။