ရှင်မိနောက်

ဝီကီပီးဒီးယား မှ

ရှင်မိနောက် သည် အင်းဝဘုရင် မင်းခေါင် ၏ မိဖုရားခေါင်ကြီး ဖြစ်သည်။ သူသည် မင်းရဲကျော်စွာ၏ မိခင်လည်း ဖြစ်သည်။

ကြင်ယာတော်ဖြစ်လာခြင်း[ပြင်ဆင်ရန်]

မင်းခေါင် နန်းတက်သည်နောက် မောမင်း သိုငံဘွားက သမီး ရှင်မိနောက်ကို ဆက်သည်။ ရှင်ဘို့မယ်ကို မယုံသည်နှင့် နန်းချသည်တွင် တောင်မိဖုရား ခေါ် မိဖုရားခေါင် ဖြစ်လာသည်။

ရာဇာဓိရာဇ်က နန်းတင်ခြင်း[ပြင်ဆင်ရန်]

၇၆၉ ခုတွင် ရခိုင်အရေးနှင့်ပတ်သက်၍ ဗမာတို့ မွန်သို့ စစ်ချီလာသည်။ ရိက္ခာထောက်တပ်တို့ကို မွန်တို့က ဖြတ်တိုက်သဖြင့် အစာရေစာ ဆွံ့ရှားသောကြောင့် တပ်ပြန်ဆုတ်သည်တွင် မွန်တို့ လိုက်တိုက်ရာ တပ်ပျက်လျှင် ရှင်မိနောက်ကို မွန်တို့ ရ၏။

ရှင်မိနောက်မှာ ထိုစဉ်က အသက် ၃၅ နှစ်မျှရှိပြီး အပြင်အလျာကောင်းလှသဖြင့် ရာဇာဓိရာဇ်က နန်းတင်သည်။ [၁]

သားသမီးများ[ပြင်ဆင်ရန်]

ဘုရင် မင်းခေါင်နှင့် မြင်သော သားသမီးများမှာ -

  1. သားတော် မင်းရဲကျော်စွာ
  2. နှမတော် ရွှေပြည့်ချမ်းသာ၊ ရခိုင်မိဖုရား
  3. မောင်တော် သီဟသူ
  4. ညီတော် မင်းသားညို (မထင်ရှား)

ကိုးကား[ပြင်ဆင်ရန်]


  1. မှန်နန်း မဟာရာဇဝင်