နရာဝရ
| Nနရာဝရ | |||||
|---|---|---|---|---|---|
| ဘုရင် | |||||
| နန်းသက် | ၁၄ ဧပြီ ၁၆၂၇ – ၂၇ ဖေဖော်ဝါရီ ၁၆၇၃ | ||||
| နန်းတက်ချိန် | ၁ မေ ၁၆၇၂ မြန်မာသက္ကရာဇ် ၁၀၃၄၊ ကဆုန်လဆန်း ၅ ရက်[၁] | ||||
| ရှေ့မင်းဆက် | ပြည်မင်း | ||||
| ဆက်ခံသူ | မင်းရဲကျော်ထင် | ||||
| ဝန်ကြီးချုပ် | စည်သူနော်ရထာ | ||||
| မွေးဖွား | ဇူလိုင် ၁၆၅၀ မြန်မာသက္ကရာဇ် ၁၀၁၂၊ ဝါဆိုလ၊ အင်္ဂါနေ့[note ၁] | ||||
| ကွယ်လွန် | ၂၇ ဖေဖော်ဝါရီ ၁၆၇၃ (အသက် ၂၂ နှစ်) မြန်မာသက္ကရာဇ် ၁၀၃၄၊ တပေါင်းလဆန်း ၁၂ ရက်[၁] အင်းဝ | ||||
| ထာဝရ အိပ်စက်ရာ နေရာ | ၂၈ ဖေဖော်ဝါရ ၁၆၇၃ အင်းဝနန်းတော် | ||||
| ကြင်ရာတော် | မရှိ[၁] | ||||
| သားသမီးများ | မရှိ[၁] | ||||
| |||||
| စံအိမ် | တောင်ငူ | ||||
| ခမည်းတော် | ပြည်မင်း | ||||
| မယ်တော် | ခင်မလတ်[၂] | ||||
| ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ | ||||
နရာဝရ (၁၆၅၀–၁၆၇၃) သည် တောင်ငူထီးနန်းကို ၁၆၇၂ ခုနှစ်မှ ၁၆၇၃ ခုနှစ်အထိ ၁၁ လခန့် စိုးစံခဲ့သူ ဘုရင်တစ်ပါး ဖြစ်သည်။[၃]:278 ၁၆၇၂ ခုနှစ်တွင် ခမည်းတော် ပြည်မင်းလွန်ပြီးနောက် သားတော် နရာဝရ နန်းတက်ခဲ့သည်။ နန်းစံသက် ၁၁ လသာရှိကာ ထူးခြားသော အမှတ်အသား၊အကြောင်းအရာများ မှတ်တမ်းကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုမင်းလွန်လျှင် နန်းလျာမသတ်မှတ်ခဲ့သဖြင့် မှူးမတ်တို့လည်း မင်းဖြစ်လောက်မည့် မင်းညီမင်းသားကို ရွေးချယ်၍ နန်းတင်ရန် ဘုရင့်နှမတော်နှင့် တိုင်ပင်ဆုံးဖြတ်လေသည်။ သို့ဖြင့် ဘုရင်နတ်ရွာလားကြောင်း မကြေညာပဲ လျှို့ဝှက်ထားပြီး မင်းဖြစ်လောက်မည့် မင်းညီမင်းသားအား ရှာဖွေလေ့လာလေသည်။ ဘုရင့်ညီတော်သူ မင်းရဲကျော်ထင်အား ထုံးတမ်းစဉ်လာကိုသိမြင်ကာ ရာဇဝင်တွင်လည်းနှံစပ်သည်ဟု သဘောကျနှစ်ခြိုက်ကာ အိမ်ရှေ့အရာအပ်နှင်းကြောင်း ပင့်ဖိတ်၍ လွှတ်တော်တက်ချိန်တွင်မှ ဘုရင်နတ်ရွာလားကြောင်း ကြေညာကာ ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်ထင် (ဝမ်းဘဲအင်းစံမင်း)က အင်းဝ တွင် နန်းတက်လေသည်။[၄]
မှတ်စု
[ပြင်ဆင်ရန်]- ↑ (Zata 1960: 48): Tuesday in Waso 1012 ME = 5, 12, 19, 26 July 1650
ကိုးကား
[ပြင်ဆင်ရန်]- မင်းဆယ်ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း
- နှစ် ၆၀ဝပြည့် အင်းဝ- ရွှေကိုင်းသား