စောဥမ္မာ (ပင်းယ)

ဝီကီပီးဒီးယား မှ
(စောဥမ္မာ မှ ပြန်ညွှန်းထားသည်)
"စောဥမ္မာ"ကို ဤနေရာသို့ ညွှန်းသည်။ အခြားအမည်တူပုဂ္ဂိုလ်များအတွက် စောဥမ္မာ (သံတူကြောင်းကွဲ)ကို ကြည့်ပါ။
စောဥမ္မာ
အင်းဝမိဖုရားခေါင်
နန်းသက်စက်တင်ဘာ ၁၃၆၄ – စက်တင်ဘာ ၁၃၆၇
ရှေ့မင်းဆက်နေရာအသစ်
ဆက်ခံသူခမည်းမိ
ပင်းယမိဖုရားခေါင်
နန်းသက်၁၂ ဒီဇင်ဘာ ၁၃၅၀ – စက်တင်ဘာ ၁၃၆၄
ရှေ့မင်းဆက်အတုလ စန္ဒာဒေဝီ
နောက်မင်းဆက်disestablished
မွေးဖွားc. ၁၃၃၃
သရက်
ကွယ်လွန်?
တောင်ပြုန်း?
အိမ်ထောင်ဖက်လေးစီးရှင် ကျော်စွာ (၁၃၅၀–၅၉)
မောပါနရသူ (၁၃၅၉–၆၄)
ဥဇနာပြောင် (၁၃၆၄)
သတိုးမင်းဖျား (၁၃၆၄–၆၇)
ငနု (၁၃၆၇)
ရာဇသင်္ကြံငမောက် (၁၃၆၇–?)
ခမည်းတော်မင်းရှင်စော
မယ်တော်ရှင်မြတ်လှ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ပင်းယခေတ်နောက်ဆုံးမင်း ဥဇနာပြောင်၏ မိဖုရားဖြစ်သော စောဥမ္မာသည် အင်းဝခေတ်ဦးတွင် လှပခြင်းဖြင့် ကျော်ဇောပါသည်။ ပင်းယအား သတိုးမင်းဖျားအောင်မြင်လျှင် စောဥမ္မာအား မိဖုရားအဖြစ် ဆက်လက်ထားသည်။ နန်းသက်သုံးနှစ်အရောက်တွင် စကုစား သိင်္ဂဗိုလ်အား သွားရောက်နှိမ်နှင်းသည့် သတိုးမင်းဖျား ကျောက်ရောဂါဖြင့် လွန်သည်။ အနာသည်းနေချိန်တွင် မိမိ၏ မိဖုရားအား နှမြောပြန်သဖြင့် အတွင်းသင်းမှူး ငနုအား ခေါ်ကာ "ငါကား နေရတော့မည်မဟုတ်၊ ငါမရှိလျှင် ငါ့မိဖုရားအား သူတို့သိမ်းပိုက်မည်ကို ငါနှမြောလှသည်။ ဒါ့ကြောင့် မောင်မင်းသွားကာ မိဖုရားအား သုတ်သင်ချေ။" ဟုမိန့်သည်။

ငနုလည်း အင်းဝရောက်ပြီး နန်းတွင်းသို့ဝင်ကာ မိဖုရားအား လျှောက်သည်။ မိဖုရားလည်း အကြံထုတ်ကာ " ငနု၊ နင်ယောက်ျား မဟုတ်သလော။" ဟုဆိုပြီး နှစ်ဦးသား စိတ်ညီသဖြင့် ကန့်ကွက်ရန်ကြံသည့် အထိန်းတော်သမီးအား သတ်ကာ စစ်ကိုင်းသို့ ကူးလေသည်။ စစ်ကိုင်းတွင် ငနုနှင့် စောဥမ္မာတို့ ခုနှစ်လတာမျှ တစ်ထီးတစ်နန်းနေလေသည်။

ထိုအချိန်တွင် အင်းဝနန်းတွင် စိုးစံနေသည့် မင်းကြီးစွာစော်ကဲက ငနု၏ အစ်ကို ရာဇသကြံဘွဲ့ခံ ငမောက်အားခေါ်ကာ "မိဖုရားကို ယူ၍ စစ်ကိုင်းတွင် တစ်ထီးတစ်နန်းနေသာ ငနုအား ဥပါယ်တံမျဉ်ဖြင့် ဖမ်းခေါ်လာချေ။ ရလျှင် စောဥမ္မာနှင့် စုံဖက်ပေးမည်၊ ဝါးရင်းတုတ်ရွာနှင့် တောင်ပြုန်းနယ်ကိုလည်း ပေးမည်" ဟုမိန့်သဖြင့် ငမောက်လည်း စစ်ကိုင်းဖက်သို့ ကူးသည်။ စစ်ကိုင်းရောက်လျှင် ကမ်းမှနေ၍ "ငါ့ညီမင်းဖြစ်ပြီဆိုလို့ ငါလာသည်။ ငါအတော်နေမကောင်း၊ ငါ့ညီလာခဲ့ပါ။" ဟုလူလွတ်ခေါ်သည်။ ငနုလာ၍ လှေပေါ်ရောက်သော် လှေကြိုးဖြတ်၍ ကမ်းမှခွာကာ အင်းဝဘက်သို့ ကူးသည်။ "နင့်အမိဖက်ကလည်း မင်းမျိုးမဟုတ်၊ အဖဖက်ကလည်း မင်းမျိုးမဟုတ်၊ နင် သယ် ဘုရင်ဖြစ်ချင်သလော။" ဟု ကြိမ်းကာ ငနုအား သံခြေချင်းနှင့် ထားသည်။ ထို့နောက် ကတိအတိုင်း ငမောက်အား ဝါးရင်းတုတ်နယ်စားအဖြစ်ခန့်ကာ စောဥမ္မာနှင့် စုံဖက်ပေးသည်။


စောဥမ္မာ (ပင်းယ)
မွေးဖွား ၁၃၃၃
Royal titles
ဘွဲ့အသစ် အင်းဝမိဖုရားခေါင်
စက်တင်ဘာ ၁၃၆၄ – စက်တင်ဘာ ၁၃၆၇
ဆက်ခံသူ
ခမည်းမိ
ယခင်က
အတုလ စန္ဒာဒေဝီ
ပင်းယမိဖုရားခေါင်
၁၂ ဒီဇင်ဘာ ၁၃၅၀ – စက်တင်ဘာ ၁၃၆၄
Disestablished