မာတိကာသို့ ခုန်သွားရန်

ညောင်ရွှေမြို့

ဝီကီပီးဒီးယား မှ

ညောင်ရွှေမြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်း တည်ရှိသော သမိုင်းဝင်မြို့တစ်မြို့ ဖြစ်သည်။ ကျော်ကြားလှသော အင်းလေးကန်၏ အနီးတွင် တည်ရှိပြီး နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းဘုရားဖူးများ စည်ကားရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဓိကမြေတိုင်မြို့ ဖြစ်သည်။ ညောင်ရွှေမြို့ကို အဓိကရပ်ကွက် (၈) ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့မှာ နန္ဒဝန်ရပ်ကွက်၊ မိုင်းလီရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မြို့လည်ရပ်ကွက်၊ သာစည်ရပ်ကွက်၊ ဝင်းရပ်ကွက်၊ နန်းပန်ရပ်ကွက်နှင့် ကန်သာရပ်ကွက်တို့ ဖြစ်ကြသည်။

ညောင်ရွှေမြို့
ယွင်ႈႁူၺ်ႇ
မြို့
ညောင်ရွှေမြို့အဝင် ဆိုင်းဘုတ်
ညောင်ရွှေမြို့အဝင် ဆိုင်းဘုတ်
ညောင်ရွှေမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်ရွှေမြို့
ညောင်ရွှေမြို့
ကိုဩဒိနိတ်: 20°39′N 96°56′E / 20.650°N 96.933°E / 20.650; 96.933ကိုဩဒိနိတ်: 20°39′N 96°56′E / 20.650°N 96.933°E / 20.650; 96.933
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ညောင်ရွှေမြို့နယ်
ဧရိယာ
  စုစုပေါင်း၁.၇၁ စတုရန်းမိုင် (၄.၄၃ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၉၁၇ ပေ (၈၈၉ မီတာ)
လူဦးရေ
  လူမျိုးများအင်းသားပအိုဝ်းရှမ်းဗမာ၊ ဂေါ်ရခါး၊ ပလောင်
  ကိုးကွယ်မှုထေရဝါဒဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ
အချိန်ဇုန်MST (UTC+6:30)

ရာဇဝင်နှင့် သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယကုန်းတော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင်ပင် ပေါက်ရောက်လျက်ရှိသည်ကို အစွဲပြု၍ မြို့တည်သောအခါ "ညောင်ရွှေ" ဟု ခေါ်တွင်ခဲ့သည်။[] ရှမ်းဘာသာစကားဖြင့်မူ ယွင်ႈႁူၺ်ႇ (Yawnghwe) ဟု ခေါ်ဆိုပြီး "ကျယ်ပြန့်သော ချိုင့်ဝှမ်း၌ တည်ရှိသောမြို့" ဟု အဓိပ္ပာယ်ရသည်။

ညောင်ရွှေမြို့ကို ခရစ်သက္ကရာဇ် ၁၃၅၃ ခုနှစ် (မြန်မာသက္ကရာဇ် ၇၁၂ ခုနှစ်) တွင် စော်ဘွား ဆီဆိုင်ဖ က တည်ထောင်ခဲ့သည်။ မြို့ပတ်လည်တွင် ကျုံး၊ မြို့ရိုး၊ တံခါးတိုင်များနှင့် ရဲပြေးများ ပြည့်စုံစွာ ဆောက်တည်ခဲ့ပြီး မြို့တွင်း၌ လွှတ်တော်၊ ဟော်နန်းနှင့် ဗဟိုရ်စင်တို့ ထားရှိခဲ့သည်။ ရှေးယခင်က မောကိုးပြည်ထောင်စုတွင် ပါဝင်ခဲ့ပြီး အရန်မြို့ပေါင်း (၃၉) မြို့ ရှိခဲ့သဖြင့် "(၃၉) လုံးမှိုင်း ကမ္ဘောဇရဌ ညောင်ရွှေပြည်ကြီး" ဟု သမိုင်းတွင် ကျော်ကြားခဲ့သည်။

ရွှေရန်ပြည်ဘုံကြီးကျောင်း

စော်ဘွားအစဉ်အဆက် စိုးစံခဲ့သော ဟော်နန်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် မီးဘေးသင့်ခဲ့သဖြင့်၊ သက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် စော်ဘွားကြီး ဆာစဝ်မောင်က ခမ်းနားထည်ဝါသော ဟော်နန်းအသစ်ကို ထပ်မံဆောက်လုပ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ယာယီနိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[]

ပထဝီဝင်နှင့် လူဦးရေ

[ပြင်ဆင်ရန်]

ညောင်ရွှေမြို့သည် အရှေ့နှင့်အနောက် တောင်တန်းကြီးနှစ်ခုအကြားရှိ မြေပြန့်တွင် ဘီလူးမြစ်နံဘေး၌ တည်ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း မီးရထားလမ်းဆုံးမြို့ဖြစ်သော ရွှေညောင်မြို့နှင့် ၇ မိုင်ခန့် ကွာဝေးသည်။ စတုရန်းမိုင်ပေါင်း ၁,၃၉၃ မိုင် ကျယ်ဝန်းပြီး နယ်အတွင်း၌ အင်းသား၊ ရှမ်း၊ ပအိုဝ်းနှင့် ဓနုလူမျိုးများ အများဆုံး နေထိုင်ကြသည်။

စီးပွားရေးနှင့် အင်းလေးကန်

[ပြင်ဆင်ရန်]

ညောင်ရွှေမြို့နယ်အတွင်း အထင်ရှားဆုံးဒေသမှာ စတုရန်းမိုင် ၇၀ ခန့် ကျယ်ဝန်းသော အင်းလေးကန် ဖြစ်သည်။ အင်းလေးကန်အတွင်းရှိ ရေပေါ်ကျွန်းများပေါ်တွင် ကျေးရွာများစွာ တည်ရှိပြီး ၎င်းဒေသမှထွက်ရှိသော အင်းလေးလုံချည်၊ ဇင်းမယ်လုံချည်နှင့် ဘန်ကောက်လုံချည် ပိုးထည်ရက်လုပ်ငန်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ကျော်ကြားသည်။

အဓိက စီးပွားရေးလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။ဟိုတယ်ဇုန်များနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးခြင်း။ရေပေါ်ကျွန်း မျောလှိုင်းများပေါ်တွင် ခရမ်းချဉ်သီး စိုက်ပျိုးခြင်း၊ မြေပြန့်တွင် ကြံနှင့် မြေပဲစိုက်ပျိုးခြင်း။မင်္ဂလာဈေးသည် မြို့၏ အဓိက အချက်အချာကျသော ကုန်သွယ်ရာနေရာ ဖြစ်သည်။

ယဉ်ကျေးမှုနှင့် ပွဲတော်များ

[ပြင်ဆင်ရန်]

ညောင်ရွှေမြို့တွင် လအလိုက် ရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။တန်ခူးလတွင် နှစ်သစ်ကူး သင်္ကြန်ရေကစားပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲ။ကဆုန်ဆွမ်းတော်ကြီးပွဲတော်။နယုန်လတွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ကြီး။[]သီတင်းကျွတ်လတွင် အင်းလေးကန် ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီပူဇော်ပွဲနှင့် အင်းသားရိုးရာ လက်လှော်၊ ခြေလှော် လှေပြိုင်ပွဲများ။တန်ဆောင်မုန်းလတွင် အင်းသားအမျိုးသားနေ့ ပွဲတော်။

ပညာရေး

[ပြင်ဆင်ရန်]

မြို့အတွင်း အခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်း (အထက ၁၊ အထက ၂၊ အထက ၃) အပြင် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရှိသည်။ ထို့ပြင် နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေးအတွက် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) တည်ရှိပြီး ကွန်ပျူတာ၊ လျှပ်စစ်၊ စက်ပြင်လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ (Front Office, Housekeeping, Restaurant Operations) ဘာသာရပ်များကို စနစ်တကျ သင်ကြားပေးလျက်ရှိသည်။

ထင်ရှားကျော်ကြားမှုများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ
  2. 1 2 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]