ရတနာပုံမိဖုရား (ပင်းယ)
ရတနာပုံ | |
---|---|
ပင်းယ မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၇ ဖေဖော်ဝါရီ ၁၃၁၃ – c. ဖေဖော်ဝါရီ ၁၃၂၅ |
ရှေ့မင်းဆက် | နေရာအသစ် |
ဆက်ခံသူ | မသိရှိရ |
ပင်လယ် မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၁၃၀၀ ဆယ်စုနှစ် – ၇ ဖေဖော်ဝါရီ ၁၃၁၃ |
ရှေ့မင်းဆက် | နေရာအသစ် |
နောက်မင်းဆက် | ပျက်သုန်း |
မွေးဖွား | c. ၁၂၈၀ ဆယ်စုနှစ် လင်းယဉ် |
ကွယ်လွန် | ပင်းယ |
အိမ်ထောင်ဖက် | အမည်မဖော်ပြထား တစ်စီးရှင် သီဟသူ |
သားသမီးများ | တရဖျားကြီး အသင်္ခယာ စောယွန်း စောပုလဲ |
စံအိမ် | ပင်းယနေပြည်တော် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ရတနာပုံ သည် ပင်းယနေဘုရင် တစ်စီးရှင် သီဟသူ၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ သူမသည် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းနှင့် တရဖျားကြီးတို့၏ မယ်တော် ဖြစ်သည်။
ရတနာပုံ မိဖုရားသည် မြောက်ပိုင်းဒေသတစ်နေရာရှိ လင်းယဉ်ရွာမှ သာမန်အရပ်သူတစ်ဦး ဖြစ်သည်။ သူမသည် ရှမ်းလူမျိုးတစ်ဦး ဖြစ်ဟန်တူသည်။[note ၁] ၁၂၉၈ ခုနှစ်တွင် သူမသည် ၁ နှစ်အရွယ်ကလေးငယ်နှင့် မုဆိုးမတစ်ဦးဖြစ်ကာ တောင်အရပ်သို့ ခရီးထွက်စဉ် အမဲလိုက်ထွက်လာသော သီဟသူနှင့် တွေ့ခဲ့သည်။ အစ်ကိုနှစ်ဦးနှင့်အတူ မြင်စိုင်းနေပြည်တော်ကို တည်ထောင်ခဲ့သူ သီဟသူက ရတနာပုံအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် ပထမဆုံးသားတော် စောယွန်းကို မွေးဖွားခဲ့သည်။ သမီးတော် စောပုလဲအား မမွေးဖွားမီအထိ သူမသည် ကိုယ်လုပ်တော်အဖြစ်သာ ရှိနေခဲ့သည်။ ယင်းနောက် သူမအား မြောက်နန်းမတော် မိဖုရားအဖြစ် မြှောက်စားခဲ့သည်။[၁]
မိဖုရားမှ ဆင်းသက်လာသူများတွင် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းမှ တရဖျားငယ်တို့အထိ ပါဝင်သလို အင်းဝနေပြည်တော်အား တည်ထောင်ခဲ့သူ သတိုးမင်းဖျားဘုရင်လည်း ပါဝင်သည်။[note ၂] ထို့အပြင် မိဖုရားခေါင်များဖြစ်သော အင်းဝ ရှင်ဘို့မယ်နှင့် ရှင်မြတ်လှ တို့သည်လည်း ရတနာပုံမိဖုရား၏ အဆက်အနွယ်များ ဖြစ်ကြသည်။[၁]
မှတ်စု
[ပြင်ဆင်ရန်]- ↑ ရာဇဝင်ကျမ်းများ (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၁–၃၇၂)က သူမ၏ မျိုးရိုးကို ဖော်ပြထားခြင်းမရှိဘဲ မြောက်ပိုင်းမှ ဖြစ်သည်ဟုသာ ဖော်ပြထားသည်။ သို့သော် ဗြိတိသျှကိုလိုနီ ပညာရှင်များက သူမအား ရှမ်းတိုင်းရင်းသားအဖြစ် ရည်ညွှန်းဖော်ပြကြသည်။ ဥပမာအနေဖြင့် (Phayre 1967: 59–60) နှင့် (Harvey 1925: 75–81) တို့တွင် ကြည့်နိုင်သည်။
- ↑ See the regnal list of Sagaing in (Harvey 1925: 366).
ကိုးကား
[ပြင်ဆင်ရန်]ကျမ်းပြုစာရင်း
[ပြင်ဆင်ရန်]- Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
- Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
- မြန်မာနိုင်ငံတော်ဝင်သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်းရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ရတနာပုံမိဖုရား (ပင်းယ) မွေးဖွား c. ၁၂၈၀ ဆယ်စုနှစ် ကွယ်လွန် ?
| ||
Royal titles | ||
---|---|---|
ဘွဲ့အသစ် | ပင်းယ မြောက်နန်းမတော် မိဖုရား ၁၃၁၃–၁၃၂၅ |
ဆက်ခံသူ မသိရှိရ |
ဘွဲ့အသစ် | ပင်လယ် မြောက်နန်းမတော် မိဖုရား ၁၃၀၀ ဆယ်စုနှစ်–၁၃၁၃ |
မရှိ မြင်စိုင်းနေပြည်တော်အား ပင်းယနေပြည်တော်ဟု ပြောင်းလဲခေါ်ဆို |