မင်းလှငယ်

ဝီကီပီးဒီးယား မှ

ခမည်းတော် ဆင်ဖြူရှင်သီဟသူ လုပ်ကြံခံရပြီးနောက်တွင် ကိုးနှစ်အရွယ်သာရှိသေးသည့် မင်းလှငယ်သည် မယ်တော်မိဖုရားကြီး ရှင်မြတ်လှ(တန်ဆောင်းရှင်မိဖုရား)၏ အုပ်ထိန်းမှုဖြင့်နန်းတက်သည်။ သို့သော် သုံးလမျှသာကြာသော် နန်းသက်အဆုံးတွင် အဆိပ်ခတ်လုပ်ကြံခြင်းခံရရှာသည်။ ဆင်ဖြူရှင် သီဟသူလက်ထက်မိဖုရားဖြစ်သည့် မာနကြီးလှသည်ဟု နာမည်ကျော်သည့် ရှင်ဘို့မယ်လက်ချက်ဟု အများကယူဆကြသည်။ မင်းလှငယ်လွန်လျှင် ရှင်ဘို့မယ်နှင့် ရည်ငံနေသူ ကလေးကျေးတောင်ညိုက အင်းဝနန်းတော်ကို သိမ်းပိုက်ကာ မင်းအဖြစ်ခံယူသည်။