စကြိုသူမြတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စကြိုသူမြတ် (၇၃၅ - ၈၁၀)[ပြင်ဆင်ရန်]

အင်းဝခေတ် ၊ ဘုရင်မင်းခေါင်လက်ထက် သက္ကရာဇ် ၇၆၆ တွင် မွန်ဘုရင် ရာဇဓိရာဇ် အင်းဝသို့ ပထမအကြိမ် လာရောက် တိုက်ခိုက်ရာ နှစ်ဦးနှစ်ဘက် ဓားမကျိုး ၊ လှံမကျိုးစေဘဲ ပြေငြိမ်းမှုရအောင် ဆောင်ရွက်ပေးခဲ့သော ရဟန်းတစ်ပါး ဖြစ်သည်။ သမိုင်းစာအုပ်များ၌ ပင်းယ စကြိုသူမြတ်ဟု၎င်း ၊ ပန်းယစကြိုသူမြတ်ဟု၎င်း ၊ ပန်းယသူကြိုဟု၎င်း အမျိုးမျိုး ရေးသားကြသည်ကို တွေ့ရသည်။ စကြိုသူမြတ်၏ ဘွဲ့တော်မှာ ရှင်ဇောတယန္တ ဖြစ်သည်။ စလေမြို့ အရှင်မဟာယသ၏ တပည့်ဖြစ်၍ ရှင်ပင်စွယ်ကြို ကျောင်းတိုက်တွင် သီတင်းသုံးသည်။ မင်းကြီးစွာစော်ကဲ လက်ထက်တွင် မြို့လှမြို့စား ပင့်ခဲ့သဖြင့် အင်းဝသို့ ရောက်လာခဲ့သည်။

ရာဇာဓိရာဇ်၏ စစ်ဘေးစစ်ဒဏ်မှ မေတ္တာစာဖြင့် ရေးသား၍လည်းကောင်း၊ ကိုယ်တိုင် တရားဓမ္မကို ဟောပြ၍လည်းကောင်း နှလုံးရည်အပြည့်အဝဖြင့် ရတနာပူရ အင်းဝနေပြည်တော်ကြီးကို ကယ်တင်ခဲ့သောကြောင့် မြန်မာ့သမိုင်းတွင် ထင်ရှားလာသော ဆရာတော်ကား စကြိုသူမြတ်ဖြစ်ပေသည်။

စကြိုသူမြတ်သည် သက္ကရာဇ် ၇၃၅-ခုနှစ်တွင် ဖွားမြင်တော်မူသည်။ သာမဏေပြုသောအခါ ဘွဲ့မည်မှာ သျှင်ဇောတယန္တ ဖြစ်သည်။ စလေမြို့ သျှင်မဟာယသထံတွင် နည်းခံ၍ စာပေပရိယတ်ကို သင်ကြားဆည်းပူးတော်မူသည်။ ဆရာတော်သည် ပုဂံခေတ် ဂိုဏ်းလေးခု အနွယ်တွင် သျှင်အရဟံ၏ အဆက်အနွယ်ဖြစ်သော သာသနာဝင် ဆရာစဉ်ဆက်၌ ပါဝင်သည်။

သျှင်ဇောတယန္တသည် မိမိငယ်စဉ်က နေထိုင်ခဲ့ရာ အရပ်ကို အစွဲပြု၍ ' စွယ်ကြိုသူမြတ် ' ဟု အမည်တွင်ခြင်း ဖြစ်သည်။ စွယ်ကြိုအရပ်သည် အနော်ရထာမင်း လက်ထက်၌ ပေါ်ထွန်းလာသော အမည်ဖြစ်သည်။ ထိုမင်းလက်ထက်၌ သီဟိုဠ်မှ စွယ်တော်ပွားကို သွားရောက် ပင့်ဆောင်စေ၏။ စွယ်တော် ရောက်ရှိလာသည်တွင် အနော်ရထာမင်းစောကိုယ်တိုင် ကြွရောက်၍ ကြိုဆိုတော်မူသည်။ ထိုအရပ်ကို ' စွယ်ကြိုအရပ်' ဟု ခေါ်တွင်သည်။ ထိုနေရာတွင် ဘုရား တစ်ဆူကိုလည်း တည်ထားတော်မူ၏။ ထိုဘုရားကိုလည်း ' စွယ်ကြိုဘုရား ' ဟု ခေါ်သည်။

နောင်အခါ၌ ' သျှင်ပင်စွယ်ကြိုဘုရား ' ဟု ခေါ်လာကြသည်။ ထိုဘုရားကို အမှီပြု၍ တည်သော ကျောင်းကိုလည်း ' သျှင်ပင်စွယ်ကြိုကျောင်း ' ဟု ပင် ခေါ်ကြသည်။ သျှင်ဇောတယန္တသည် ငယ်စဉ်က ထိုကျောင်းတွင် နေထိုင်ခဲ့သူ ဖြစ်လေသည်။

စွာစော်ကဲ လက်ထက်တွင် မြို့လှစားက ပင့်လျှောက်သဖြင့် ပင်းယ သို့ စာပေသင်ကြားရန် ကြွရောက်ခဲ့၏။ ပင်းယတွင် ပထမမင်းခေါင်၏ အမတ်ဖြစ်သူ ရာဇနန္ဒသင်္ကြံက ဆောက်လုပ်သော ရွှေစည်းခုံဘုရားအနီး ကဿပဟု သမုတ်သော အထက်ကျောင်း၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါ သျှင်ဇောတယန္တအား ဘွဲ့မည်ကို မခေါ်ကြဘဲ ဇာတိဒေသကို စွဲ၍ ' စွယ်ကြိုအရှင်၊ စွယ်ကြိုသူမြတ် ' ဟုသာ ခေါ်ဆိုကြသည်။ နောင်အခါတွင် စွယ်ကြိုမှ စကြိုဟု ပြောင်းလဲလာသည်။ ထို့နောက်၌ကား ဆရာတော်၏ ကျော်ကြားရာဒေသကိုပါ ထည့်သွင်း၍ ' ပင်းယစကြိုသူမြတ်၊ ပန်းယစကြိုသူမြတ်' စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်လာ ကြလေသည်။

ရာဇဓိရာဇ်နှင့် စကြိုသူမြတ်[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၆၆ တွင် မွန်ဘုရင် ရာဇဓိရာဇ် သည် လှေကြီးလှေငယ် လေးထောင် ၊ ဗိုလ်တစ်သိန်းခြောက်သောင်းဖြင့် ရေကြောင်းဖြင့် ချီတက်လာပြီး စစ်ကိုင်း ၊ ရေဝန်းတွင် တပ်ချ၍ နေလေသည်။ ဘုရင်မင်းခေါင်လည်း ဆရာတော် ရဟန်းသံဃာနှင့် မင်းမှူးမတ်တို့ကို ပင့်ခေါ်၍ မည်သို့ ပြုရမည်ကို တိုင်ပင်လေသည်။ မည်သည့် ဆရာတော် ၊ သံဃာတော် ၊ မှူးကြီးမတ်ရာမျှ မည်သို့မျှ မလျှောက်တင်ပဲ ဆိတ်ဆိတ်သာ နေကြလေသည်။ ထိုအခါ သက်တော် (၃၁) နှစ် ၊ ဝါတော် (၂၁) ဝါမျှသာ ရှိသေးသော စကြိုသူမြတ်က “ မွန်မင်း ရာဇဓိရာဇ်ကို မဆိုထားနှင့်ဦး ၊ ဇမ္ဗူဒိပ်မြေပြင်ဝယ်ရှိသော မင်းအပေါင်းတို့ လာရောက်သော်လည်း နှုတ်ရေးဖြင့် ပြန်လေအောင် ငါစွမ်းဆောင်နိုင်၏ ” ဆိုလေရာ ဘုရင်မင်းခေါင်လည်း အားရတော်မူ၍ ဆောင်ရွက်ရန် တောင်းပန်လေသည်။

သက္ကရာဇ် ၇၆၆- နှစ်တွင်ကား စကြိုသူမြတ်၏ နှလုံးရည်တိုက်ပွဲ ဆင်နွှဲရန် အချိန်သို့ ရောက်လာလေသည်။ ထိုနှစ်တွင် ရာဇာဓိရာဇ်သည် အမရပူရ အင်းဝရွှေပြည်တော်ကို တိုက် ခိုက်ရန်အတွက် အလုံးအရင်းဖြင့် ရေကြောင်းမှ ဆန်ထက်လာသည်။ အင်းဝသို့ ရောက်လျှင် ရှောင်တခင် မတိုက်သေးဘဲ စစ်ကိုင်းမြို့ ရေဝန်းအရပ်၌ တပ်ချနေလေသည်။ နောက်ပါ ရဲမက်အချို့ တို့သည် အထက်အညာသို့ ဆန်တက်၍ တပ်များကို ဖြန့်ကာ စစ်တိုက်ရန်အတွက် ပြင်ဆင်ထား ကြလေသည်။

ဘုရင်မင်းခေါင်လည်း နေပြည်တော်၌ ထင်ရှားသော ရဟန်းပညာရှိ၊ လူပညာရှိမှူး မတ်တို့ကို ခေါ်တော်မူပြိီးလျှင် ယခု ရာဇာဓိရာဇ်လာသည်ကို နှုတ်ရေးဖြင့်လည်းကောင်း၊ လက်ရေးဖြင့်လည်းကောင်း သူပြန်လေအောင် ပသိ်ု့ စီရင်သော် သင့်မည်နည်း၊ ဟု မေးသည်။ ထိုအခါ ဆရာတော်တို့မှ စ၍ မှူးမတ်အပေါင်းတို့မှာ မည်သို့မျှ မပြောနိုင်ကြဘဲ ဆိတ်ဆိတ်သာ နေကြရာ အသက် ၃၁-နှစ်သာ ရှိသေးသော သျှင်ဇောတယန္တဘွဲ့ခံ စကြိုသူမြတ်က ရာဇာ ဓိရာဇ်ကို ပြန်လေအောင် နှုတ်ရေးဖြင့် ကျွန်ုပ်စွမ်းနိုင်ပါ၏၊ ဟု မိန့်တော်မူ၏။ ဘုရင်မင်းခေါင်သည် ဝမ်းမြောက်တော်မူလှသဖြင့် သို့ဆိုလျှင် နှုတ်ရည်ဖြင့် ပြန်အောင် ပြုတော်မူပါ၊ ဟု လျှောက်၏။

ဤတွင် စကြိုသူမြတ်သည် ဘုရင်ရာဇာဓိရာဇ်အား တရားဓမ္မဟောလိုကြောင်း အောက်ပါမေတ္တာစာကို တင်သွင်းလေသည်။


စကြိုသူမြတ် နေ့ညဥ့်အပြတ် မေတ္တာရည်ညွှန်း ပို့သွန်းအပ်သော သာသနာ့ဒါယကာ

ဖြစ်တော်မူသော ဆင်ဖြူသခင် မဟာဓမ္မရာဇ် တရားမင်းမြတ်၊ ငါသည် အသက်၃၁၊ ပဉ္စင်းဝါ ၁၁-ဝါရပြီ။ ငါသည် နေ့ညဥ့်မပြတ် ပရိယတ္တိ ပဋိပတ္တိတို့ကို ဖြည့်သည့် ကုသိုလ်အကျိုးကို ခံတော်မူပါ။ သာသနာ့ဒါယကာ တရားမင်းမြတ် မျက်နှာတော်ကို မြင်ချင်၍ ဟံသာဝတီရွှေ မြို့တော်တိ်ုင် စုန်ရောက်ပါမည် အကြံရှိသည်လည်း လှေတက်လုပ်ဆောင်သည် မပြီးသေး သောကြောင့် မရောက်ဘဲ ရှိရလေသည်။ မဟာဓမ္မရာဇ် မင်းမြတ်သည် သာသနာတော်မြတ် စီးပွားကို ရွက်ဆောင်တော်မူသော မင်းဖြစ်တော်မူသည်။ မျက်နှာတော်ကို မြင်၍ သုစရိုက်၊ ဒုစရိုက်၊ ကုသိ်ုလ်၊ အကုသိုလ်နှင့် ယှဉ်သောစကားကို မပြောဟောရဘဲ အနိစ္စရောက်လေ သော် ဒုဂ္ဂတိသို့သာ လားရာလေ၏။ မျက်နှာတော်ကို မြင်၍ ဒါနကထာ၊ သီလကထာအစ ရှိသော စကားတို့ကို ပြောဟောရမှ သေရခြင်းသည်ကား ကောင်းရာသုဂတိ်ဘဝသို့ ဖြစ်

ရာလေသည်။

ဘုရင်ရာဇာဓိရာဇ်သည် ဖော်ပြပါ မေတ္တာစာကို ဖတ်ရှုတော်မူရလျှင် စကြိုသူမြတ်အား ဖူးမြင်လိုသဖြင့် ပင့်ခေါ်တော်မူသည်။ စကြိုသူမြတ်သည် ရာဇာဓိရာဇ်ထံသို့ ြ<ွကရောက်၍ တရား ဓမ္မကို ဟောကြားကာ ဘုရင်၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေလေသည်။ ဘုရင်မင်းမြတ်လည်း စကြိုသူမြတ်၏ တရားတော်ကို ကြားနာရသဖြင့် သဒ္ဓါတရား ပေါက်ကာ ရွှေဖောင်တော် ငါးဆက်ကို ဖျက်၍ ရွှေကြက်ယက်ဘုရား ရင်ပြင်တော်တွင် ဇရပ်ဆောက်၍ လှူဒါန်းလေသည်။ စကြိုသူမြတ်နှင့် သံဃာတစ်ရာကိုလည်း ဆွမ်းကပ်ပြီး ပိတ်အုပ်၊ ခါသာ ခင်းနှီး၊ ဆေးပစ္စည်းတို့ကို လှူတော်မူ၏။

ဘုရင်သည် စစ်တိုက်ရန် အဓိကရည်ရွယ်ချက်ကိုလည်း ဖျက်၍ အင်းဝနေပြည်တော်မှ ငါးရက်ခန့်အကြာတွင် စကြိုသူမြတ်အား ပုဂံသို့ ပို့တော်မူပါ၊ ဟု လျှောက်သဖြင့် ဆရာတော် သည် ရွှေဖောင်တော်ဖြင့် လိုက်ပါသွားရသည်။ ပုဂံသို့ ရောက်လျှင် တန့်ကြည့်ဘုရား အပါးတွင် ကျောင်းဆောက်၍ ပစ္စည်းလေးပါးနှင့်တကွ စကြိုသူမြတ်အား လှူဒါန်းလေသည်။

အရှင်သည် ဤကဲ့သို့ အင်းဝပြည်ကြီး သွေးချောင်းစီးလတံ္တ့သော စစ်ပွဲကြီးကို နှလုံးရည် ဖြင့် အောင်မြင်တော်မူခဲ့သဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားလာလေသည်။ စကြိုသူမြတ်သည် ဘာသာရေးဆိုင်ရာ ပိဋကတ်စာပေတို့၌သာ မကဘဲ ဗေဒင်ကျမ်းစာတို့၌လည်း တတ်ကျွမ်းတော် မူ၏။မိုးညှင်းသတိုးလက်ထက် ၇၉၉-ခုနှစ်တွင် ပြည်ထဲရေးပြဿနာ အရပ်ရပ်တို့ကို ပိဋကတ် ဗေဒင်တတ်သော ဆရာတော်တို့နှင့် တိုင်ပင်လေသည်။ ထိုအခါ စကြိုသူမြတ်နှင့် မင်းကျောင်း သူမြတ်တို့က သက္ကရာဇ်ဖြိုကိန်း ရောက်ပြီ၊ မဖြိုသော် မသင့်၊ ဟု မိန့်တော်မူကြသည်။ ထို့ကြောင့် မိုညှင်းမင်းတရားသည် ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ အကျိုးငှာ သက္ကရာဇ် ၈ဝဝ-ပြည့်နှစ်တွင် ဗသျှု ဆိဒြ မုနိ ကိန်းဖြင့် ၇၉၈-ခုကို ဖြို၍ ၂-ခုတည်ထားလေသည်။

စကြိုသူမြတ်သည် ထိုသက္ကရာဇ်တွင် အသက်အရွယ်အားဖြင့် ၆၅-နှစ် ရှိပြီဖြစ်ကြောင်း သိရှိရသော်လည်း ဆရာတော် စုတိ်သော သက္ကရာဇ်ကိုကား အမှတ်အသား မတွေ့ရချေ။

[၁]

စကြိုသူမြတ်[ပြင်ဆင်ရန်]

အင်းဝခေတ် ဘုရင်မင်းခေါင် လက်ထက် သက္ကရာဇ် ၇၆၆ ခုနှစ်တွင် မွန်ဘုရင်ရာဇဓိရာဇ် ပထမအကြိမ် ချီတက် တိုက် ခိုက်လာရာ စကြိုသူမြတ်သည် နှစ်ဦးနှစ်ဘက်မှ ဓားမကျိုး လှံ မကျိုးရဘဲ ပြေငြိမ်းမှု ရစေရန် ဆောင်ရွက်ပေးသောကြောင့် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသည့် ရဟန်းတော်တစ်ပါး ဖြစ် သည်။ ထိုရဟန်းတော်အား သမိုင်း စာအုပ်များ၌ ပင်းယစကြို သူမြတ် ဟူ၍၎င်း၊ ပန်းယစကြိုသူမြတ်ဟူ၍၎င်း၊ ပန်းယသူကြို ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ် ရေးသားကြသည်ကို တွေ့ရသည်။ စကြိုသူမြတ်၏ ဘွဲ့တော်မှာ ရှင်ဇောတယန္တ ဖြစ်၏။

စလေမြို့ အရှင်မဟာယသ၏ တပည့်ဖြစ်၍ ရှင်ပင်စွယ်ကြို ကျောင်းတိုက်တွင် သီတင်းသုံးသည်။ မင်းကြီးစွာ စော်ကဲ လက်ထက်တွင် မြို့လှစားပင့်ခဲ့သဖြင့် အင်းဝသို့ ရောက်လာ၏။ အင်းဝသို့ ရောက်လျှင် မြို့လှစားကို အပ်သဖြင့် ဆရာပြုရ သည်။ သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ဘုရင်မင်းခေါင်လက်ထက် မွန်ဘုရင် ရာဇဓိရာဇ်သည် လှေကြီးလှေငယ် လေးထောင်၊ ဗိုလ် တစ်သိန်းခြောက်သောင်းဖြင့် ရေကြောင်း ဆန်လာ၍ စစ်ကိုင်း မြို့၊ ရေဝန်းတွင် တပ်ချ၍ နေသည်။


ဘုရင်မင်းခေါင်လည်း ဆရာတော်ရဟန်းသံဃာမှစ၍ မှူးကြီးမတ်ခိုင် အပေါင်းတို့ကို ပင့်ခေါ်၍ မည်သို့ပြုရမည်ကို တိုင်ပင်တော်မူ သည်။ မည်သည့်ဆရာတော်၊ သံဃာတော်၊ မှူးမတ်ကြီးငယ်မှ မည်သို့မျှမလျှောက် ဆိတ်ဆိတ်နေကြကုန်၏။ ထိုအခါ အသက် သုံးဆယ်တစ်နှစ်၊ ဝါတော် တစ်ဆယ့်နှစ်ဝါ ရှိသော စကြိုသူ မြတ်သည် ဘုန်းတော်ကြီးများ နောက်ကနေ၍ ဤသို့ဆို၏။ 'သခင့် သခင်များသည် တရားမင်းမြတ် အလှူတော်ခံ၍ သုံး ဆောင်တော်မူသည်။ ပြည်ရေးရွာမှု အရေးကြီး၍ တိုင်ပင်တော်မူ သည်ကို တစ်ဦးသော သခင်မှ သို့သင့်မည်၊ သို့မသင့်ဟု ဆိုတော်မမူကုန်၊ မှူးမတ်များလည်း တစ်ယောက်မျှ မလျှောက် ကြပါကုန်၊ မွန်မင်းအရန်ကိုဖြုတ်၍ ပြန်လေအောင် အကြံကို မကြံကြပါကုန်၊ တိတ်တိတ်သာ နေကြ၍ သင့်မည်လော'ဟု ဆိုသည်။ ထိုစကားကို ကြားလျှင် သံဃာကြီးတို့က 'သူတော်မှ တစ်ပါး မွန်မင်းခွာလေအောင် ကြံနိုင်မည့်သူ မရှိ'ဟု ပြက်ရယ် ပြုလျက် ဆိုကြကုန်သည်။ စကြိုသူမြတ်သည် ပြုံး၍ ဝန်ခံပြီး လျှင် 'မွန်မင်းရာဇဓိရာဇ်ကိုသာ မဆိုနှင့်ဦး၊ ဇမ္ဗူဒိပ်မြေပြင်ဝယ် ရှိသော မင်းအပေါင်းတို့ လာရောက်သော်လည်း နှုတ်ရေးဖြင့် ပြန်လေအောင် ငါစွမ်းနိုင်၏'ဟု ဆို၏။ ဘုရင်မင်းခေါင်လည်း အားရတော်မူသဖြင့် ဆောင်ရွက်ရန် တောင်းပန်တော်မူသည်။ ထိုအခါ စကြိုသူမြတ်သည် ရာဇဓိရာဇ်ထံသို့ မေတ္တာစာ ဆက်လေသည်။ ထိုမေတ္တာစာကား' စကြိုသူမြတ် နေ့ညဉ့် မပြတ်၊ မေတ္တာရည်ညွှန်း ပို့သွန်းအပ်သော သာသနာဒါယကာ ဖြစ်တော်မူသော ဆင်ဖြူသခင်မဟာဓမ္မရာဇ်မြင်းမြတ်၊ ငါသည် အသက်သုံးဆယ်တစ်၊ပဉ္စင်းဝါတဆယ့်နှစ်ဝါရှိပြီ၊ နေ့ညဉ့်မပြတ် ပရိယတ္တိ၊ ပဋိပတ္တိကို ဖြည့်သည့်ကုသိုလ်အကျိုးကို ခံတော်မူပါ။ သာသနာ့ဒါယကာ တရားမင်းမြတ် မျက်နှာတော်ကို မြင်ချင်၍ ဟံသာဝတီရွှေမြို့တော်တိုင်အောင် စုန်ရောက်ပါမည် အကြံရှိ သည်လည်း လှေတက်လုပ်ဆောင်သည် မပြီးသေးသောကြောင့် မရောက်ဘဲ ရှိရလေသည်။ မဟာဓမ္မရာဇ် မင်းမြတ်သည် သာသနာ တော်မြတ်စီးပွားကို ရွက်ဆောင်တော်မူသောမင်း ဖြစ်တော်မူ သည်။ မျက်နှာတော်ကို မြင်၍ သုစရိုက်၊ ဒုစရိုက်၊ ကုသိုလ် အကုသိုလ်နှင့်ယှဉ်သော စကားကို မပြောဟောရဘဲ၊ အနိစ္စ ရောက်လေသော်လည်း ဒုဂ္ဂတိသို့သာ လားရာလေသည်။ မျက်နှာတော်ကို မြင်၍ ဒါနကထာ၊ သီလကထာ အစရှိသော စကားတို့ကို ပြောဟောရမှ သေရခြင်းသည်ကား ကောင်းသော သုဂတိဘဝကို ရလေရာသည်'ဟူသတည်း။

ရာဇဓိရာဇ်လည်း နေပြည်တော်မှ အင်းဝသို့ ဆန်တက်လာ ရာ ရဟန်းတစ်ပါးကိုမျှ မမြင်ရ။ ယခု ရဟန်းတော်က တွေ့မြင် လို၍ မေတ္တာစာဆက်သည်ကို မမြင်လိုဟု ဆိုချေသော် ရတနာ သုံးပါးတွင် တစ်ပါးကို မျက်နှာလွှဲသည်ဟု ကဲ့ရဲ့ရာ ဖြစ်မည်ဟု ကြံလျက် စကြိုသူမြတ်အား ကွမ်းဖိတ်လှူတော်မူ၏။စကြိုသူ မြတ်လည်း ကွမ်းဖိတ်ရလျှင်၊ ဘုရင်မင်းခေါင်အား လက် ဆောင်များ စီရင်စေသည်။ ထိုလက်ဆောင်များကို သီတင်းသည် နှင့် လူအိုတို့အား ဆောင်ယူစေလျက်၊ ဟိုင်းဆင်ကိုစီး၍ ထွက် တော်မူ၏။ ရာဇဓိရာဇ်က ရွှေလောင်းဖြင့်ကူး၍ ခံလာရ၏။ ရာဇဓိရာဇ်နေသော ရွှေဖောင်သို့ ရောက်ကာလ လက်ဆောင် များကို ပေးဆက်ပြီး၊ ခင်းထားအပ်သောနေရာ၌ နေပြီးသော်' တလိုင်းပြည်ကသည် ပုဂံအဝ ရေမြေမြင့်သည်ကို လှေလှော် တက်ခတ်တို့ ပင်ပန်းမျှ ဆန်တက်မူလာသည်ကား အဘယ် အလိုတော်ရှိ၍ ဆန်တော်မူသနည်း'ဟု မေးတော်မူသည်။ ရာဇဓိရာဇ်က အထူးထူးသော အရပ်ကို ကြည်ရှု့လိုခြင်း၊ လက်နက်နိုင်ငံ ချဲ့ထွင်လိုခြင်း၊ ဘုန်းလက်ရုံး ခွန်အားကို ပြလိုခြင်း၊ ပုဂံပြည်၊ အင်းဝပြည်တို့တွင် ဘုရား ပုထိုးစေတီတို့ များသောကြောင့် ဖူးမြော်လိုခြင်း တည်းဟူသော အကြောင်း လေးပါးကြောင့်လာသည်ဟု ဆို၏။ ထိုစကားကို ကြားလျှင် စကြိုသူမြတ်သည် ပြုံးတော်မူ၍ တရားမင်းမြတ်တွင် သေနာ ပတိမရှိ၊ ဆရာမရှိဟု ဆိုတော်မူသည်။ ရာဇဓိရာဇ်က အဘယ် ကြောင့် ဆိုသနည်းဟု မေးလျှင် တရားမင်းမြတ် ဆိုသော အကြောင်း ၄ ပါးတွင် သုံးပါးသော အကြောင်းကား သူတစ်ပါး စည်းစိမ်ကို ငါ့စည်းစိမ် ဖြစ်အောင် ပြုမည် ဆိုသည်ကား၊ လောဘဇောနှင့် စပ်သော အရာဖြစ်၍ နတ်ရွာ နိဗ္ဗာန်မှ ဖီလာဖြစ်သည်။ ထို့ကြောင့် ဆရာမရှိဟု ဆိုခြင်း ဖြစ်သည်။ သေနာပတိ မရှိဆိုခြင်းကား၊ တရားမင်းခမည်းတော် ဆင်ဖြူသခင် ဗညားဦး မင်းပြုစဉ်က အင်းဝဘုရင်မင်းကြီးစွာ နှင့် တမန် စေလွှတ်လျက် နှစ်ပြည်ထောင် မီးမသေ ရေ မနောက်၊ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်၍စည်ပင်သာယာဝပြောစွာ ဖြစ်သည်။ သာသနာ့ ဒါယကာတော် မင်းဖြစ်တော်မူလျှင် ရှေး မင်းတို့နည်းကို မဖျက်ဘဲ၊ မင်းနှစ်ပါးသည် အခြားမမြင်သကဲ့ သို့ ဖြစ်၍ ပြည်သူ လူ ရဟန်းအပေါင်းတို့ ချမ်းသာမည် အကြောင်းကို မလျှောက်သောကြောင့် ပညာရှိအမတ်သေနာပတိ မရှိဟု ငါဆိုသည်ဟု မိန့်တော်မူလေသည်။ စကြိုသူမြတ်လည်း ဆက်လက်၍ အင်းဝပြည်၏အခြေအနေ၊ လက်နက်အင်အားတို့ အကြောင်းကို၎င်း၊ အင်းဝကမ်းဆိပ်သည် မိုးအခါကာလ၌ လှေ တက်များ မထားဝံ့အောင် လေမိုး လှိုင်းတံပိုး ပြင်းထန်သည်ကို ၎င်း ပြောပြလျက် မင်းနှစ်ပါး မေတ္တာသက်၍ စစ်မက် မဖြစ်လျှင် သတ္တဝါခပ်သိမ်း ချမ်းသာခြင်းမှ ပရိယတ္တိ ပဋိပတ္တိ သာသနာပြန့်ပွားစည်ပင်မည့်အကြောင်း၊ ထိုသို့ သာသနာ ပြန့်ပွားမှ ကောင်းမှုကုသိုလ် ပွားများလျက် မြတ်သောဆုကို ပြည့်တော်မူရာသည်ဟု ပြောဟော၏။

ထိုစဉ်တွင် ရာဇဓိရာဇ် အမတ်တို့သည် ရွှေကြက်ယက်ဘုရား သခင် ကျွန်သီးတော်တို့ကို ဖမ်းယူ ဆက်သလာသည်။ စကြို သူမြတ် မြင်လျှင် တရားမင်းမြတ်သည် ကျေးဇူးရှင်ကို ကျေးဇူး မသိတကားဟူ၍ မိန့်တော်မူ၏။ ရာဇဓိရာဇ်က မည်သူသည် ကျေးဇူးမသိတကားဟူ၍ မိန့်တော်မူ၏။ ရာဇဓိရာဇ်က မည်သူ သည် ကျေးဇူးရှင်ဖြစ်ဘိသနည်းဟု မေးလျှင် စကြိုသူမြတ်က တရားမင်းမြတ် ရှေးဘဝက ဘုရား ပစ္စကဗုဒ္ဓါတို့ပြုဖူးသော ကောင်းမှုကြောင့်သာ ဤသို့သော စည်းစိမ်ချမ်းသာကို ရပေ သည်။ ယင်းသို့ အကျိုးပြုတတ်သော ဘုရားသခင်၏ ကျွန်သီးတော်တို့ကို ဖမ်းယူည|င်းဆဲခြင်းသည် ကျေးဇူးရှင်၏ ကျေးဇူးတော်ကို မသိရာ မရောက်တုံလောဟု မိန့်၏။ ထို့နောက် ဆက်လက်၍ ပစ္စုပ္ပန် သံသရာ စီးပွားနှစ်ပါးနှင့် စပ်လျက် မင်းဧကရာဇ် နှစ်ပါးတို့ကို မဟာမိတ်ဖြစ်အောင်၎င်း၊ မေတ္တာရပ်ခံလိုကြောင်း၊ မေတ္တာရပ်ခံချက်ကို ခွင့်ပြုလျှင် အင်းဝ နှင့် ဟံသာဝတီတွင် ပျော်ရာ၌ သီတင်းသုံးမည်၊နှစ်ပြည်ထောင် ရွှေတစ်ပြားတည်းကဲ့သို့ဖြစ်ရန် အကြောင်းကိုသာ ခွင့်ပြုပါဟု မိန့်ဆို၏။ ရာဇဓိရာဇ်က မြန်မာနိုင်ငံကို လုပ်ကြံရန်လာသည် တွင် ဆရာတော်က တရားနှင့်အညီ ဟောကြားသောကြောင့် ပြန်စုန်တော့မည်ဟု ပြောဆိုလျက် စကြိုသူမြတ်အား လှူဖွယ် ဝတ္ထုများကို ရွှေကြက်ယက်ဘုရား၏ ကျွန်သီးတော်များနှင့် အတူအပ်၍ ရွှေကြက်ယက်တွင် ဇရပ်ဆောက်လုပ်လှူမည့် အကြောင်းကို လျှောက်ထားပြီးလျှင် အခြွေအရံအပေါင်းတို့ကို အင်းဝဘက် သို့ ရွှေလောင်းဖြင့် ပို့စေ၏။

ဇရပ်ဆောက်လုပ်ပြီးလျှင် စကြိုသူမြတ်နှင့် သံဃာတစ်ရာ တို့ကို ပင့်၍ ဆွမ်းလုပ်ကျွေးကာ လှူဖွယ်ဝတ္ထုများ လှူဒါန်း ပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။ စကြိုသူမြတ်လည်း ရာဇဓိရာဇ်၏ ပင့်လျှောက်ချက်အရ ဇလာကပင်း ဟူသော ရွှေလှေတော်တွင် ရွှေပြာသာဒ်နှင့် လိုက်ပါရသည်။ ရာဇဓိရာဇ် ကျောက်တစ်လုံးသို့ ရောက်လျှင် ရွှေကြက်ယက် ဘုရားတွင် ဆောက်လုပ်လှူခဲ့သော ဇရပ်ကို မင်းခေါင်က မီးရှို့ ဖျက်ဆီးစေ သည်ကို မြင်လျှင် အမျက်ထွက်၍ အင်းဝသို့ တိုက်အံ့ဟု လှေ အပေါင်းတို့ကို လှေဦး လှည့်စေသည်တွင် စကြိုသူမြတ်နှင့် အမတ်တို့ တရားပြသဖြင့် ဆက်လက်၍ စုန်ဆင်းခဲ့သည်။ ပုဂံ သို့ ရောက်လျှင် တန့်ကြည့်ဘုရားမြတ်စွာအပါးတွင် ကျောင်း ဆောက်၍ ပစ္စည်းလေးပါးနှင့်တကွ စကြိုသူမြတ်ကို လှူတော်မူ လေသည်။

ယင်းသို့ အားဖြင့် အင်းဝကို တိုက်အံ့ဟုလာသော မွန်ဘုရင် ရာဇဓိရာဇ်နှင့် မြန်မာတို့အား ဓားမကျိုး လှံမကျိုးရစေဘဲ နှုတ် ရေးဖြင့်သာ အောင်မြင်စွာ ပြေငြိမ်းမှုရအောင် ဆောင်ရွက်နိုင်ခဲ့ သောကြောင့် မြန်မာ့သမိုင်းတွင် ထင်ရှားသော ရဟန်းတော် ဖြစ်ခဲ့ပေသည်။ စကြိုသူမြတ်သည် စကားတတ် ကျမ်းတတ် ဖြစ်သည်ဟု အာစရိယဝံသစာဟောင်းတွင် ဆိုသည်ဟူ၍ မဟာ ရာဇဝင်ကြီးတွင် ဖော်ပြထားသည်။ စကြိုသူမြတ်၏ ဖွား သက္ကရာဇ်နှင့် ပျံလွန်တော်မူသည့် ခုနှစ်များကိုမူ မတွေ့ရပေ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) မှန်နန်းရာဇဝင်တော်ကြီး-ပထမတွဲနှင့် ဒုတိယတွဲ၊ မြန်မာစာပေသမိုင်း၊ သာသနာလင်္ကာရ စာတမ်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၃၊ အမေးတော်ဖြေကျမ်း၊ မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ၊