တနင်္ဂနွေမင်း
စနေမင်း လွန်လျှင် သားဖြစ်သူ တနင်္ဂနွေမင်း(၁၇၁၄-၁၇၃၄)နန်းတက်သည်။ နန်းတက်လျှင် အိမ်ရှေ့စံဖြစ်ဖူးသည့် ဦးရီးတော် ပုဂံစားက ပုန်ကန်နန်းလုသည်။ သို့သော်အင်အားသာသည့် အင်းဝက အနိုင်ရသဖြင့် ပုဂံစားကျလေသည်။ တနင်္ဂနွေမင်း လက်ထက်တွင် အဆိုးဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ ရာသီဥတုဖြစ်သည်။ ရာသီဥတုဆိုးဝါးသဖြင့် စိုက်ပျိုးရေးပျက်စီးလာပြီး ပြည်သူများ ငတ်မွတ်ခေါင်းပါးလာရသည်။ ထိုပြဿနာကို နိုင်နင်းစွာ မဖြေရှင်းနိုင်ခင်မှာပင် အနောက်ဘက်မဏိပူရမှ ကသည်းများက ဘာသာရေးအခြေခံကာ ကျူးကျော်လာသည်။ (ဟိန္ဒူနွယ်သည့် ကသည်းများက ဧရာဝတီမြစ်ရေဖြင့် သန့်စင်ခြင်းပြုပါက အပြစ်တို့မှ လွတ်ငြိမ်းမည်ဟု ယုံကြည်ခဲ့ကြသည်။)ထို့အတူ ဇင်းမယ်မှလည်း ပုန်ကန်သည်ကို နှိမ်နင်းနိုင်ခြင်း မရှိသည့်အတွက် ဘုရင့်နောင်မင်းတရားလက်ထက်မှစကာ ပိုင်ဆိုင်လာသည့် ဇင်းမယ်ကို လက်လွှတ်ရပြန်သည်။
ခရစ်နှစ် ၁၇၃၃တွင် တနင်္ဂနွေမင်းလွန်သော် သားတော် မဟာဓမ္မရာဇာဓိပတိ နန်းတက်သည်။
မိဖုရားကိုယ်လုပ် သားငမီးများ
- ဟောင်းမိဖုရားကြီး၊ ကသည်းမင်းသမီး နှင့်သူကြာ့ နန်းရိုးသူ၊ ကသည်း (မဏီပူရ) စော်ဘွားချာရိုင်ရုံးဘွားကတော်ကွောယွယ်ရွူ့သမီး၊ ကျက္ကဖါး မာခဝ် ငဲမ်ဗီး တွင်
၁) သားတော် မင်းတရားဆင်းဓု တစ်။
၂) နှမတော် သီရိမုရ္တိ။
အားလုံး မဏိပူရသို့ရွှေ့ပါ။
သားတော် တစ်၊ သမီးတော် တစ်၊ ပေါင်း နှစ် ပါး သည်။။မိဖုရားကြီး
- သူ့နှမ သီရိမဟမင်္ဂလာဒေဝီ ခင်ဝင်ဆောင်တွင်
၁) သားတော် သခင်အိမ်ရှေ့ ရမည်းသင်းစားကို အိမ်ရှေ့နှင်းမည့်ဆဲဆဲ ၂၀ တွင် ကျောက်ပေါက်၍ လွန်သည် တစ်ပါး။
၂) ညီတော် သခင်အမိန့်တော် ဘောင်းလင်းစား သူ့ဆဲဆဲလေး ၂၄ နှစ်တွင်လွန် တစ်ပါး။
၃) ညီတော် သခင်မျိုးလွန် လယ်ကိုင်းစား သူ့ဆဲဆဲခုနှစ်၂၇ နှစ်တွင်လွန် တစ်ပါး။
၄) ညီတော် သခင်ယင်းနောင် ပင်လယ်စား သူ့ဆဲဆဲနှစ် ၂၂ နှစ်တွင်လွန် တစ်ပါး။
၅) နှမတော် သီရိနန္ဒား မြင်စိုင်းမိဖုရား တစ်ပါး။
၆) ညီတော် သီရိပဉ်ကျော် ငစဉ့်ကူးစား ခမည်းတော် လက်ထက် အိမ်ရှေ့ နေ၍ မင်းတရားကြီးဖြစ် တစ်ပါး။
၇) နှမတော် နန္ဒာမဟေသီ မြေးဒူးမိဖုရား တစ်ပါး။
၈) မောင်တော် နရစည်သူ သတိုးဓမ္မရာဇာခံ တစ်ပါး။
၉) ညီတော် သီရိမင်းကျော်။
သားတော် ၇၊ သမီးတော် ၂၊ ပေါင်း ၉ ပါးတည်း။သူ့နှမ မင်းရွှေအိမ်တွင် သီရိစန္ဒာဒေဝီခံ
၁၀) သားတော် မျိးပြည့်ကျော်သူ သရက်မြို့စား တစ်ပါး ။
၁၁) ညီတော် မျိးပြည့်စံကျော် မြင်းခုံတိုင် မြို့စား တစ်ပါး ။
၁၂) မောင်တော် ရှင်ပြစ်စုန့် ဟင်္သာမြို့စား တစ်ပါး ။
၁၃) နောင်းတော် သခင်ဆက်ကျော် မိတ္ထီလာမြို့စား တစ်ပါး ။
၁၄) ညီတော်အငယ် ဝရာဒတ္ထ ဆင်ယင်မြို့စား ။
မင်းသား ပေါင်း ငါး ပါး သည် ။။
- သူ့နှမ မင်းရွှေခဲ တွင် ဓမ္မဒေဝီခံ
၁) သားတော် သခင်စောကဲ တစ် ။
၂) နှမတော် မြတ်မျိုးဘုန်းဝဲ သာယာဝတီမိဖုရား ။
သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး သည် ။။
ကိုယ်လုပ်တော်တို့တွင် မြင်သည် သားတော်၊ သမီးကား-
- လှိုင်းတက်ကတော် မဟာသူရသီဟသမီး ခင်ထွေးလှတွင်
၁) သားတော် မောင်မြတ်ပု တစ် ။
၂) မောင်တော် မောင်မြတ်စံ တစ် ။
၃) နှမတော် မင်းရွှေခဲ ။
သားတော် နှစ်၊ သမီးတော် တစ်၊ ပေါင်း သုံး ပါး သည်။။
- တောင်ကုလားကတော် ရှင်မျိုးမြတ် တွင်
၁) သားတော် မောင်ရွှေပြည့် တပါးသာတည်း ။။
- မင်းရွာကတော် ခင်နဲလှတွင်
၁) သမီးတော် ခင်ရွှေရည် တပါး၊ မဟရာဇာဓိပတိ မင်းတရားကြီးတွင် မဟရာဇာဓိပတိဒေဝီခံ။။
- ဝါးရုံကတော် ဦအောင်လှ သမီး ခင်ကြီးစိပ်တွင်
၁) သမီးတော် ဥယည်ထိပ် တပါးသားတည်း မဟရာဇာဓိပတိ မင်းတရားကြီးတွင် မဟဓိပတိဒေဝီခံ။။
- မင်းမကတော် ရှင်နဲကူတွင်
၁) သားတော် မင်းရဲလှကျော် တစ်ပါး။
၂) မောင်တော် မင်းရဲလှငယ် ။
ပေါင်း နှစ် ပါး သားသည်။။
- ပဲကွဲစော်ဘွားစဝ်လှာခွည်မွမ်သမီး ခမ်းပိုယ့်ကျင်ကျဲဝ်တွင်
၁) သမီးတော် ခင်ရွှေပြည့်၊ မဟရာဇာဓိပတိ မင်းတရားကြီးတွင်၊ မြတ်ထားသီရိဒေဝီခံ တစ်။
၂) မောင်တော် မင်းလှရွှေတောင် သူ့နောင်တော်လက်ထက်တွင် ကသားစား သည်။
သားတော် တစ် သမီးတော် တစ် ပေါင်း နှစ် ပါး တည်။။
- မြင်ကွန်းကတော် ရှင်မည်လှတွင်
၁) သားတော် မောင်မြတ်ရှင် တပါးသားတည်း။။
- ကြပင်းကတော် မြတ်အင်ဖြိုး တွင်
၁) သားတော် မောင်မင်းညို တပါးသာတည်း။။
ညောင်ရမ်းမင်းတရားသားတော် ရွှေချက်ဝေါပလါတုမ မင်းရာဇာမုနိသမီးတော် ရွာသာကတော် သန္ထေလှစန္ဒတွင်
** သားတော် တုနောင်ပုံ့ကျော် သူ့နောင်တော်တွင်မြင်သည့် ပေါက်မြိုင်စား။။
- ကျောင်းတော်ဦကတော် ခင်လှဝူတွင်
၁) သားတော် အမည်မမြင် ငယ်ကလွန် တစ်။
၂) မောင်တော် မောင်ထွန်ဦ။
မင်းသား ပေါင်း နှစ် ပါး တည်း။။
- ထန်းတပင်ကတော် ရှမ်း ဖင်ဖစဖက်သမီး ဆလာစုန်ကမွမ်းတွင်
၁) သမီးတော် ခင်ဖလောင်း တပါးသာတည်း မဟရာဇာဓိပတိ မင်းတရားကြီးတွင် မြတ်ခေါင်ဒေဝီခံ။။
- တိုင်ပြောက်ကတော် မရိမ်ပန်းလိုင်းသမီး သေည်မွမ်ဂါတွင်
၁) သားတော် သတိုးမင်းဗျာ တပါးသာတည်း။။
- ရှမ်း နွယ်မွမ်ဖွမ်းသမီး ချောင်းနက်ကတော် ဗီမာန်နီလ်ကလဒ်တွင်
၁) သားတော် မင်းလှစည်သူ တပါးသာတည်း။။
- ဆီသည်ရွာကတော် ရှင်လတ်တွင်
၁) သားတော် မောင်မြတ်တင် တပါးသာတည်း။။
- လုလင်သီးကတော် ရှင်နဲကူသမီး ခင်ရှိန်တွင်
၁) သားတော် မင်းရဲမြတ်ညို တပါးသာတည်း။။
- ခရားကုန်းကတော် ရှမ်း အောင်နိင်ယုန်သမီး ဆင်လိုန်ခမ်းတွင်
၁) သမီးတော် ပုတ္တလုံး တပါးသာတည်း၊ မဟရာဇာဓိပတိ မင်းတရားကြီးတွင်၊ ထွတ်ထားဒေဝီခံ။။
တနင်္ဂနွေမင်းတရားကြီး တွင်ရှိသူ့ သားတော် နှစ်ချိပ်ခြောက် (၂၆) သမီးတော် ရှစ် (၈) ပေါင်း သိုးချိပ်ငါး (၃၅) ပါးသည်း