စနေမင်း

ဝီကီပီးဒီးယား မှ

မာန်အောင်ရတနာစေတီ ဒါယကာ စနေမင်း(၁၆၉၈-၁၇၁၄) နန်းတက်လျှင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာထားသည်။ သို့သော်သားတော် (တနင်္ဂနွေမင်းဖြစ်မည့်သူ) မွေးပြီးနောက်တွင် စိတ်ထားပြောင်းကာ ညီတော်အစား သားတော်ကို နန်းလျာထားရန် ကြံသည်။ ထိုမင်းလက်ထက်တွင် သံဃာထုအတွင်း အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဟုနှစ်ဖက် အငြင်းပွားသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ စနေမင်းနန်းစံကာလတွင်ကျိုင်းတံု‌ေစာ်ဘွားပုန်ကန်မှုနှင့်ရင်ဆိုင်ရသည်။ထို့ပြင်ဇင်းမယ်၊ရခိုင်တို့မှမ‌‌ေလးမခန့်ဖြစ်လာသည်။သားတော်အသက် ၁၉နှစ်တွင် ညီတော်ကို ပုဂံသို့ ပြန်စေပြီး သားတော်အားအိမ်ရှေ့အရာပေးကာ “ဘုန်းကြီးသောအရှင်” ဟုခေါ်ဝေါ်စေသည်။ သို့ဖြင့် စနေမင်းနတ်ရွာစံလျှင် သားတော် တနင်္ဂနွေမင်း နန်းတက်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]