မဂ်

ဝီကီပီးဒီးယား မှ

မဂ္ဂ[၁]ဟူသော ပါဠိစာလုံးမှ အဓိပ္ပါယ်များမှာ

  • (၁) လမ်းခရီး။ [၂]
  • (၂) အကြောင်း။ [၃] သံ၊၃၊၂၄၁-၌ အဘိညာဉ်၏ အခြေခံ အကြောင်း ဖြစ်သောကြောင့် စတုတ္ထဈာန်ကို မဂ္ဂေါဟု ဆိုသည်။ [၄] ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ။ အဘိ၊ဓ၊၄၄-၌ ရူပဘုံသို့ ရောက်ခြင်း၏ အကြောင်းဖြစ်သောကြောင့် ဈာနစေတနာနှင့် သမ္ပယုတ္တဓမ္မတို့ကို မဂ္ဂဟု ဆိုသည်။ [၅] နေတ္တိ၊၇-၌ အလုံးစုံသော ကိလေသာမှ စင်ကြယ်သော အရိယာမဂ်၏ (သို့မဟုတ်) စင်ကြယ်သောနိဗ္ဗာန်၏ အကြောင်းဖြစ်သောကြောင့် နိဗ္ဗိဒါနုပဿနာကို မဂ္ဂေါဟုဆိုသည်။ [၆]
  • (၃) မဂ်၊ အရိယာမဂ်၊ မဂ္ဂင်မဂ္ဂသစ္စာ[၇]
  • (၄) ကျင့်စဉ်။ [၈]ပါရမီ ၁၀-ပါးလမ်းစဉ်ကို မဂ္ဂဿ ဟုဆိုသည်။
  • (၅) မဂ္ဂပစ္စည်း[၉]
  • (၆) နိဗ္ဗာန်[၁၀]
  • (၇) (မဂ်။ ဝစ္စမဂ်စသည်)။ [၁၁] (ဝစ္စမဂ်-ကျင်ကြီးလမ်းကြောင်း၊ ပဿာဝမေ= ကျင်ငယ်လမ်းကြောင်း၊ မုခမဂ် = ခံတွင်း။ လူမ၊ နတ်မ၊ တိရစ္ဆာန်မ၊ လူဥဘတောဗျည်း, နတ်ဥဘတောဗျည်း, တိရစ္ဆာန် ဥဘတောဗျည်းတို့၌ မဂ် ၃-ခုစီရှိသောကြောင့် ၁၈-မဂ်။ လူယောကျ်ား နတ်ယောကျ်ား တိရစ္ဆာန်ယောက်ျား၊ လူပဏ္ဍုက် နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက်တို့၌ ဝစ္စမဂ် မုခမဂ် ၂-ခုစီရှိသောကြောင့်၁၂-မဂ် ။ စုစုပေါင်း မဂ် ၃၀ ဖြစ်သည်။ [၁၂]
  • (၈) အပြား (ဘေဒ)။ [၁၃]
  • (၉) အစဉ်အဆက်။ [၁၄]
  • (တ) (၁၀) မဂ်–လမ်းခရီး-နှင့်တူသော။[၁၅][၁၆]

မဂ္ဂင် ရှစ်ပါး[ပြင်ဆင်ရန်]

အရိယာမဂ်သည် သောတာပတ္တိမဂ် = ပဌမမဂ်၊ သကဒါဂါမိမဂ် = ဒုတိယမဂ်၊ အနာဂါမိမဂ် = တတိယမဂ်၊ အရဟတ္တမဂ်-စတုတ္ထမဂ် ဟု လေးမျိုးရှိ၏၊

ယင်းမဂ်လေးမျိုး၌ ယှဉ်သော စေတသိက်များတွင် သမ္မာဒိဋ္ဌိ = ပညာ၊ သမ္မာသင်္ကပ္ပ = ဝိတက်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ = ဝီရိယ၊ သမ္မာသတိ = သတိ၊ သမ္မာသမာဓိ=ဧကဂ္ဂတာဟု စေတသိက်ရှစ်လုံးပါဝင်ရာ ယင်းစေတသိက်ရှစ်လုံးကို မဂ္ဂင် ရှစ်ပါးဟု ခေါ်၏၊

မဂ်[ပြင်ဆင်ရန်]

ထိုမဂ္ဂင်ရှစ်ပါးအပေါင်းကိုပင် ပါဠိသက် မြန်မာဝေါဟာရအားဖြင့် မဂ်ဟု သုံးနှုန်း ခေါ်ပေါ်က်ခြင်းဖြစ်သည်။ သမ္မာဒိဋ္ဌိစသော တစ်ပါးစီကို မဂ္ဂင်ဟု ခေါ်၍ ယင်းရှစ်ပါး အပေါင်းကို မဂ်ဟုခေါ်ဝေါ်ခြင်းဖြစ်သည်ဟူလို။ မဂ္ဂပုဒ်၏ အကြောင်းဗျုပ္ပတ်ကို ဖော်ကြရာ၌-ကိလေသာတို့ကို သတ်လျက် နိဗ္ဗာန်သို့ သွားတတ်သောကြောင့်မဂ်၊ နိဗ္ဗာန်ကိုရှာမှီး တတ်သောကြောင့်မဂ်၊ နိဗ္ဗာန်ကိုအလိုရှိသော သူတို့သည် ကျင့်အပ်သောကြောင့် မဂ်စသည်ဖြင့် အဋ္ဌကထာဋီကာများ၌ အမျိုးမျိုးပင် ဖော်ပြကြ၏ [၁၇] [၁၆]

လက္ခဏ, ရသ[ပြင်ဆင်ရန်]

ယင်းမဂ်သည်အနုသယကို ပယ်ခြင်း၊ ဝဋ်မှ ထွက်မြောက်ခြင်းလက္ခဏာရှိ၏ [၁၈]။ အနုသယကိုပယ်ခြင်းကိစ္စရှိ၏ [၁၉][၁၆]

မဂ်က အနုသယခုနှစ်ပါးပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယကို အစဉ်စွန့်ပယ်၏၊ ထိုမှတစ်ပါးသော အနုသယ ကိလေသာတို့ကို အပါယ် လားစေတတ်သော အစွမ်းကို ဖြတ်သောအားဖြင့်တစ်စိတ်မျှသာ စွန့်ပယ်၏၊

သကဒါဂါမိ မဂ်သည် ကာမရာဂါနုသယ ပဋိဃာနုသယကို ခေါင်းပါးစေ၏၊ အစဉ် မစွန့်။

အနာဂါမိ မဂ်သည် ကာမရာဂါနုသယ, ပဋိဃာနုသယကို အစဉ်စွန့်ပယ်၏၊ ကြွင်းသော အနုသယကိလေသာတို့ကို အားနည်းစေ၏။

အရဟတ္တမဂ်သည် မာနာနုသယ, ဘဝရာဂါနုသယ, အဝိဇ္ဇာနုသယတို့ကို အစဉ်စွန့်ပယ်၏၊ ထိုမှတစ်ပါးသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်၏ [၂၀] [၁၆]

မဂ်က အာသဝလေးပါးပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌာသဝကို ပယ်၏။ အနာဂါမိမဂ်သည် ကာမာသဝကို ပယ်၏။ အရဟတ္တမဂ်သည် ဘဝါသဝ, အဝိဇ္ဇာသဝကို ပယ်၏ [၂၁][၁၆]

မဂ်က သံယောဇဉ်ကိုပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ဣဿာ, မစ္ဆရိယသံယောဇဉ်ငါးပါးကိုပယ်၏။

အနာဂါမိမဂ်သည် ကာမရာဂ, ပဋိဃ ဤသံယောဇဉ်နှစ်ပါးကို ပယ်၏။

အရဟတ္တမဂ်သည် မာန, ဘဝရာဂ, အဝိဇ္ဇာ ဤသံယောဇဉ် သုံးပါးကို ပယ်၏ [၂၂][၁၆]

မဂ်က နီဝရဏပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ကုက္ကုစ္စ, ဝိစိကိစ္ဆာ နီဝရဏနှစ်ပါးကို ပယ်၏။

အနာဂါမိမဂ်သည် ကာမစ္ဆန္ဒ, ဗျာပါဒနီဝရဏနှစ်ပါးကို ပယ်၏။-

အရဟတ္တမဂ်သည် ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, အဝိဇ္ဇာ ဤနီဝရဏ လေးပါးကိုပယ်၏။ [၁၆]

မဂ်က ဥပါဒါန်လေးပါးပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်သုံးပါးကိုပယ်၏။ ကာမုပါဒါန်ကိုကား မဂ် လေးပါးလုံးက အကြမ်းအနုအစဉ်လိုက်ပယ်သည်။ [၁၆]

မဂ်က ကိလေသာ ၁၀-ပါးပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌိ, ဝိစိကိစ္ဆာ ကိလေသာများကိုပယ်၏။

အနာဂါမိမဂ်သည် ဒေါသကိလေသာကိုပယ်၏။

အရဟတ္တမဂ်သည် ကြွင်းသော ကိလေသာ ခုနစ်ပါးကို ပယ်၏ [၂၃]

ဝရဇိန်မိုးကြိုးသွားဖြင့် မဖောက်ခွဲ မဖျက်ဆီးနိုင်သော ကျောက်တောင်ကျောက်ခဲမည်သည်မရှိ၊ ဝရဇိန်မိုးကြိုး သွားကျရာအရပ်သည် ထုတ်ချင်းပေါက်သွားသည်သာဖြစ်သည်။ ထို့အတူ အရဟတ္တမဂ်ဖြင့် မပယ်သတ်နိုင်သော ကိလေသာမည်သည်မရှိ၊ အရဟတ္တမဂ်ဖြင့် ပယ်ပြီး ကိလေသာများ ပြန်လည် ဖြစ်ပေါ်လာခြင်းမည်သည် မရှိ [၂၄][၁၆]

မဂ်က ဂန္ထလေးပါးပယ်ပုံ[ပြင်ဆင်ရန်]

မည်သည့် မဂ်က မည်သည့်ဂန္ထတရားကို ပယ်သည်ဟုကျမ်းဂန်များ၌တိုက်ရိုက်မတွေ့ရ၊ အနုသယ, ကိလေသာစသည်ပယ်ပုံကို နည်းမှီ ရလျှင်

သောတာပတ္တိမဂ်သည် သီလဗ္ဗတပရာမာသ, ဣဒံသစ္စာဘိနိဝေသကာယဂန္ထနှစ်ပါးကို ပယ်သည်၊

အနာဂါမိမဂ်သည် ဗျာပါဒကာယဂန္တကိုပယ်သည်၊

အရဟတ္တမဂ်သည် အဘိဇ္ဈာကာယဂန္ထ ကိုပယ်သည်ဟု ယူရမည်ထင်သည်။ အဘိဇ္ဈာကာယဂန္တကို ပယ်ဖျောက်ကြောင်း တရားဟူသည် အရဟတ္တဖိုလ်တည်းဟု [၂၅]၌) ဆိုထား၏၊ ယင်းသို့ ဆိုခြင်းကား ပဋိပ္ပဿဒ္ဓိပဟာန် အစွမ်းဖြင့် ပယ်စွန့်ခြင်းကို ရည်ရွယ်၍ ဆိုခြင်းဖြစ်သည်[၂၆]

သမုစ္ဆေဒပဟာန် (အကြွင်းမဲ့ပယ်စွန့်ခြင်း)အားဖြင့်ကား အရဟတ္တမဂ်ကပင် အဘိဇ္ဈာကာယဂန္ထကို အကြွင်းမဲ့ပယ်သည်ဟုယူရမည်။ [၁၆]

မဂ်က အကုသိုလ်ကိုပယ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် ဒိဋ္ဌိဂတသမ္ပယုတ် စိတ်လေးခု ဝိစိကိစ္ဆာသဟဂုတ် စိတ်တစ်ခု ဤအကုသိုလ်စိတ်ငါးပါးကိုပယ်၏။

သကဒါဂါမိမဂ်သည် ဒေါမနဿသဟဂုတ်စိတ် နှစ်ပါးကို ခေါင်းပါးစေ၏၊ အကြွင်းမဲ့ မပယ်။

အနာဂါမိမဂ်သည် ဒေါမနဿသဟဂုတ် စိတ်နှစ်ပါးကို အကြွင်းမဲ့ပယ်၏။

အရဟတ္တမဂ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်လေးခု ဥဒ္ဓစ္စသဟဂုတ်စိတ်တစ်ခု ဤငါးပါးသော အကုသိုလ်စိတ်တို့ကိုပယ်၏။ မဂ်အသီးသီးသည် ဆိုင်ရာအကုသိုလ်ကို ပယ်ရာ၌ စိတ်၏အစိတ်၏အစွမ်းဖြင့် ဖြစ်လတ္တံ့သော အကုသိုလ်နှင့်တကွပယ်သည်။ ယင်းသို့ ပယ်ရာ၌ နိုင်ငံကြီးတစ်နိုင်ငံတွင် ခိုးသူကြီး တစ်ဆယ့်နှစ်ယောက် ထကြွသောင်းကျန်း နေရာ ဆုလာဘ်ပေး၍ အသီးအသီးအဖမ်း ခိုင်းပုံ ဥပမာဖြင့် အဋ္ဌသာလိနီအဋ္ဌကထာ [၂၇]၌ အကျယ်ပြထား၏။ [၁၆]

ကိလေသာပယ်ပုံနှင့် သစ္စာမြင်ပုံ[ပြင်ဆင်ရန်]

မဂ်က ကိလေသာကိုပယ်ရာ၌ အောက် အောက်မဂ် မပယ်ရသေးသော ကိလေသာများကို အထက်အထက်မဂ်က ပယ်၏။ သစ္စာ ကိုမြင်ရာ၌ကား သောတာပတ္တိမဂ်သည် မြင်အပ်ပြီး သစ္စာလေးပါးကိုပင် အထက်မဂ်သုံး ပါးက မြင်သည်။ ယင်းသို့မြင်ရာ၌ အခန်းတွင်းရှိ ရတနာသေတ္တာလေးလုံးကို မီးထွန်း၍ မြင်ရပုံ၊ နေရောင်ဖြင့်မြင်ရပုံ ဥပမာများဖြင့် အကျယ်ပြဆိုထား၏ [၂၈][၁၆]

မဂ်ကြောင့် ဘဝမှ လွတ်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်သည် အပါယ်ဘဝမှ-ထ၏။ သောတာပတ္တိမဂ်ရပြီးနောက် အပါယ် မကျတော့ဟုဆိုလိုသည်။

သကဒါဂါမိမဂ်သည် သုဂတိကာမဘုံတစ်စိတ်မှ ထ၏။

အနာဂါမိမဂ်သည် ကာမဘဝမှထ၏။

အရဟတ္တမဂ်သည် ရူပ, အရူပဘဝမှထ၏။ အရဟတ္တမဂ်သည် အလုံးစုံ သောဘဝတို့မှ ထသည်သာ၊ အရဟတ္တမဂ်ရပြီးလျှင် နောက်ဘဝမရှိတော့ဟူလို [၂၉][၁၆]

မဂ်ကဆိုင်ရာ အဘိသင်္ခါရဝိညာဏ်ကို ချုပ်ပျောက်ပုံ[ပြင်ဆင်ရန်]

သောတာပတ္တိမဂ်ဉာဏ်သည် အပါယ်ဘုံ၌လည်းကောင်း, သတ္တမဘဝထက် အလွန်ဖြစ်သောသုဂတိဘဝ၌ လည်းကောင်း အကျိုးပေးနိုင်သော အစွမ်းသတ္တိရှိသည့် အဘိသင်္ခါရဝိညာဏ် (=ပဋိသန္ဓေကျိုးပေး နိုင်သည့် ကံနှင့် တကွဖြစ်သော ဝိညာဏ်)ကို ချုပ်ပျောက်စေ၏ (ပယ်၏)။ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်အဖို့ အပါယ်ဘဝ၌ ဖြစ်မည့် နာမ်ရုပ်တရားများ, သတ္တမဘဝထက် အလွန် သုဂတိဘဝ၌ဖြစ်မည့် နာမ်ရုပ်တရားများသည် သောတာပတ္တိမဂ် ရစဉ်ကပင် လုံးဝချုပ်ဆုံးခဲ့ပြီး ဖြစ်သည်ဟု ဆိုရသည်။ အပင်ပေါက်နိုင်သော အစွမ်းသတ္တိရှိသည့် မျိုးစေ့ကို မီးမြှိုက်ပစ်လိုက်လျှင် ထိုမျိုးစေကြောင့် ဖြစ်ထွန်း ပေါ်ပေါက်လာမည့် ပင်စည် အခက် အရွက်အသီးအပွင့်စသည်ကို ဖျက်ဆီးပြီး ဖြစ်သကဲ့သို့တည်း။

သကဒါဂါမိမဂ်ဉာဏ်သည် လူ့ဘုံ နတ်ဘုံ အရော ငါးဘဝတို့၌ အကျိုးပေးနိုင်သော အစွမ်း သတ္တိရှိသည့် အဘိသင်္ခါရဝိညာဏ်ကို ချုပ်ပျောက်စေ၏၊ ထို့ကြောင့်သကဒါဂါမ် ပုဂ္ဂိုလ်အဖို့ လူ့ဘုံ နတ်ဘုံအရောငါးဘဝ၌ ဖြစ်မည့် နာမ်ရုပ်တရားများသည် သကဒါဂါမိမဂ်ရစဉ်ကပင် လုံးဝချုပ်ဆုံးခဲ့ပြီး ဖြစ်သည်။

အနာဂါမိမဂ်ဉာဏ်သည် လူ့ဘုံ နတ်ဘုံ အရောနှစ်ဘဝ၌ အကျိုးပေးနိုင်သောအစွမ်း သတ္တိရှိသည့် အဘိသင်္ခါရဝိညာဏ်ကိုချုပ် ပျောက်စေ၏၊ ထို့ကြောင့် အနာဂါမ်ပုဂ္ဂိုလ် အဖို့ လူ့ ဘုံ နတ်ဘုံ အရောနှစ်ဘဝတို့၌ ဖြစ်မည့် နာမ်ရုပ်တရားများသည် အနာဂါမိမဂ် ရစဉ်ကပင် လုံးဝချုပ်ဆုံးခဲ့ပြီးဖြစ်သည်။

အရဟတ္တမဂ်ဉာဏ်သည် ရူပဘဝ အရူပဘဝတို့၌ အကျိုးပေးနိုင်သော အစွမ်းသတ္တိရှိသည့် အဘိသင်္ခါရဝိညာဏ်ကို ချုပ်ပျောက် စေ၏၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ်အဖို့ ရူပဘုံ အရူပဘုံ၌ဖြစ်မည့် နာမ်ရုပ်တရားများသည် အရဟတ္တမဂ် ရစဉ်ကပင် လုံးဝချုပ်ဆုံးခဲ့ပြီး ဖြစ်သည် [၃၀]

မဂ်ကဆိုင်ရာ အဘိသင်္ခါရဝိညာဏ်ကိုချုပ် ပျောက်ပေ၏ ဟူရာ၌ အဘိသင်္ခါရဝိညာဏ်သည် မဂ်ဉာဏ်က သတ်အပ်သော တရား မဟုတ်၊ အဘယ်နည်းဖြင့်အဘိသင်္ခါရဝိညာဏ်ကို ချုပ်ပျောက်စေသနည်းဟု မေးဖွယ်ရှိ၏၊

အဖြေကား-အဘိသင်္ခါရဝိညာဏ်သည် တဏှာ အဝိဇ္ဇာဟူသော အဖော် သဟာယ်ကိုရမှ အကျိုးကို စီမံနိုင်၏၊ အကျိုးပေးနိုင်၏ [၃၁]

တဏှာအဝိဇ္ဇာတို့ကး မဂ်ကပယ်သတ်အပ်သောတည်းများတည်း။ မဂ်ကအကြောင်း ဖြစ်သော တဏှာ အဝိဇ္ဇာကို သတ်လိုက်လျှင် အဘိသင်္ခါရ ဝိညာဏ်ကိုလည်း ပယ်သတ်ရာ ချုပ်ပျောက်စေရာ ရောက်၏၊ ထို့ကြောင့် အကြောင်းအဝိဇ္ဇာတဏှာ၏ ချုပ်ပျောက် ခြင်းကိုပင် ကာရဏူပစာအားဖြင့် “အဘိ သင်္ခါရဝိညာဏ်၏ ချုပ်ပျောက်ခြင်း” ဟုဆို သည်[၃၂]

သုတ္တနိပါတ်ပါဠိတော် ရတနသုတ်(သုတ္တနိ၊၃၁၃)၌ အရိယာပုဂ္ဂိုလ်များသည် အရိယာဖြစ်ပြီးနောက်ရှစ်ခုမြောက်ဘဝကို မယူဟု ဆိုထားရာ၌ ကာမဘဝကို ရည်ရွယ်၍သာ ဆိုထားခြင်းဖြစ်သည်၊ သံသရာ ကျင်လည်ရာ၌ ကာမဘုံဝယ် ခုနစ်ဘဝထက်အလွန် မနေကြတော့ဟု ဆိုလိုသည်၊ မဟဂ္ဂုတ် ဘဝအတွက်ကား အပိုင်းအခြားမရှိ၊ မဟဂ္ဂုတ်များစွာပင် ဖြစ်နိုင်ကြသည်ဟု ([၃၃] ၌)ဆို၏။

သုတ္တနိပါတ်အဋ္ဌကထာ (၁၊၂၈၆) ပရိတ္တ၊ ဋီ (၅၀)တို့၌ကား အရိယာများသည် သတ္တမ ဘဝ၌ ဝိပဿနာအားထုတ်၍ ရဟန္တာ ဧကန် ဖြစ်ကြသည်ဟု ဆို၏။ ယင်း ဋ္ဌ, ဋီ-တို့အလို အရိယာများသည် ခုနစ်ဘဝထက် အလွန် သံသရာမကျင်လည်ကြတော့ဟု မှတ်ရမည်။ [၁၆]

မဂ်၏ အခြား အမည်များ[ပြင်ဆင်ရန်]

မဂ်သည် လောဘအစွန်း ဒေါသအစွန်း နှစ်ပါးသို့မကပ်ရောက်၊ ထိုအစွန်းနှစ်ပါးမှ လွတ်သောကြောင့် မဂ်ကို (= မဂ်လမ်းစဉ်ကို) မဇ္ဈိမပဋိပဒါဟု ခေါ်သည် [၃၄]

မဂ်ဖြင့်ကိလေသာ အနှောင်အဖွဲ့မှ လွှတ်သောကြောင့် မဂ်ကို သတ္တဝါတို့၏ နိမောက္ခ (လွတ်မြောက်ရေး) တရားဟုခေါ်သည် [၃၅]

ကာယဝင်္ကစသည် မရှိသောကြောင့်မဂ်ကို ဥဇုက (ဖြောင့်မတ်သော) တရားဟုလည်း ခေါ်၏ [၃၆]

ဘုရားကင်းဆိတ်သော ကမ္ဘာလောက၌ တစ်စုံတစ်ယောက်သန္တာန်ဝယ် မဖြစ်ပေါ် မဖြစ်ပေါ် မဥပါဒ်သောကြောင့်အရိယမဂ်ကို ပဝါရဏာသုတ် [၃၇]အနုပ္ပန္နမဂ်ဟု ဟောတော်မူခဲ့၏။

ရှေးဘုရားရှင်တို့ ကျင့်ကြံအပ်သော အရိယာမဂ်ကို ဘုရား မပွင့်သော ကြားကာလ၌ တစ်စုံတစ်ယောက်မျှ အသုံးမပြု (ဖြစ်ပေါ် အောင် မလုပ်)သောကြောင့် “ပုရာဏမဂ္ဂ = အသုံးမပြုသောလမ်းဟောင်း” ဟု နဂရသုတ် [၃၈]၌ ဟောတော်မူ၏ [၃၉]

သမ္မာသမ္ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ, သာဝကဗုဒ္ဓတို့သည် ဘာဝနာသေဝန ဂေါစရာသေဝနအားဖြင့် မဂ်တရားကို မှီဝဲကြ၏၊ မစွန့်လွှတ်ကြ၊ ထို့ကြောင့်မဂ်ကို “ဗုဒ္ဓနိသေဝိတ = ဘုရားရှင်တို့ မှီဝဲအပ် မစွန့်လွတ်အပ်သောတရား”ဟု ခေါ်၏ [၄၀]

အင်္ဂုတ္တိုရ်ပါဠိတော် ဒသကနိပါတ် အရိယသုတ် [၄၁]၌ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု (ပါဏာတိပါတာဝေရမဏိ) စသည်ကို အရိယာမဂ်၊ သူ အသက်သတ်ခြင်း (ပါဏာတိပါတ)စသည်ကို အနရိယမဂ်ဟု ဟောတော်မူ၏။ [၁၆]

ပုဂ္ဂိုလ်အလိုက် မဂ္ဂဝီထိဖြစ်ပုံ[ပြင်ဆင်ရန်]

ပညာဉာဏ်ကြီးသော (မဟာပညာ) ပုဂ္ဂိုလ်အား မဂ္ဂဝီထိဖြစ်ပုံကား—ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ အနုလုံ ၂-ကြိမ်၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်သုံးကြိမ်၊ ထိုနောင် ဘဝင်ဖြစ်တိုက်သ၍ ဖြစ်၏။

ပညာဉာဏ် အလယ်အလတ်ရှိသော(မဇ္ဈိမ ပညာ) ပုဂ္ဂိုလ်အား မဂ္ဂဝီထိ ဖြစ်ပုံကား-ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း အနုလုံ ၃-ကြိမ်၊ ဂေါတြဘူ။ မဂ်၊ ဖိုလ် ၂-ကြိမ်၊ ထိုနောင် ဘဝင်ဖြစ်ထိုက်သ၍ဖြစ်၏။

ပညာဉာဏ်နုံ့သော (မန္ဒပညာ) ပုဂ္ဂိုလ်အား မဂ္ဂဝီထိဖြစ်ပုံကား— ဘဝင်္ဂစလန၊ ဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ အနုလုံ ၄-ကြိမ် ဂေါတြဘူ၊ မဂ်၊ ဖိုလ်တစ်ကြိမ်၊ ထိုနောင် ဘဝင်ဖြစ်ထိုက်သ၍ ဖြစ်၏ [၄၂]

(မှတ်ချက်-သင်္ဂဟ၊ ဝိဘာဝိနီဋီကာ။ ဝီထိလက်ရိုးကျမ်းများ၌ ဖိုလ်တစ်ကြိမ်သာ ဖြစ်သော မန္ဒပညာပုဂ္ဂိုလ်၏မဂ္ဂဝီထိကို မပြကြ။ မဟာပညာ, မဇ္ဈိမပညာပုဂ္ဂိုလ်တို့၏ မဂ္ဂဝီထိကိုသာ ပြကြသည်။ အဋ္ဌသာလိနီယောဇနာ (၁၄၄) ဆရာက မန္ဒပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိသည် ရှင်ဗုဒ္ဓဃောသအလိုမဟုတ်၊ ပေါရာဏ အဋ္ဌကထာ၌ လာသောနည်းသာ ဖြစ်သည်ဟု မှာ၏။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၂၊၃၁၅)၌လည်း မန္တပညာပုဂ္ဂိုလ်၏ မဂ္ဂင်ထဲကို အနှစ်သာရအားဖြင့် မယုံကြည်အပ် = (န သာရတော ပစ္စေတဗ္ဗံ ဟုပယ်ထား၏)။

မဇ္ဈိမပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ၌ ကိလေသာ အမိုက်တိုက်ကို ဖျက်ဆီးပုံ, နိဗ္ဗာန်မြင်ပုံ ဥပမာကား-မျက်စိအမြင်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် လ၏ နက္ခတ်နှင့်ယှဉ်ခြင်းကို သိအောင် ပြုအံ့ဟူသော ရည်ရွယ်ချက်ဖြင့် ညဉ့်၌ လကိုမော့ကြည့်စဉ် တိမ်တိုက်တို့ဖြင့် ဖုံးလွှမ်းနေသောကြောင့် လသည်မထင်ရှားခဲ့၊ ထိုအချိန်တွင် ပဌမအကြိမ် တိုက်ခတ်လာသော လေသည် ထူထပ်သော တိမ်တိုက်များကို မှုတ်လွှင့် ဖျက်ဆီးပစ်လိုက်၏၊ ဒုတိယ အကြိမ် တိုက်ခတ်လာသော လေသည် အလယ်အလတ်ဖြစ်သော တိမ်တိုက်တို့ကို မှုတ်လွှင့်ဖျက်ဆီးပစ်လိုက်၏၊ တတိယအကြိမ် တိုက်ခတ် လာသောလေသည် သိမ်မွေ့သော တိမ်တိုက်တို့ကို မှုတ်လွှင့် ဖျက်ဆီးပစ်လိုက်၏၊ ထို့နောင်မှ လ၏နက္ခတ်နှင့် ယှဉ်ခြင်းကို ကြည့်လို သိလိုသူသည် တိမ်တိုက်ကင်းသော ကောင်းကင်၌ လကိုကောင်းမှု မြင်ရတော့၏။

ဤဥပမာ၌ တိမ်တိုက်သုံးခုနှင့် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာ အမိုက်တိုက် သုံးခုတူသည်၊ လေသုံးခုနှင့် အနုလုံသုံးခု တူသည်။ မျက်စိအမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ် နှင့် ဂေါတြဘူဉာဏ်တူသည်၊ လနှင့်နိဗ္ဗာန် တူသည်တစ်ခုတစ်ခုသောလေ၏ အစဉ်အတိုင်း တိမ်တိုက်သုံးခုကို ဖျက်ဆီးခြင်းကဲ့သို့ တစ်ခု တစ်ခုသော အနုလုံစိတ်၏ သစ္စာကို ဖုံးလမ်းတတ်သော ကိလေသာအမိုက်တိုက်ကို ဖျက်ဆီးခြင်းကို မှတ်အပ်၏။

တိမ်ကင်းသော ကောင်းကင်၌ စင်ကြယ်သောလကို မြင်ရခြင်းကဲ့သို့ သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာ အမိုက်တိုက် ကင်း လတ်သော် ဂေါတြဘူဉာဏ်ဖြင့် စင်ကြယ်သော နိဗ္ဗာန်ကို အာရုံပြုခြင်း (မြင်ခြင်း)ကို မှတ်အပ်၏၊ တိုက်ခတ်လာသော လေသုံးခုသည် လကိုဖုံးလွှမ်းနေသော တိမ်တိုက်များကိုသာ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်၏၊ လကိုမြင်ခြင်းငှာ မစွမ်းနိုင်၊ ထို့အတူ အနုလုံ စိတ်သုံးခုသည် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာ အမိုက်တိုက်ကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်၏၊ နိဗ္ဗာန်ကို အာရုံပြုခြင်းငှာ မစွမ်းနိုင်။ လ၏နက္ခတ်နှင့် ယှဉ်ခြင်းကို သိလိုသူသည် လကိုသာမြင်ခြင်းငှာ စွမ်းနိုင်၏၊ တိမ်တိုက်တို့ကို ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်။ ထိုအတူ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကိုသာ အာရုံပြုခြင်းငှာ စွမ်းနိုင်၏။ ကိလေသာ အမိုက်တိုက်ကို ဖျက်ဆီခြင်းငှာ မစွမ်းနိုင်။ အနုလုံဉာဏ်သုံးခုသည် ဝိပဿနာ၏ အာရုံဖြစ်သော ခန္ဓာတို့၌ အနိစ္စ, ဒုက္ခ, အနတ္တဟု လက္ခဏာရေးသုံးပါး ထင်မြင်၍ သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာ အမိုက်တိုက်တို့ကို ဖျက်ဆီးသည် [၄၃][၁၆]

မဂ်၏ အကျိုးအာနိသင်[ပြင်ဆင်ရန်]

မဂ်သည် ကိလေသာ အမိုက်တိုက်ကိုသာ ဖောက်ခွဲဖျက်ဆီးသည်မဟုတ်၊ သံသရာဘဝ အဆက်ဆက်၌ ဖြစ်ခဲ့သော ဒုက္ခပင်လယ်ကိုလည်း ခြောက်သွေ့စေ၏၊ အပါယ်တံခါးများကိုလည်း ပိတ်ဆို့၏။ အရိယဥစ္စာ (၇) ဖြာကို မျက်မှောက်ပြု၏၊ မိစ္ဆာမဂ္ဂင် ၈-ပါးကို ပယ်စွန့်၏၊ အလုံးစုံသော ဘေးရန်အပေါင်းကို ငြိမ်းအေးစေ၏၊ မြတ်စွာဘုရား၏ ရင်သွေးတော်နှစ် သားတော်စစ်အဖြစ်သို့ ရောက်အောင် ပို့ဆောင်သည့်အပြင် များစွာသော အကျိုး အာနိသင်များကိုလည်း ရရှိစေ၏ [၄၄][၁၆]

မဂ်၏ သုညတစသည်အမည်ရပုံ[ပြင်ဆင်ရန်]

ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် တေဘူမက သင်္ခါရတို့ကို အတ္တမှ ကင်းဆိတ်သောအားဖြင့် (= အနတ္တအားဖြင့်) ရှုသည်ဖြစ်အံ့၊ ထိုဝုဋ္ဌာနဂါမိနီဝိပဿနာသည် သုညတအမည်ရသည်။ သုညတမည်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ၏ အစွမ်းဖြင့်ရလာသော မဂ်သည် သုညတမဂ်မည်၏။ ဤကားအာဂမန(မဂ် ဖြစ်ပေါ်လာကြောင်း ဝိပဿနာ)၏ အစွမ်းဖြင့် သုညတအမည် ရပုံတည်း၊

မဂ်သည် မိမိသဘောအားဖြင့်ပင် ရာဂ စသည်တို့မှ ကင်းဆိတ်၏၊ ထို့ကြောင့် သဂုဏ (= မိမိ၏ ပင်ကိုယ်ဂုဏ်သဘော)အားဖြင့်ပင် မဂ်သည် သုညတအမည်ရသည်။ နိဗ္ဗာန်သည် ရာဂစသည်တို့မှ ကင်းဆိတ်သောကြောင့် သုညတ မည်ရင်းတည်း၊ သုညတ မည်သော နိဗ္ဗာန်ကိုအာရုံပြု၍ဖြစ်ရသောကြောင့် မဂ်ကို အာရုံ၏အစွမ်းအားဖြင့် (အာရမ္မဏတော) သုညတမည်သည်ဟု ဆိုရသည်။ ဤနည်း၌ အကြောင်း အာရုံ၏ သုညတ နာမည်ကို အကျိုး မဂ်ပေါ်၌ တင်စားသော ကာရဏူပစာဖြစ်သည်ဟုမှတ်ပါ။

ဝုဋ္ဌာနဂါမိနီဝိပဿနာသည် တေဘူမက သင်္ခါရတို့ကို ဒုက္ခအားဖြင့် ရှုသည်ဖြစ်အံ့၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ တောင့်တတတ်သော တဏှာကို ခြောက်သွေ့ ကုန်ခမ်း စွန့်လွှတ်နိုင်သောကြောင့် ယင်းဝုဋ္ဌာနဂါမိနီဝိပဿနာသည် အပ္ပဏိဟိတ အမည်ရ၏၊ အပ္ပဏိဟိတ မည်သော ဝိပဿနာ၏ အစွမ်းအားဖြင့် ရလာ သောမဂ်သည် အပ္ပဏိဟိတမဂ်မည်၏။ မဂ်၌ ရာဂ, ဒေါသ, မောဟစသော တောင့်တမှု ပဏိဓိမရှိ၊ ထို့ကြောင့် မဂ်သည် သဂုဏ (မိမိ၏ပင်ကိုယ်သဘော)အားဖြင့်ပင် အပ္ပဏိဟိတအမည်ရသည်။ ရာဂစသော ပဏိဓိမရှိသောကြောင့် နိဗ္ဗာန်သည် အပ္ပဏိဟိတမည်ရင်းတည်း။ အပ္ပဏိဟိတ မည်သောနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်ရသောကြာင့် မဂ်သည် အာရုံ၏ အစွမ်းအားဖြင့် (အာရမ္မဏတော) အပ္ပဏိဟိတမည်၏။

အဘိဓမ္မာ ဒေသနာအားဖြင့် အနိမိတ္တမဂ်ဟူ၍မရှိ၊ သုတ္တန်ဒေသနာအားဖြင့်ကား အနိမိတ္တမဂ်ဟူ၍ ရှိနိုင်ရနိုင်၏။ ရပုံကား-ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို အနိစ္စဟု ရှူလျှင် နိစ္စဟူ၍ ဖောက်ပြန် မှားယွင်းစွာ ထင်မှတ်တတ်သော သညာ, စိတ္တ, ဒိဋ္ဌိဝိပလ္လာသကို ပယ်စွန့်နိုင်သောကြောင့် ယင်းဝိပဿနာသည် အနိမိတ္တ အမည်ရ၏၊ အနိမိတ္တ အမည်ရသော ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မဂ်သည် အနိမိတ္တမဂ်မည်၏ [၄၅][၁၆]

မဂ်သည် အကြောင်းငါးမျိုးဖြင့် အမည်ရ[ပြင်ဆင်ရန်]

ဝိသုဒ္ဓိမဂ်၌ မဂ်သည် အကြောင်းငါးမျိုးဖြင့် အမည်ရသည်ဟုဆို၏။ အကြောင်း ငါးမျိုး ကား—သရသ, ပစ္စနီက, သဂုဏ, အာရမ္မဏ, အာဂမနတို့ဖြစ်သည်။ ထိုတွင် သဂုဏ, အာရမ္မဏ, အာဂမနတို့ဖြင့် သုညတစသည်အမည် ရပုံမှာ အထက်၌ရေးခဲ့ပြီးသော နည်းနှင့်အတူပင် ဖြစ်သည်။

သင်္ခါရုပေက္ခာဉာဏ်သည် အနိစ္စအားဖြင့် သင်္ခါရတရားတို့ကို သုံးသပ်၍ မဂ်ဖြစ်ပေါ်လာသည်ဖြစ်အံ့၊ ယင်းမဂ်သည် အနိမိတ္တဝိမော က္ခမဂ်မည်၏။ သင်္ခါရုပေက္ခာဉာဏ်သည် ဒုက္ခအားဖြင့် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်၍ မဂ်ဖြစ်ပေါ်လာသည်ဖြစ်အံ့၊ ယင်းမဂ်သည် အပ္ပဏိဟိတ ဝိမောက္ခမဂ်မည်၏။ သင်္ခါရုပေက္ခာဉာဏ်သည် အနတ္တအားဖြင့် သင်္ခါရ တရားတို့ကို သုံးသပ်ဆင်ခြင်၍ မဂ်ဖြစ်ပေါ် လာသည် ဖြစ်အံ့၊ ယင်းမဂ်သည် သုညတဝိမောက္ခမဂ်မည်၏။ ဤကား “သရသ”အားဖြင့် အမည်ရပုံတည်း။

အနိစ္စာနုပဿနာဖြင့် သင်္ခါရတရားတို့၏ အပေါင်းစသော တစ်ခဲနက်ကို ခွဲခြမ်း ဝေဖန်မှုကိုပြု၍ နိစ္စ, ဓုဝ, သဿတနိမိတ်ကို ပယ်စွန့်လျက် မဂ်ဖြစ်ပေါ်လာသည်ဖြစ်အံ့၊ ယင်းမဂ်သည် အနိမိတ္တမဂ်မည်၏။ ဒုက္ခာနုပဿနာဖြင့် သုခသညာကို ပယ်စွန့်၍ ရာဂစသော တောင့်တမှုကို ခြောက်သွေ့စေလျက် မဂ် ဖြစ်ပေါ် လာသည်ဖြစ်အံ့၊ ယင်းမဂ်သည် အပ္ပဏိဟိတ မဂ်မည်၏။ အနတ္တာနုပဿနာဖြင့် အတ္တသညာ ပုဂ္ဂလသညာကိုပယ်စွန့်၍ သင်္ခါရတရားတို့၏ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကို ဆင်ခြင်လျက် မဂ်ဖြစ်ပေါ်လာသည် ဖြစ်အံ့၊ ယင်းမဂ်သည် သုညတမဂ် မည်၏။ ဤကား ပစ္စနိကအားဖြင့် အမည်ရပုံတည်း [၄၆][၁၆]

မဂ်၏ အမည်လေးမျိုး[ပြင်ဆင်ရန်]

ပဋိပဒါအဘိညာ၏ အစွမ်းဖြင့် ဒုက္ခပဋိပဒါ မဂ်, သုခပဋိပဒါမဂ်, ဒန္ဓာဘိညာမဂ်, ခိပ္ပါဘိညာမဂ်ဟု ၄-မျိုးရှိ၏။

  • ထိုတွင်—ကိလေသာတို့ကို ဆင်းရဲငြိုငြင်ပင်ပန်းသဖြင့် ခွါ၍ရလာသော မဂ်သည် ဒုက္ခပဋိပဒါမဂ်မည်၏၊
  • ကိလေသာတို့ကို ချမ်းသာလွယ်ကူသဖြင့် ခွါ၍ရလာသော မဂ်သည် သုခပဋိပဒါမဂ်မည်၏။
  • ကိလေသာတို့ကို ခွါပြီး၍ ဝိပဿနာဟူသော နေခြင်းဖြင့် နေသည်ရှိသော် ကြာမြင့်သောကာလမှ ဖြည်းဖြည်းနှေးနှေး မဂ်ဖြစ်ပေါ် လာလျှင် ယင်းမဂ်သည် ဒန္ဓာဘိညာမဂ်မည်၏။
  • ကိလေသာတို့ကို ခွါပြီး၍ ဝိပဿနာဟူသောနေခြင်းဖြင့်နေသည်ရှိသော် လျင်လျင်မြန်မြန် မဂ်ဖြစ်ပေါ်လာလျှင် ယင်းမဂ်သည် ခိပ္ပါဘိညာမဂ်မည်၏ [၄၇]

ပဋိဒါအဘိညာ-နှစ်မျိုးရောနှော၍ ဒုက္ခ ပဋိပဒါဒန္ဓာဘိညာမဂ်၊ ဒုက္ခပဋိပဒါခိပ္ပါဘိညာမဂ်၊ သုခပဋိပဒါဒန္ဓာဘိညာမဂ်၊ သုခပဋိပဒါခိပ္ပါဘိညာ မဂ်ဟု အမည်လေး မျိုးဖြင့်လည်း ခေါ်ဝေါ်ကြ၏ [၄၈]

ဘုရားရှင်နှင့် ရှင်သာရိပုတ္တရာတို့အား မဂ်လေးပါးစလုံး သုခပဋိပဒါခိပ္ပါဘိညာ သာတည်း။ အရှင်မဟာမောဂ္ဂလာန်အား ပဌမမဂ်သည် သုခပဋိပဒါခိပ္ပါဘိညာ၊ အထက်မဂ်သုံးပါးသည် ဒုက္ခပဋိပဒါဒန္ဓာဘိညာ ဖြစ်၏ [၄၉] [၁၆]

မဂ်လေးပါး နည်းလေးထောင်[ပြင်ဆင်ရန်]

၁။ သုဒ္ဓိကပဋိပဒါ။ ၂။ သုဒ္ဓိကသုညတ။ ၃။ သုညတပဋိပဒါ။ ၄။ သုဒ္ဓိကအပ္ပဏိဟိ။ ၅။ အပ္ပဏိဟိတပဋိပဒါ ဤ ၅-မျိုးကို ကောဋ္ဌာသ (အုပ်စုကြီး) ၅-ခုဟု ခေါ်၏။ တစ်ခုတစ်ခုသော ကောဋ္ဌာသ၌ စတုက္ကနည်း (ဈာန်လေးပါးအပေါင်းနည်း) ပဉ္စကနည်း (ဈာန်ငါးပါးအပေါင်းနည်း) ဟု ၂-မျိုးစီ ဟု ရသောကြောင့် ကောဋ္ဌာသ ၅-မျိုးအတွက် ၁၀-နည်းရလ၏။

ဈာန၊ မဂ္ဂ၊ သတိပဋ္ဌာန၊ သမ္မပ္ပဓာန၊ ဣဒ္ဓိပါဒ၊ ဣန္ဒြိယ၊ ဗလ၊ ဗောဇ္ဈင်္ဂ၊ သစ္စ၊ သမထ၊ ဓမ္မ၊ ခန္ဓာ၊ အာယတန၊ ဓာတု၊ အာဟာရ၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ စိတ္တ-ဤပုဒ် ၂၀-ကို ဝီသတိမဟာနယ(နည်းကြီး ၂၀)ဟု ခေါ်သည်။

ယခင်ပြခဲ့သော ၁၀-နည်းကိုတည်၊ ဈာန စသော နည်းကြီး ၂၀-ဖြင့်မြှောက်က နည်း နှစ်ရာရလာသည်။ ဤကား အဓိပတိမဖက် သက်သက်သော သုဒ္ဓိကအတွက် နည်းပေါင်း နှစ်ရာဖြစ်သည်။ ဤအတူ ဆန္ဒာဓိပတိအတွက် နည်းပေါင်းနှစ်ရာ။ ဝီရိယာဓိပတိအတွက် နည်းပေါင်းနှစ်ရာ။ စိတ္တာဓိပတိအတွက် နည်းပေါင်းနှစ်ရာ။ ဝီမံသာဓိပတိအတွက် နည်း ပေါင်းနှစ်ရာ-စီ ရရကား သောတာပတ္တိမဂ်အတွက် နည်းပေါင်း တစ်ထောင်ဖြစ်၏။ ထိုအတူ သကဒါဂါမိမဂ်အတွက် နည်းပေါင်း တစ်ထောင်၊ အနာဂါမိမဂ်အတွက်နည်းပေါင်းတစ်ထောင်၊ အရဟတ္တမဂ်အတွက် နည်းပေါင်း တစ်ထောင်ဖြစ်ရကား မဂ်လေးပါး နည်းလေးထောင် ဖြစ်သတည်း [၅၀]

ဝိဘာဝိနီဋိကာနည်း ပဋိပဒါနှင့် မရောမယှက်သောအားဖြင့် ရှေးဦးစွာ သုညတမဂ်, အပ္ပဏိဟိတမဂ် ဟု ၂-မျိုးရှိ၏။ ထို၂-မျိုးကိုတည်၊ ပဋိပဒါ လေးပါးဖြင့်မြှောက်၊ ၈-ပါးရ၏။ မူလ ၂-ပါး ပြန် ပေါင်း ၁၀-ပါးဖြစ်၏။ ယင်း ၁၀-ပါးကို တည်၊ ဈာနစသော နည်းကြီး ၂၀-ဖြင့် မြှောက်၊ နှစ်ရာဖြစ်၏။ ဤကား အဓိပတိ မဖက်သက်သက်သော သုဒ္ဓိကအတွက် နည်းပေါင်း နှစ်ရာဖြစ်သည်။ ထို့အတူ အဓိပတိ လေးပါးအတွက် တစ်ပါးလျှင် နှစ်ရာစီရသောကြောင့် ရှစ်ရာဖြစ်၏။ မူလနှစ်ရာနှင့်ပေါင်း မဂ်လေးပါး တစ်ထောင်ဖြစ်၏။ မဂ် တစ်ပါးလျှင် နည်းတစ်ထောင်ရသောကြောင့် နည်းလေးထောင် ဖြစ်၏ [၅၁][၁၆]

သစ္စဝိဘင်းလာ နည်း ၆သောင်း[ပြင်ဆင်ရန်]

သစ္စဝိဘင်း၌ ၁။ တဏှာယ ပဟာနံ။ ၂။ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ ပဟာနံ။ ၃။ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ ပဟာနံ၊ ၄။ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏ္ဏဉ္စ ကုသလမူလာနံ သာသဝါနံ ပဟာနံ။ ၅။ တဏှာယ စ အဝသေသာနဉ္စ ကိလေသာနံ အဝသေသာနဉ္စ အကုသလာနံ ဓမ္မာနံ တိဏ္ဏဉ္စ ကုသလမူလာနံ သာသဝါနံ အဝသေသာနဉ္စ သာသဝါနံ ကုသလာနံ ဓမ္မာနံ ပဟာနံ (အဘိ၊ဝိ၊၁၁၂-၅) ဟူ၍ ဒုက္ခနိရောဓသစ္စာ၌ ဟောတော်မူအပ်သော ဤငါးပါးကို “ပဉ္စကောဋ္ဌာသ”အုပ်စုကြီး ငါးခုဟု ဆိုသည်။ ထိုတွင် အုပ်စုကြီး တစ်ခုတစ်ခုအတွက် အထက်၌ပြဆိုခဲ့ပြီး နည်းလေးထောင်စီ ရသောကြောင့် အုပ်စုကြီး ငါးခုအတွက် နည်းပေါင်း နှစ်သောင်း ဖြစ်သတည်း၊

ထို့ပြင် ယင်းသစ္စဝိဘင်း၌ ၁။ အဋ္ဌင်္ဂိကဝါရ။ ၂၊ ပဉ္စင်္ဂိကဝါရ ။ ၃။ သဗ္ဗသင်္ဂါဟိက-ဝါရဟု ဝါရကြီးသုံးပါး (= မဟာဝါရ)ထပ်မံ ခွဲခြားထားပြန်၏။ ထိုတွင် မဂ္ဂင်ရှစ်ပါးရှိသော ဝါဒကို အဋ္ဌင်္ဂိကဝါရ၊ မဂ္ဂင်ငါးပါးရှိသော ဝါရကို ပဉ္စင်္ဂိကဝါရ၊ ဖဿော ဟောတိ ဝေဒနာဟောတိ စသည်ဖြင့် ယှဉ်ဖက်ဖြစ်သော ငါးဆယ်ကျော်သော တရားတို့ကို သိမ်းယူရာဝါရကို သဗ္ဗသင်္ဂါဟိကဝါရဟု ခေါ်၏။ ဝါရကြီး တစ်ခုတစ်ခု၌ နည်းပေါင်း နှစ်သောင်းစီ ရသောကြောင့် ဝါရကြီးသုံးခုအတွက် နည်းခြောက်သောင်း ဖြစ်သတည်း [၅၂]။ (ဓမ္မသင်္ဂဏီပါဠိတော်လာ ဝီသတိမဟာနယနှင့် အဘိ၊ဋ္ဌ၊၂-လာ ဈာနာဘိနိဝေသ စသော ဝီသတိ အဘိနိဝေသသည် သဘောတူပင် ဖြစ်၏။ သမ္မော၊သျ၊၁၊၃၁၄-၌ ဝီသတိ အဘိနိဝေသသရုပ် အပြည့်အစုံ ထုတ်ပြထားသည်)။

သဂ္ဂကထာအခြားမဲ့၌ မဂ္ဂကထာဟောရခြင်း အကြောင်း[ပြင်ဆင်ရန်]

နတ်ပြည်သည် ရာဂစသည်တို့ဖြင့် ညစ်နွမ်း၏။ အရိယာမဂ်သည်ကား ရာဂစသည်ဖြင့် မညစ်နွမ်း၊ ထို့ကြောင့် သဂ္ဂကထာ = နတ်ပြည် ရောက်ကြောင်းနှင့် စပ်လျဉ်းသောစကား၏ အခြားမဲ့၌ မဂ္ဂကထာ = မဂ်နှင့်စပ်လျဉ်းသော စကားကို ဟောတော်မူသည် [၅၃]

မဂ်လေးပါး၌ ဖြစ်သောဉာဏ်သည် ဉာဏဒဿန ဝိသုဒ္ဓိမည်၏ [၅၄][၁၆]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. (ပု) [မဇ္ဇ+ဏ။ မဂ္ဂ+ဏ။ မ+ဂမု+ကွိ။ မဂ္ဂ+အ။ မ+ဂ။ သူစိ။ ဂမု+အ။ သာရတ္ထ၊၃၊၁၇၀။ (မာဂီ-သံ)]
  2. (၁) လမ်းခရီး။ (ခြေလမ်းခရီးကို ဇင်္ဃဂ္ဂေ၊ လှည်းလမ်းခရီးကို သကဋမဂ္ဂ စသည်ဖြင့် အဘိ၊ဋ္ဌ၊၃၊၃၁၁-၌ သုံးနှုန်းသည်။ မဂ္ဂေါ ပေါက္ခရဏီတိ ဧတာနိ ဟိ အသေနာသနာနိ။ ဝိ၊ဋ္ဌ၊၄၊၇၀-၌ လမ်းခရီးအနီး ဇရပ်ရှည်ကို မဂ္ဂေါဟု ဆိုသည်။ သာရတ္ထ၊၃၊၄၀၂။ ဝိမတိ၊၂၊၂၄၂။) မုဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ။ ဝိ၊၁၊၇။ ဒီ၊ ၁၈၀။ မ၊၁၊၄၈
  3. (၂) အကြောင်း။ (ယော သော ဘိက္ခဝေ မဂ္ဂေါ။
  4. သံ၊ဋ္ဌ၊၃၊၂၈၉။
  5. အဘိ၊ဋ္ဌ၊၁၊၂၀၇။ အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ ဓမ္မ၊၅၃။
  6. နေတ္တိ၊ဋ္ဌ၊၄၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၁။ မံသစက္ခုဿ ဥပ္ပါဒေါ, မဂ္ဂေါ ဒိဗ္ဗဿ စက္ခုနော။ အဘိ၊က၊၁၉၁။ ဣတိဝုတ်၊၂၃၁-၌ ဒိဗ္ဗစက္ခု၏ အကြောင်း ဖြစ်သောကြောင့် မံသစက္ခုကို မဂ္ဂေါဟုဆိုသည်။ ဣတိဝုတ်၊ဋ္ဌ၊၁၉၈။ မူလဋီ၊၃၊၇၆။ အနုဋီ၊၃၊၁၁၁။) ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ။ အဘိ၊ဓ၊၄၄။ (၆၈။) ရူပူပတ္တိယာ မဂ္ဂံ ဘာဝတီတိ... မဂ္ဂေါတိ ဥပါယော။ အဘိ၊ဋ္ဌ၊၁၊၂၀၇။ (၂၄၅။)
  7. (၃) မဂ်၊ အရိယာမဂ်၊ မဂ္ဂင်၊ မဂ္ဂသစ္စာ။ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ ဝိ၊၁၊၁၁၉။ ဝိ၊၃၊၁၅။ ပဋိသံ၊၃၂၅။
  8. (၄) ကျင့်စဉ်၊ လမ်းစဉ်။ (အနက္ခာတဿ မဂ္ဂဿ အက္ခာတာ။ ပဋိသံ၊ ၃၇၅-၌ ပါရမီ ၁၀-ပါးလမ်းစဉ်ကို မဂ္ဂဿ ဟုဆိုသည်။ ပဋိသံ၊ဋ္ဌ၊၂၊၂၅၄။ ဘေဟာနုစိဏ္ဏံ ဣသီဟိ မဂ္ဂ ဒဿနပတ္တိယာ။ ထေရီ၊၄၀၂-၌ သမထဝိပဿနာ လမ်းစဉ်ကို မဂ္ဂံ ဟုဆိုသည်။ ထေရီ၊ဋ္ဌ၊၁၇၈။ အဋ္ဌင်္ဂိကော စ မဂ္ဂါနံ၊ ခေမံ အမတဂါမိနီ။ မ၊၂၊၁၇၆-၌ သတိပဋ္ဌာန်လမ်းစဉ်ကို မဂ္ဂါနံဟု ဆိုသည်။ မ၊ဋ္ဌ၊၃၊၁၅၂။ မ၊ဋီ၊၃၊၁၀၆။) မဂ္ဂေါ စေဝ ဟေတု စာ (ပဋိသံ၊၂၇၄)တိ တဿ တဿ ကိစ္စဿ ကရဏာယပဋိပဒဋ္ဌေန မဂ္ဂေါ... အယံမဂ္ဂေါ အယံပဋိပဒါ (သံ၊၃၊၆၊ ၂၃) တိ အာဒီသု ဟိ ပဋိပဒါ မဂ္ဂေါ။ ပဋိသံ၊ဋ္ဌ၊၂၊၁၈၀။
  9. (၅) မဂ္ဂပစ္စည်း။ ယထာနုရူပံ ဈာနပစ္စယေ ဝုတ္တာနံ မဂ္ဂဝဇ္ဇာနံ နဝန္နံ ဟေတုအဓိပတိဈာနာနံ။ မူလဋီ၊၃၊၁၉၇။ မဂ္ဂပစ္စယတံ အဝိဇဟန္တော ဝါတိ ဣမိနာ စ မဂ္ဂပစ္စယော ဝုတ္တောတိ “မဂ္ဂဝဇ္ဇာနံ နဝန္န”န္တိ ဝုတ္တံ။ အနုဋီ၊၃၊၂၆၆။
  10. (၆) နိဗ္ဗာန်။ မဂ္ဂဉ္စ လဒ္ဓါ အပုနဗ္ဘဝါယာ(သံ၊၁၊၁၇၆)တိ အပုနဗ္ဘဝါယ မဂ္ဂေါ နာမ နိဗ္ဗာနံ၊ တံ လဘိတွာတိ အတ္ထော။ သံ၊ဋ္ဌ၊၂၆၃။ မဂ္ဂေါနာမာတိ ဥပါယောနာမ နိဗ္ဗာနံ တသ္မိံ လဒ္ဓေ ပုနဗ္ဘဝါဘာဝတော။ သံ၊ဋီ၊၁၊၂၇၅။
  11. (၇) မဂ်။
  12. ဝိ၊ဋ္ဌ၊၁၊၂၂၅။ ကင်္ခါ၊၁၀၉။) မနုဿိတ္ထိယာ တယော မဂ္ဂေ...မုခံ အင်္ဂဇာတံ ပဝေသေန္တဿ အာပတ္တိ ပါရာဇိကဿ။ ဝိ၊၁၊၃၅။
  13. (၈) အပြား (ဘေဒ)။ ဧတ္ထေဝ ဒါဒသကမဂ္ဂေါပိ အဟေတု ကဋ္ဌကပ္ပီတိ၊ အဘိ၊ဋ္ဌ၊၁၊၃၀၇။
  14. (၉) အစဉ်အဆက်။ ကထာမဂ္ဂနှင့်ကထာမဂ္ဂနိဿိတ-တို့ ကြည့်။
  15. (တိ) (၁၀) မဂ်-လမ်းခရီး–နှင့်တူသော။ ဖလံ ပန မဂ္ဂံ ဥပါဒါယ မဂ္ဂေါ နာမ။ အဘိ၊ဋ္ဌ၊၁၊၃၃၀။ (ခုဒ္ဒက၊ဋ္ဌ၊၄။ မူလဋီ၊၁၊၉။) မဂ္ဂံ ဥပါဒါယာတိ မဂ္ဂသဒိသတာယ မဂ္ဂေါတိ ဣမမတ္ထံ သန္ဓာယာဟ။ မူလဋီ၊၁၊၁၃၆။
  16. ၁၆.၀၀ ၁၆.၀၁ ၁၆.၀၂ ၁၆.၀၃ ၁၆.၀၄ ၁၆.၀၅ ၁၆.၀၆ ၁၆.၀၇ ၁၆.၀၈ ၁၆.၀၉ ၁၆.၁၀ ၁၆.၁၁ ၁၆.၁၂ ၁၆.၁၃ ၁၆.၁၄ ၁၆.၁၅ ၁၆.၁၆ ၁၆.၁၇ ၁၆.၁၈ ၁၆.၁၉ ၁၆.၂၀ ၁၆.၂၁ တိပိဋကအဘိဓာန် အတွဲ-၁၆
  17. (မ၊ဋ္ဌ၊၁၊၁၈၉။ ပဋိသံ၊ဋ္ဌ၊၁၊၂၅။ သာရတ္ထ၊၃၊၁၇၀။ မ၊ဋီ၊၁၊၁၉၅)။
  18. (ပေဋကော၊ ၁၇၁)
  19. (အဘိ၊ဋ္ဌ၊၁၊၂၇၇)
  20. (ယမိုက် ကောက်။ ၄၂၀)။
  21. (အဘိ၊ဋ္ဌ၊၁၊၄၀၃)
  22. (အဘိ၊ဋ္ဌ၊၁၊၄၀၈)
  23. (အဘိ၊ဋ္ဌ၊၁၊၄၁၅-၇)
  24. (အဘိ၊ဋ္ဌ၊၁၊၄၁၉)
  25. (အံ၊ဋ္ဌ၊၂၊၂၈၉
  26. (အံ၊ဋီ၊၂၊၂၇၉)
  27. (အဘိ၊ဋ္ဌ၊၁၊၂၈၇-၉)
  28. (အဘိ၊ဋ္ဌ၊၁၊၂၈၄-၆)
  29. (အဘိ၊ဋ္ဌ၊၁၊၂၇၉)
  30. (စူဠနိ၊၃၃-၄။ အဘိ၊ဋ္ဌ၊၁၊၂၇၉။ စူဠနိ၊ဋ္ဌ၊၃-၇)
  31. (အဝိဇ္ဇာနုသယပရိက္ခိတ္တေန တဏှာနုသယမူလကေန သင်္ခါရေန ဇနိယမာနံ။ သင်္ဂဟ၊ ၅)
  32. (မူလဋီ၊၁၊၁၀၇)
  33. အနုဋီ၊၁၊၁၂၄
  34. (မ၊ဋ္ဌ၊၁၊၁၀ဂ)
  35. (သံ၊ဋ္ဌ၊၁၊၁၉)
  36. (သံ၊ဋ္ဌ၊၁၊၈၂)
  37. (သံ၊၁၊၁၉၂)
  38. (သံ၊၁၊၃၂၇-၉)
  39. (သံ၊ဋ္ဌ၊၂၊၁၀၉။ သံ၊ဋီ၊၂၊၁၁၉)
  40. (ဝိ၊ဋ္ဌ၊၁၊၁။ သာရတ္ထ၊၁၊၁၁။ ဝိမတိ၊၁၊၃)
  41. (အံ၊၃၊၄၈၅)
  42. (အဘိ၊ဋ္ဌ၊၁၊၂၇၅-၆။ သစ္စသင်္ခေပ၊ ၃၅၇-၈-ဂါထာ)
  43. (အဘိ၊ဋ္ဌ၊၁၊၂၇၅-၆)
  44. (ဝိသုဒ္ဓိ၊၂၊၃၁၃-၅)
  45. (အဘိ၊ဋ္ဌ၊၁၊၂၆၆-၉။ သင်္ဂဟ၊ ၉။ ၆၁-၆။ ဝိဘာဝိနီ၊၂၇၄-၅)
  46. (ဝိသုဒ္ဓိ၊၂၊၃၀၇)
  47. (ဝိသုဒ္ဓိ၊၂၊၃၀၆)
  48. (အဘိ၊ဋ္ဌ၊ပဋိ၁၊၂၆၀)
  49. အဘိ၊ဋ္ဌ၊၁၊၂၇၉-၈၀။ ဝိသုဒ္ဓိ၊၂၊၃၀၇။
  50. (အဘိ၊ဓ၊၇၁-၉၀။ အဘိ၊ဋ္ဌ၊၁၊၂၆၉-၂၀၃)
  51. (ဝိဘာဝိနီ၊၉၈-၉။ မဏိမဉ္ဇူ၊၁၊ ၂၇၇-၉)
  52. (အဘိ၊ဝိ၊ ၁၁၂-၅။ အဘိ၊ဋ္ဌ၊၂၊၁၁၄-၇။ မဏိမဉ္ဇူ၊၁၊၂၇၉-၈ဝ၊ သမ္မော၊သျ၊၁၊၃၁၃-၅)
  53. (မ၊ဋီ၊၃၊၃၆)
  54. (ဝိသုဒ္ဓိ၊၂၊၃၁၂)