မာတိကာသို့ ခုန်သွားရန်

နောင်ချိုမြို့

ဝီကီပီးဒီးယား မှ
နောင်ချိုမြို့
Skyline of နောင်ချိုမြို့
နောင်ချိုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နောင်ချိုမြို့
နောင်ချိုမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°19′N 96°48′E / 22.317°N 96.800°E / 22.317; 96.800ကိုဩဒိနိတ်: 22°19′N 96°48′E / 22.317°N 96.800°E / 22.317; 96.800
နိုင်ငံမြန်မာနိုင်ငံ
ပြည်နယ်ရှမ်းပြည်နယ်
လူဦးရေ (၂၀၂၀ - ၁၃၂,၅၂၀ဦး)
 • လူမျိုးစုများဓနုရှမ်းဗမာ၊ အခြား
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

နောင်ချိုမြို့ (အင်္ဂလိပ်: Nawnghkio သို့ Naungcho) သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင်ပါဝင်သည်။ နောင်ချိုမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။

နောင်ချို တိုက်ပွဲများ

[ပြင်ဆင်ရန်]

ဇွန် ၂၀၂၄

[ပြင်ဆင်ရန်]

မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ၂၀၂၄ ခုနှစ် ဇွန်လတွင် နောင်ချိုမြို့အား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က သိမ်းပိုက်ခဲ့သည်။[]

ဇွန် ၂၀၂၅

[ပြင်ဆင်ရန်]

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်က ဇွန်လ ပထမပတ်မှစတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပါသည်။ ရှမ်းတောင်နှင့် ရှမ်းမြောက်အစပ် နောင်ချိုမြို့နယ်ရှိ တောင်ခမ်း စစ်ရေးခွင်တွင် စစ်ကောင်စီက အသာစီးရပြီးနောက် နောင်ချိုမြို့ဘက်သို့ ဦးတည်လာခြင်းဖြစ်သည်။[]

နောင်ချိုမြို့သည် ရှမ်းတောင်ပိုင်း၊ မန္တလေးတိုင်း (ပြင်ဦးလွင်) တို့နှင့် ဆက်စပ်နေသလို လားရှိုးမြို့သို့ ပေါက်သည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် နှစ်ဖက်စလုံးအတွက် အရေးပါသော မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သည်။

TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့တွင် နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့သည်။ သို့သော် နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေချရာ တောင်ခမ်းရွာကိုမူ မသိမ်းပိုက်နိုင်ခဲ့ပေ။ တောင်ခမ်းရွာတွင်ရှိသော အမှတ် ၉၀၂ အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် အမြောက်တပ်ရင်း ၃၅၄၊ ၂၀၆၊ ၄၀၆ တို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ TNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင် သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။[]

နောင်ချိုမြို့နှင့် တောင်ခမ်းရွာသည် မိုင် ၂၀ ဝန်းကျင် ကွာဝေးပြီး တောင်ခမ်းကိုသာ သိမ်းပိုက်နိုင်ခဲ့ပါက ရှမ်းမြောက်ဘက်ခြမ်းသာမက ပြင်ဦးလွင်နှင့် မန္တလေးဘက်ခြမ်းအထိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့ကြောင်း မြေပြင်စစ်ရေးရင်းမြစ်များက ပြောသည်။ သို့ရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တောင်ခမ်းကို ထိုးစစ်ဆင်နေသည့် TNLA နှင့် ပူးပေါင်းအဖွဲ့များကို စစ်ကောင်စီက အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ စစ်ရေးအသာစီးရခဲ့ပြီး တပ်နေရာအချို့ကို ပြန်လည်ရရှိခဲ့ကြောင်း စစ်တပ်ထောက်ခံသူများက ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြခဲ့သည်။ ထိုအခြေအနေမှ အင်အားပြန်လည်စုဖွဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် နောင်ချိုမြို့ဘက်သို့ ဦးတည်ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက "အပစ်ခတ်ရပ်စဲတယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ အခု နောင်ချိုဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်" ဟု ပြောကြားခဲ့သည်။ တရုတ်အကူအညီဖြင့် စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ရရှိပြီးနောက် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျသော ပြည်ထောင်စုလမ်းမကြီး ပြန်လည်ပွင့်ရန်အတွက် နောင်ချိုမြို့သည် အဓိကသော့ချက်ဖြစ်နေကြောင်း စစ်ရေးရင်းမြစ်များက သုံးသပ်သည်။ ထို့ကြောင့်လည်း စစ်ကောင်စီက ဤမြို့ကို ပြန်လည်ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။[]

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

မန္တလေးမြို့ပြင်ဦးလွင်မြို့ကျောက်မဲမြို့သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုး လမ်းမကြီးနှင့် မီးရထားလမ်းများဖြင့် ဆက်သွယ်သွားလာနိုင်သည်။ တောင်ကြီးမြို့သို့ အမှတ် ၄၃ ပြည်ထောင်စုလမ်းမကြီးအားဖြင့် ဆက်သွယ်ထားသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. TNLA Seizes Town and Myanmar Regime Positions in Northern Shan State (26 June 2024)။
  2. ၂.၀ ၂.၁ ၂.၂ TNLA ထိန်းချုပ် နောင်ချိုမြို့ကို ပြန်ရဖို့ စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်။ BBC Burmese (၉ ဇွန် ၂၀၂၅)။ 2025-6-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-10 တွင် ပြန်စစ်ပြီး။
  3. Asian Highway in Myanmarunescap.org။ 29 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-01 တွင် ပြန်စစ်ပြီး။
  4. Train travel in Myanmar(Burma)seat61.com။ 2009-02-01 တွင် ပြန်စစ်ပြီး။