နမ့်ခမ်းမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နမ့်ခမ်းမြို့
ၼမ်ႉၶမ်း
မြို့
Skyline of နမ့်ခမ်းမြို့
နမ့်ခမ်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နမ့်ခမ်းမြို့
နမ့်ခမ်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 23°50′00″N 97°41′00″E / 23.83333°N 97.68333°E / 23.83333; 97.68333ကိုဩဒိနိတ်: 23°50′00″N 97°41′00″E / 23.83333°N 97.68333°E / 23.83333; 97.68333
နိုင်ငံအမည်  မြန်မာ
ပြည်နယ် Flag of the Shan State.svg ရှမ်း
ခရိုင် မူဆယ်
မြို့နယ် နမ့်ခမ်း
မြို့နယ်ရုံးစိုက်ရာမြို့ နမ့်ခမ်းမြို့
လူဦးရေ (၂၀၁၄) ၁၀၇,၀၀၉ [၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

နမ့်ခမ်းမြို့ (အင်္ဂလိပ်: Namhkamရှမ်း: ၼမ်ႉၶမ်း) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ် ၏ မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။

ရာဇဝင်[ပြင်ဆင်ရန်]

ယခင်က ဤနေရာတစ်ဝိုက်တွင် ရွှေထွက်သောကြောင့် ရွှေထွက်သောချောင်းဟုခေါ်ကြသည်။ (နမ့် = ချောင်း+ခမ်း = ရွှေ)

တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မူဆယ်မြို့မှ အနောက်ဖက် ၁၉ မိုင်ခန့်အကွာ၊ ရွှေလီမြစ်တောင်ဖက်ကမ်းတွင်တည်ရှိသည်။ မြောက်ဖက်တွင် ရွှေလီမြစ်ကူးပြီး တရုတ်နိုင်ငံ၊ နောင်တောင်းမြို့သို့သွားလာနိုင်သည်။ ကချင်ပြည်နယ်နယ်စပ် မန်ဝိန်းကြီး(မၢၼ်ႈဝဵင်းလူင်)နှင့် ၅ မိုင်ခန့်ဝေးသည်။ မန်ဝိန်းကြီးမှ တဆင့် ဗန်းမော်သို့ လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းဖြင့် မူဆယ်-မန္တလေးကားလမ်းပေါ်ရှိ နမ့်ဖတ်ကာသို့ ဖြတ်လမ်းရှိသည်။ ထို့ပြင် နမ့်ခမ်း - မုန်းဝီး- နမ့်ဟိုင်း- နမ္မတူ - သီပေါလမ်းကိုလည်း လမ်းကြမ်းအဖြစ် အသုံးပြုနိုင်သည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • နမ့်ခမ်းဆေးရုံကြီး - ကိုလိုနီခေတ်နှင့်ပါလီမန်ခေတ်က အမေရိကန်သာသနာပြုဆေးရုံဖြစ်သည်။ ကျောက်လုံးများဖြင့်လှပစွာတည်ဆောက်ထားသည်။
  • မြို့လယ်ဘုရား
  • စောမွန်လှဘုရား
  • မြို့၏အနောက်ဘက်တွင် ရေပူစမ်းရှိသည်။ မြို့၏အနောက်မြောက်ဖက် ၁၇ မိုင်ခန့်အကွာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆၀၀ ရှိသည့် ရွှေလီ(၁)ရေအားလျှပ်စစ်စက်ရုံတည်ရှိသည်။

လူမျိုးများ[ပြင်ဆင်ရန်]

ရှမ်းလူမျိုးများ အဓိကနေထိုင်သည်။ မြန်မာပြည်ပေါက်တရုတ်များ၊ အစိုးရဝန်ထမ်းများနှင့် ပြည်မမှလာရောက်နေထိုင်သော ဗမာများနေထိုင်ကြသည်။ ပတ်ဝန်းကျင်ရွာများနှင့် တောင်ပေါ်များတွင် ကချင်လူမျိုးများ၊ ပလောင်လူမျိုးများနေထိုင်ကြသည်။

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။ စက်မှုလယ်ယာဖြင့် စပါးကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည်။ ပတ်ဝန်းကျင်တောင်များတွင် ရာဘာ၊ ပြောင်းစသည်များ စိုက်သည်။ ပလောင်လူမျိုးများက လက်ဖက်အဓိကစိုက်သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ သစ်မှောင်ခိုထုတ်ခြင်း၊ မီးသွေးဖုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းများလည်း လုပ်ကိုင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၃၃, retrieved February 28, 2015