မဟာရာဇဝင်သစ်

ဝီကီပီးဒီးယား မှ
မဟာရာဇဝင်သစ်
စာရေးသူတွင်းသင်းတိုက်ဝန် မဟာစည်သူ
နိုင်ငံမြန်မာ့ဘုရင်နိုင်ငံတော်
ဘာသာစကားမြန်မာ
အတွဲမြန်မာရာဇဝင်ကျမ်းများ
အမျိုးအစားရာဇဝင်သမိုင်း
ထုတ်ဝေသည့်ရက်
၁၇၉၈[၁]
ယခင်စာအုပ်မဟာရာဇဝင်ကြီး
နောက်ထွက်စာအုပ်မှန်နန်း ရာဇဝင်

မဟာရာဇဝင်သစ် သည် မြန်မာရာဇဝင်ကျမ်း တစ်ခု ဖြစ်သည်။ တောင်ငူခေတ် ရာဇဝင်ကျမ်းဖြစ်သော မဟာရာဇဝင်ကြီး ၏ တိကျမှုကို စစ်ဆေးရန်နှင့် အသစ်ဖြည့်စွက်ရန်အတွက် ကုန်းဘောင်ခေတ်တွင် စတင်ပြုစုခဲ့ပြီး ၁၇၉၈ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေးသားသူ တွင်းသင်းတိုက်ဝန် မဟာစည်သူအနေဖြင့် ၁၇၈၃ ခုနှစ်နှင့် ၁၇၉၃ ခုနှစ်အကြားတွင် တိုင်းပြည်တစ်ဝှမ်း စုဆောင်းတွေ့ရှိရသော ကျောက်စာပေါင်း ၆၀၀ ကျော်နှင့် ရှိနှင့်ပြီး မှတ်တမ်းများစွာတို့နှင့် စစ်ဆေးတိုက်ဆိုင်ခဲ့ရသည်။[၂] ယင်းသည် အရှေ့တောင်အာရှတွင် ကျောက်စာမှတ်တမ်းများနှင့် ညှိနှိုင်းတိုက်ဆိုင်ကာ ပြုစုထားသော ပထမဆုံး သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သည်။[၃]

မဟာရာဇဝင်သစ်ကျမ်းတွင် ၁၇၈၅ ခုနှစ်အထိ ဖြစ်ရပ်များ ပါဝင်ပြီး ယခင် ရာဇဝင်ကျမ်းများ၏ မှားယွင်းမှုများကို ပြင်ဆင်ထားခြင်းများနှင့် ယခင်ကျမ်းများအား ဝေဖန်ထားမှုများ ပါဝင်သည်။ သို့သော်လည်း ယခင်ရာဇဝင်ကျမ်းများအား ပြင်းထန်စွာ ဝေဖန်ထားမှုများကြောင့် ဘုရင်နှင့် နန်းတော်လွှတ်ရုံးတို့မှ လက်မခံခဲ့ပေ။[၄] ထို့ကြောင့် အပယ်ခံ ရာဇဝင် ဟုလည်း ခေါ်ဆိုကြသည်။[၅]

မည်သို့ပင်ဆိုစေ ကုန်းဘောင်ခေတ်၏ ပထမဆုံး အသိအမှတ်ပြု ရာဇဝင်ကျမ်းဖြစ်သော မှန်နန်း ရာဇဝင် သည် ၁၈၃၂ ခုနှစ်တွင် ပေါ်ထွက်လာခဲ့သည်။ ယင်းရာဇဝင်ကျမ်းတွင် မဟာရာဇဝင်သစ်ကျမ်း၏ ပြင်ဆင်ချက်များ၊ အထူးသဖြင့် ပုဂံခေတ်ဘုရင်များ၏ နန်းသက်ရက်စွဲများကို ပေါင်းစပ်ထည့်သွင်းထားသည်။[၆]

မဟာရာဇဝင်သစ်ကျမ်းသည် ယနေ့အချိန်ထိ လူသိနည်းသော ကျမ်းတစ်စောင် ဖြစ်သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Hall 1961: 88
  2. သော်ကောင်း၊ ၂၀၁၀၊ စာ ၄၄–၄၉
  3. Woolf 2011: 416
  4. သော်ကောင်း၊ ၂၀၁၀၊ စာ ၅၀–၅၁
  5. Hsan Tun in preface of (Hmannan Yazawin 2003: xxxv)
  6. မဟာရာဇဝင်၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၃၄၆–၃၄၉
  7. သော်ကောင်း၊ ၂၀၁၀၊ စာ ၄၄

ကျမ်းပြုစာစုများ[ပြင်ဆင်ရန်]

  • Aung-Thwin၊ Michael A. (2005)။ The Mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 9780824828868
  • Charney၊ Michael W. (2006)။ Powerful Learning: Buddhist Literati and the Throne in Burma's Last Dynasty, 1752–1885။ Ann Arbor: University of Michigan။
  • Hall၊ D.G.E. (1961)။ Historians of South East Asia။ London: Oxford University Press။
  • ကုလား၊ ဦး (၁၇၂၀)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သော်ကောင်း၊ ဦး (၂၀၁၀)။ Aspects of Myanmar History and Culture။ ရန်ကုန်: ကံ့ကော်မြိုင်။
  • Woolf၊ Daniel (2011)။ A Global History of History (reissue, illustrated ed.)။ Cambridge, UK: Cambridge University Press။ ISBN 978-0-521-69908-2