နန်းပန်မြို့

ဝီကီပီးဒီးယား မှ
နန်းပန်မြို့
နန့်ပန်
မြို့
နန်းပန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နန်းပန်မြို့
နန်းပန်မြို့
ကိုဩဒိနိတ်: 20°39′N 96°56′E / 20.650°N 96.933°E / 20.650; 96.933ကိုဩဒိနိတ်: 20°39′N 96°56′E / 20.650°N 96.933°E / 20.650; 96.933
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ညောင်ရွှေမြို့နယ်
အချိန်ဇုန်MST (UTC+6:30)

နန်းပန်မြို့ သို့မဟုတ် နန့်ပန်မြို့ သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အင်းလေးဒေသရှိ မြို့တစ်မြို့ ဖြစ်သည်။ နန့်ပန်ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ရပ်ကွက်ဖြင့် မြို့အဖြစ်အဆင့်တိုးမြှင့်ခဲ့​​ခြင်းဖြစ်သည်။

ယခင်က နမ့်ပန်ကျေးရွာအုပ်စုကို ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းထားခဲ့ပြီး ယခုအခါ နမ်းပန်ကျေးရွာကုန့်ကယ်ကျေးရွာကြာတောကျေးရွာတို့ကို ရပ်ကွက်(၁) အဖြစ်လည်းကောင်း၊ ပေါက်ပါးကျေးရွာရေလယ်ကျေးရွာတို့ကို ရပ်ကွက်(၂) အဖြစ်လည်းကောင်း၊ ဈေးပါးကျေးရွာဈေးကုန်းကျေးရွာနောက်ကန်ကျေးရွာတို့ကို ရပ်ကွက်(၃) အဖြစ်လည်းကောင်း၊ သရက်ပင်ကျေးရွာမန်ကျီးကုန်းကျေးရွာ၊ ရေတွင်းပက်ကျေးရွာတို့ကို ရပ်ကွက်(၄)အဖြစ်လည်းကောင်း မြို့အဖြစ်ဖွဲ့စည်းခဲ့သည်။[၁]

နမ့်ပန်ကျေးရွာအုပ်စုကိုယခင် ၁၉၅၉ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်စဉ်က အင်းလေးတောင်ပိုင်းဒေသကို နမ့်ပန်မြို့နယ်အဖြစ် ဖွဲ့စည်းပေးခဲ့ပြီး အင်းလေးဒေသတွင် ညောင်ရွှေနှင့်နန်းပန်မြို့နယ် ၂ ခုရှိခဲ့ရာမှ ပြည်တွင်းမငြိမ်းချမ်းမှု အခြေအနေ‌များကြောင့် နန်းပန်မြို့နယ်ကို မြို့နယ်အဆင့်မှ လျှော့ချပြီး ညောင်ရွှေမြို့နယ်အတွင်းကို ထည့်သွင်းကာ ညောင်ရွှေတစ်မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]