အဒူမင်းညို
အဒူမင်းညို
[ပြင်ဆင်ရန်]အဒူမင်းညိုသည် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည် ယခု မြို့ဟောင်းဟုခေါ်သော မြောက်ဦးမြို့၌ နန်းတက်သော ရခိုင်ဘုရင် ဘစောဖြူမင်း လက်ထက် ရခိုင်ပညာရှိ အမတ်ကြီး ဖြစ်သည်။ အဒူမင်းညိုဟူသော အမည်မှာ စာဆိုတော်ကြီး၏မွေးရပ်ဖဒူကျွန်းကိုအစွဲပြု၍ဖဒူမင်းညိုဟု တွဲလျက် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဖဒူမင်းညိုမှ နောင်အခါ အဒူမင်းညိုဟူ၍ ခေါ်ဝေါ်အမည်တွင်ခဲ့သည်။အဗ္ဗဒူဟူသောအမည်ကိုခံ့ယူရန်အကြောင်းမရှိပေ။
မင်းညိုသည် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော် ဧချင်းကိုရေးသည်။ ထို ဧချင်းကို ရခိုင်မင်းသမီး ဧချင်း ဟူ၍ပင် ခေါ်ကြလေသည်။ ထိုဧချင်းသည် ယခုတွေ့ရှိရသော ဧချင်းဟူသမျှတို့တွင် ရှေးဦးအကျဆုံး ဖြစ်လေသည်။[၁]
မြန်မာစာပေ၌ တွေ့ရှိရသမျှသော ဧချင်းတကာတွင် အဟောင်းဆုံးဖြစ်သော ရခိုင်မင်းသမီး ဧချင်းကို စပ်ဆိုခဲ့သူမှာ ရခိုင်အမတ် အဒူမင်းညို ဖြစ်၏။ အဒူမင်းညိုသည် ဧချင်းမျိုးစေ့ကိုချခဲ့သူဟု ဆိုရပေမည်။ အင်းဝခေတ် စာဆိုကျော် သခင်ထွေး ဧချင်း ဆရာရှင်သူရဲနှင့် ခေတ်ပြိုင်စာဆိုသူလည်း ဖြစ်၏။ သို့ရာတွင် ရှင်သူရဲသည် သခင်ထွေးဧချင်းကို ရခိုင်မင်းသမီးနောက် အနှစ်(၂ဝ)ကျော်ကြာမှ စပ်ဆိုလေသည်။ အဒူမင်းညိုကား သက္ကရာဇ် ၈၁၇ မှ ၈၄ဝ ပြည့်နှစ်အထိ ရခိုင်ပြည် ယခု မြို့ဟောင်းခေါ်သော မြောက်ဦးမြို့၌ နန်းစံခဲ့သော ရခိုင်ဘုရင် ဘစောဖြူ၏ လက်ထက်တွင် အမတ်ပညာရှိကြီးအဖြစ် အမှုထမ်းရွက်နေသူ ဖြစ်၏။ ထိုအချိန်ကား အင်းဝနှင့် ရခိုင်သည် မင်းပြိုင်အုပ်စိုး၍ စာပြိုင်ဆိုသောအခါ ဖြစ်၏။ အဒူမင်းညိုသည် ရခိုင်ဘာသာဖြင့်ပြောင်မြောက်စွေရးဖွဲ့ထားောရခိုင်မင်းသမီး ဧချင်းသည် ရခိုင်စာေအဆင့်အတန်းကိုမှတ်ကျောက်တိုက်ခံနေသောသက်သေခံချက်ပင်ဖြစ်ော့သည်။ေေ
မတ်ကြီး စပ်ဆိုသော ဧချင်းတွင် ဧချင်းဘွဲ့ခံ ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကလေး၏ ဆွေတော် စဉ်စာရင်းကို ရှင်းလင်းစွာ ဖော်ပြစပ်ဆိုသွား၏။ သုံးစွဲထားသော စကားလုံးများမှာလည်း သုတိသာယာ၍ ပေါ်လွင်လှ၏။ ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ပြတ်သွားစွာ ဖွဲ့ဆိုနိုင်၏။ ရှေးအခါက ဘုရင့်သွေးတော်များကို ပုခက်တင်ရာ၌ မည်ကဲ့သို့ ပုခက်ကို ဆင်ယင်ရပုံကို ဗဟုသုတဖြစ်ဖွယ် ရေးသားခဲ့သဖြင့် ကျေးဇူးတင်ထိုက်လှပေသည်။[၂]