မိုင်းရယ်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိုင်းရယ်မြို့[ပြင်ဆင်ရန်]

မိုင်းရယ်မြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်သိန္နီနယ် (မိုင်း ရယ်နယ်)၏ ရုံးစိုက်မြို့ဖြစ်ခဲ့၍ ပင်လယ်ပြင်အထက် အမြင့်ပေပေါင်း ၂၈၅ဝ၊ နမ့်ရယ်မြစ်ပေါ်တွင် တည်ရှိသည်။ တောင်သိန္နီနယ်သည် အကျယ်အဝန်းအားဖြင့် ၂၃၅၁ စတုရန်းမိုင်ရှိ၍ လူဦးရေမှာ ၁၉၅၉ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ၅၇၈၅၆ ယောက်ရှိသည်။ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အုပ်ချုပ်ရေးအာဏာစွန့် လွှတ်ပြီးနောက် ရှမ်းပြည်တွင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစနစ်ကို တီထွင်လိုက် သည့်အခါ မိုင်းရယ်မြို့သည် ရှမ်းပြည်မြောက်ပိုင်းတိုင်း၊ လားရှိုးခရိုင်တွင် ပါဝင် သည့် တောင်သိန္နီနယ်၏ နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာလေသည်။ မိုးရယ်တွင် နယ် ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံး၊ အထူးအုပ်ချုပ်ရေး အရာရှိရုံး၊ အမတ်ချုပ်ရုံး စသည်တို့ ရှိသည်။ မူလတန်းကျောင်းများ၊ ဆေးပေးရုံ၊ သားဖွားရုံ စသည်တို့ လည်းရှိသည်။


မိုင်းရပ်မြို့အနီးတွင် လွယ်လွင် ၊ လွယ်ဖလှိမ်း၊ လွယ်စန့်၊ မိုင်းဟိန်း၊ လွယ်မော် စသည့်တောင်များ သွယ်တန်းတည်ရှိသည်။ ထို့ကြောင့် မြို့၏ဘေး ပတ်လည်သည် သဘာဝရှုခင်း သာယာလှပေသည်။ တောင်ပေါ် စခန်းများသို့ သွားရောက်ပါလျှင် စိမ့်စိမ်းရေတံခွန်များကို တွေ့ရပေမည်။ မိုင်းရယ်မြို့တွင်း နေထိုင်သူအများစုသည် တောင်ယာလယ်ယာ လုပ် ကိုင်ခြင်းဖြင့် အသက်မွေးကြသည်။ အဓိကအားဖြင့် ခြံမြေများကိုပြုစု၍ ကောက် ပဲသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည်။ လယ်ယာခြံမြေမှထွက်သော ဆန် စပါး ကောက်ပဲသီးနှံ့တို့ကို မြို့တွင်းဈေး၌ ရောင်းချသည်။ လမ်းပန်းဆက်သွယ် ရေးအားဖြင့် မိုင်းရယ်မြို့မှ လားရှိုးမြို့၊ သီပေါ၊ တန့်ယန်း၊ ကျေးသီးမံစံ အစရှိ သော မို့များသို့ မော်တော်ကားလမ်းပေါက်သည်။ ထိုလမ်းများသည် ကတ္တရာ လမ်းတစ်ပိုင်း ကျောက်ခဲလမ်းတစ်ပိုင်းဖြစ်သည်။ တစ်ရွာမှ တစ်ရွာသို့ သွားလာ ရာ၌မူကား တောကြိုတောကြားဖြစ်သည့်အလျောက် လှည်းလမ်းနှင့် လူသွားလမ်း ကြမ်းများမှ သွားလာကြသည်။


မိုင်းရယ်မြို့တွင်ရှိသော ထင်ရှားသည့် ဘုရားစေတီတို့မှာ မဟာဗောဓိ စေတီ၊ နောင်ဟောက်စေတီ၊ မဟာမြတ်မုနိရုပ်ပွားစေတီများဖြစ်၏။ ရှေးခေတ် ကာလကတည်းက တည်ရှိသော မန်ပုံရွာတွင် စေတီတစ်ဆူ ရှိပေသေးရာ၊ နှစ်စဉ် တပေါင်းလ၌ ဘုရားပွဲတော်ကျင်းပသည်။ တောင်ပေါ် မိုင်းဟိန်းတွင် မြတ်စွာ ဘုရား၏ လက်ယာ၊ လက်ဝဲခြေတော်များရှိသည့်ပြင် ထင်ရှားသော စေတီတစ်ဆူ လည်းရှိပေသေးသည်။


ယခုအခါ မိုင်းရယ်မြို့တွင် အနုပညာ လက်ရာဆန်းတစ်ခုအနေဖြင့် ထူးဆန်း၍ ကျက်သရေရှိစွာ အလှပန်းရေးခြယ် ပြုလုပ်ထားသော ငွေဆေးတံရှည် များကို ပြုလုပ်ရောင်းချသည်။ တစ်ခုလျှင် ၂၅ဝ ကျပ်တန်ဖိုးရှိသည်။ ထို့ပြင် ငွေဓားလွယ်ရှည်များကိုလည်း ပြုလုပ်ရောင်းချသည်။ မိုင်းရယ်မြို့ကို မည်သည့်အချိန်က စတင်တည်ထောင်ခဲ့ကြောင်း အတိ အကျမသိရပေ။ သို့သော် သက္ကရာဇ် ၃၁၇ ခုနှစ်တွင် သိန္နီစော်ဘွားကြီး၏ ကိုယ် စား နယ်ပိုင်က မိုင်းရယ်မြို့ကို အုပ်ချုပ်ခဲ့ကြောင်း အထောက်အထား တွေ့ရ သည်။ သက္ကရာဇ် ၁၂၄၉ ခုနှစ်အထိ စော်ဘွားကြီး စဝ်နော်မိုင်းနှင့် စော်ဘွားကြီး စဝ်တုန်ဟုန်းတို့၏ လက်ထက်တိုင်အောင် သိန္နီဟုခေါ်ဝေါ်သည်။


မိုင်းရယ်မြို့မှာ မူလက ရွာကြီးနှစ်ရွာကို ပေါင်စပ်ထားသော မြို့ဖြစ် ၏။ ထိုရွှာုကြီးနှစ်ရွာသည် တစ်ရွာနှင့်တစ်ရွာ နှစ်ဖာလုံမျှသာ ဝေးကွာသည်။ အရှေ့မိုင်းရယ် ရွာကြီးသည် တောင်သိန္နီနယ်စော်ဘွား၏ ရုံးစိုက်ရာ ဒေသဖြစ်၍ အနောက် မိုင်းရယ်ရွာမှာကား မိုင်းရယ်တိုက်နယ်မြို့စား၏ ရုံးစိုက်ရာဒေသဖြစ် ၏။ ရွာကြီးနှစ်ရွာစလုံးတွင် ဘုန်းကြီးကျောင်းများရှိ၍ ရွာနှစ်ရွာအကြားတွင် မိုင်း ရယ်ဈေးတည်ရှိသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)