ရှင်စောကြီး
ရှင်စောကြီး | |
---|---|
အင်းဝ မိဖုရားခေါင် | |
နန်းသက် | c. ၁၃၉၀ ဆယ်စုနှစ် – ဧပြီ ၁၄၀၀ |
ရှေ့မင်းဆက် | ခမည်းမိ |
ဆက်ခံသူ | မင်းလှမြတ် |
အင်းဝ မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၅ စက်တင်ဘာ ၁၃၆၇ – c. ၁၃၉၀ ဆယ်စုနှစ် |
ရှေ့မင်းဆက် | နေရာသစ် |
နောက်မင်းဆက် | စောဥမ္မာ |
ပင်းယ မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၁၉ မတ် ၁၃၅၉ – မေ ၁၃၆၄ |
နောက်မင်းဆက် | စောစလာ |
မွေးဖွား | c. ၁၃၄၇ စစ်ကိုင်း |
ကွယ်လွန် | ၁၄၀၁ နောက်ပိုင်း[note ၁] အင်းဝ |
အိမ်ထောင်ဖက် | လေးစီးရှင် ကျော်စွာ (၁၃၅၇–၅၉) နရသူ (မောပါမင်း) (၁၃၅၉–၆၄) စွာစော်ကဲ (၁၃၆၇–၁၄၀၀) |
သားသမီးများ | တရဖျား? စောမြတ်ကဲ (သမီး) စောဆွေနှစ် (သား) |
ခမည်းတော် | သတိုးဆင်ထိန်း[note ၂] |
မယ်တော် | စိုးမင်းကိုယ်တော်ကြီး |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ရှင်စောကြီး သည် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ၏ မိဖုရားခေါင် တစ်ပါး ဖြစ်သည်။ သူမသည် ပင်းယဘုရင်များဖြစ်သော လေးစီးရှင် ကျော်စွာ[၁]နှင့် နရသူ (မောပါမင်း)တို့၏ မိဖုရားလည်း ဖြစ်သည်။[၂] သူမသည် စစ်ကိုင်းထီးနန်း တည်ထောင်သူ အသင်္ခယာ စောယွန်း၏ မြေးတော် ဖြစ်ပြီး၊ အင်းဝထီးနန်း တည်ထောင်သူ သတိုးမင်းဖျားနှင့် မောင်နှမ တော်စပ်သည်။ သူမသည် မင်းကြီးစွာစော်ကဲ၏ မြောက်နန်းမတော် မိဖုရားဖြစ်ပြီး ပင်းယကို စားရသည်။ မိဖုရားခေါင် ခမည်းမိလွန်သော် တောင်နန်းမတော် မိဖုရား ဖြစ်လာခဲ့သည်။[၃][note ၃]
စွာစော်ကဲလွန်ပြီးနောက် နန်းတက်သော ဆင်ဖြူရှင်တရဖျားသည် မိဖုရားရှင်စောကြီး၏ သားတော်ဖြစ်နိုင်သည်။ ရာဇဝင်သစ်ကျမ်းတွင် ခေတ်ပြိုင်ကျောက်စာတစ်ခုအား ကိုးကား၍ ဖော်ပြရာတွင် ဆင်ဖြူရှင်တရဖျားသည် ရှင်စောကြီး၏ သားတော်ဟု ဖော်ပြခဲ့သည်။ သို့သော် မှန်နန်းရာဇဝင် က အဆိုပါအချက်ကို ငြင်းပယ်ကာ ယခင်ရာဇဝင်ကျမ်းများနှင့် ဆန့်ကျင်ကြောင်း ဆိုခဲ့သည်။[၄] မှန်နန်းရာဇဝင် က ရှင်စောကြီး၏ သားသမီးနှစ်ဦးဖြစ်သော စောမြတ်ကဲ[note ၄] နှင့် စောဆွေနှစ်[၅]တို့ကိုသာ ဖော်ပြထားသည်။
ဘိုးဘွားစဉ်ဆက်များ
[ပြင်ဆင်ရန်]အောက်ပါတို့သည် မှန်နန်းရာဇဝင်လာ မိဖုရားရှင်စောကြီး၏ ဘိုးဘွားစဉ်ဆက်များ ဖြစ်သည်။ သူမသည် ပုဂံနှင့် ပင်းယမင်းမျိုးမင်းနွယ်တို့မှ ဆင်းသက်လာသည်။ သူမ၏ ဖခင်သည် တကောင်းမင်းမျိုးမင်းနွယ်ဖြစ်ကြောင်း ဖော်ပြထားသည်မှအပ သူမ၏ မိဘများအကြောင်းကို မသိရပေ။[၆]
မိဖုရား စောကြီး၏ ဘိုးဘွားစဉ်ဆက်များ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
မှတ်စု
[ပြင်ဆင်ရန်]- ↑ (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၄၃၅): ခေတ်ပြိုင်ကျောက်စာများအရ သူမသည် မြန်မာသက္ကရာဇ် ၇၆၃ (ခရစ် ၁၄၀၁/၀၂) အထိ သက်ရှိထင်ရှား ရှိနေသေးသည်။
- ↑ ရာဇဝင်ကျမ်းများ (မှန်နန်းအတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၂)အရ သူမ ဖခင်၏ ဘွဲ့မှာ သတိုးဆင်ထိန်း ဖြစ်သည်။ ၁၃၉၈ ဇွန် ၂၆ (မြန်မာသက္ကရာဇ် ၇၆၀ ဝါဆိုလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့) တွင် ရေးထိုးခဲ့သော ကျောက်စာတစ်ခုအရ (Taw, Frorchhammer 1899: 164) သူမ ဖခင်၏ အမည်မှာ စစ်ကိုင်းမြို့စား အသင်္ချာ ဖြစ်သည်။
- ↑ ကျောက်စာအထောက်အထားများအရ ခမည်းမိသည် ၁၃၈၇ ဒီဇင်ဘာ ၁၈ (မြန်မာသက္ကရာဇ် ၇၄၉ ပြာသိုလဆန်း ၁၀ ရက်နေ့ ဗုဒ္ဓဟူး) အထိ သက်ရှိထင်ရှားရှိခဲ့ပြီး (Taw, Forchhammer 1899: 152) ရှင်စောကြီးအား ၁၃၉၈ ဇွန်လ ၁၃ (မြန်မာသက္ကရာဇ် ၇၆၀ ဝါဆိုလဆန်း ၁၂၊ ဗုဒ္ဓဟူး)နေ့တွင် မိဖုရားခေါင်အဖြစ် ဖော်ပြထားသည်။(Taw, Forchhammer 1899: 164)
- ↑ (Taw, Frorchhammer 1899: 164): စောမြတ်ကဲသည် ၁၃၉၈ တွင် ကွယ်လွန်ခဲ့ပြီး ဘုရင်နှင့် မိဖုရားတို့က သမီးတော်အား ရည်စူးကာ တံတားဦးအနီးတွင် ဘုန်းကြီးကျောင်းတစ်ဆောင်ကို ၁၃၉၈ ဇွန် ၂၆ တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]ကျမ်းပြုစာရင်း
[ပြင်ဆင်ရန်]- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ Yazawin Thit (Burmeseဘာသာစကားဖြင့်)။ ၁–၃ (ဒုတိယအကြိမ် ed.)။ Yangon: ရာပြည့်စာအုပ်တိုက်။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Royal Historical Commission of Burma (1832)။ Hmannan Yazawin (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- Taw၊ Sein Ko; Emanuel Forchhammer (1899)။ Inscriptions of Pagan, Pinya and Ava: Translation, with Notes။ Archaeological Survey of India။
ရှင်စောကြီး မွေးဖွား c. ၁၃၄၇ ကွယ်လွန် c. ၁၄၀၀ ဆယ်စုနှစ်
| ||
Royal titles | ||
---|---|---|
ယခင်က ခမည်းမိ |
အင်းဝ မိဖုရားခေါင် c. ၁၃၉၀ ဆယ်စုနှစ်–၁၄၀၀ |
ဆက်ခံသူ မင်းလှမြတ် |
ဘွဲ့အသစ် | အင်းဝ မြောက်နန်းမတော် မိဖုရား ၁၃၆၇–c. ၁၃၉၀ ဆယ်စုနှစ် |
ဆက်ခံသူ စောဥမ္မာ |
ယခင်က |
ပင်းယ မြောက်နန်းမတော် မိဖုရား ၁၉ မတ်လ ၁၃၅၉ – မေ ၁၃၆၄ |
ဆက်ခံသူ စောစလာ |