မဂ်ကိစ္စ

ဝီကီပီးဒီးယား မှ

[၁] အရိယမဂ်၏ အမှုကိစ္စ၊ မဂ်ကိစ္စ၊ (ဆီမီးသည် မရှေးမနှောင်း တစ်ပြိုင်နက် မီးစာကို လောင်ကျွမ်းခြင်း အမိုက်တိုက်ကို ဖျောက်ခြင်း, အလင်းကိုပြုခြင်း, ဆီကို ခန်းစေခြင်းကိစ္စ ၄-ပါး၊

တက်နေသည် မရှေး မနှောင်း တစ်ပြိုင်နက် အရာဝတ္တုတို့ကိုပြခြင်း, အမိုက်တိုက်ကို ဖျောက်ခြင်း, အလင်းကိုပြုခြင်း, အအေးကို ဖျောက်ခြင်းကိစ္စ ၄-ပါး၊

လှေသင်္ဘောသည် မရှေးမနှောင်း တစ်ပြိုင်နက် ဆိပ်ကမ်းမှ စွန့်ခွာခြင်း, ရေအယဉ်ကို ဖြတ်ခြင်း, ဝန်ကိုဆောင်ခြင်း, တစ်ဖက်ကမ်းသို့ ပို ဆောင်ခြင်းကိစ္စ ၄-ပါးတို့ကို အသီးသီးပြီး စေနိုင်ကြသကဲ့သို့

မဂ်ဉာဏ်သည် မရှေးမနှောင်းတစ်ပြိုင်နက် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း, မဂ္ဂသစ္စာကို ပွားစေခြင်း ကိစ္စ ၄-ပါးကို ပြီးစေသည်။ ထိုကိုမဂ္ဂကိစ္စဟုဆိုသည် [၂] [၃]

မဂ်ကိစ္စလေးပါး[ပြင်ဆင်ရန်]

သိမှု[ပြင်ဆင်ရန်]

ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဒုက္ခအမှန်ကို သိခြင်း။[၄]

ပယ်မှု[ပြင်ဆင်ရန်]

သမုဒယအသင်းဖြစ်သော ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်းကိစ္စ။[၄]

ဆိုက်မှု[ပြင်ဆင်ရန်]

ဒိဋ္ဌိ, ဝိစိကိစ္ဆာတို့၏လည်းကောင်း၊ အပါယဒုက္ခတို့၏လည်းကောင်း တစ်ချက်တည်း အပြီးတိုင် ငြိမ်းမှုသို့ ဆိုက်ရောက်ခြင်း ကိစ္စ။[၄]

ပွားမှု[ပြင်ဆင်ရန်]

မဂ်ကိုပွားများမှု တစ်စခန်း ထမြောက်ပြီးစီးခြင်း ကိစ္စ။[၄]

ဤကိစ္စလေးပါးကို မဂ်သည် တစ်ပြိုင်နက် ဖြစ်စေနိုင်သည်။[၄]

မဂ္ဂသစ္စာကို ပွားခြင်း[ပြင်ဆင်ရန်]

မဂ်စိတ်၌ ယှဉ်နေသည့် သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးကိုပင် မဂ္ဂသစ္စာဟု ခေါ်၏[၅]

မဂ္ဂသစ္စာကိုပွားများ၏ ဟူရာ၌လည်း မဂ်ဉာဏ်က ယှဉ်ဖက်သမ္မာသင်္ကပ္ပစသည်တို့အား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုသည် ကိုပင် မဂ္ဂသစ္စာကို ပွားများသည်ဟုဆိုသည်။ [၆] [၃]

မဂ္ဂင်ကိစ္စ[ပြင်ဆင်ရန်]

မဂ္ဂင်ရှစ်ပါးအနက် သမ္မာဒိဋ္ဌိသည် မိမိ၏ ဆန့်ကျင်ဘက် ကိလေသာနှင့်တကွ မိစ္ဆာဒိဋ္ဌိကို ပယ်စွန့်၏၊ နိရောဓသစ္စာ(နိဗ္ဗာန်)ကို အာရုံ ပြု၏၊ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်သော မောဟကို ပယ်ဖျောက်သည်၏ အစွမ်းဖြင့် မတွေ့ဝေသောအားဖြင့် သမ္ပယုတ်တရားတို့ကို မြင်၏။ ဤ၌ သမ္မာဒိဋ္ဌိက သမ္ပယုတ်တရားတို့ကို မြင်၏ဟုဆိုရာဝယ် အာရုံပြုသောအားဖြင့် မြင်သည်ဟု အဓိပ္ပာယ်မယူဆရာ၊ သမ္ပယုတ်တရားတို့ကိုထင်စွာ ပြသောအးဖြင့် မြင်သည်ဟု အဓိပ္ပာယ်မှတ်ရာ၏။ သမ္ပယုတ်တရားတို့ကို ကိစ္စပဋိဝေဓအားဖြင့် ထိုးထွင်း၍ သိသည်ဟု ဆိုလိုသည်။

သမ္မာသင်္ကပ္ပမဂ္ဂင်သည် မိမိ၏ ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာသင်္ကပ္ပကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟ ဇာတ်တရားတို့ကို နိဗ္ဗာန်အာရုံသို့ ရှေ့ရှူ တင်ပေး၏။

သမ္မာဝါစာမဂ္ဂင်သည် မိမိ၏ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာဝါစာကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟ ဇာတ်တရားတို့ကို မဖောက်မပြန်အမှန်အားဖြင့် သိမ်းဆည်း၏။

သမ္မာကမ္မန္တသည် မိမိ၏ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာကမ္မန္တကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟဇာတ် တရားတို့ကို ကောင်းစွာ ထူထောင်ထကြွစေ၏။

သမ္မာအာဇီဝသည်မိမိ၏ ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာအာဇီဝကိုပယ် စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟဇာတ် တရားတို့ကို ကောင်းစွာဖြူစင်စေ၏။

သမ္မာဝါယာမသည် မိမိ၏ ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာဝါယာမကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏။ သဟ ဇာတ်တရားတို့ကို ကောင်းစွာချီးမြှောက်၏။

သမ္မာသတိသည် မိမိ၏ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာသတိကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟဇာတ် တရားတို့ကို ကောင်းစွာအာရုံ၌ ကပ်၍ တည်စေ၏။

သမ္မာသမာဓိသည် မိမိ၏ဆန့်ကျင်ဘက် ကိလေသာတို့နှင့်တကွ မိစ္ဆာသမာဓိကို ပယ်စွန့်၏၊ နိရောဓသစ္စာကို အာရုံပြု၏၊ သဟဇာတ် တရားတို့ကို ကောင်းစွာအာရုံ၌ထား၏ [၇]။ နိဗ္ဗာန်ကို ရခြင်းငှာ ကျင့်သော ယောဂီ ပုဂ္ဂိုလ်အား ကျေးဇူးများသောကြောင့် မဂ္ဂင်ရှစ်ပါးအနက် သမ္မာဒိဋ္ဌိကို ရှေးဦးစွာဟောတော်မူသည် [၈][၃]


ကိုးကား[ပြင်ဆင်ရန်]

  1. မဂ္ဂကိစ္စ (န) [မဂ္ဂ+ကိစ္စ]
  2. (ဝိသုဒ္ဓိ၊၂၊၃၃၁-၂။ အနုဋီ၊၁၊၄၉)။ အရဟတ္တဖလေနေဝ စ မဂ္ဂကိစ္စံ ကထိတံ။ အံ၊ဋ္ဌ၊၂၊၂၂၄။ (သာရတ္ထ၊၃၊၁၇၁၊ ၂၁၈။ မူလဋီ၊၃၊၄၄။)
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၁၆
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး
  5. (သင်္ဂဟ၊၇၊၅၂။ ဝိဘာဝိနီ၊၂၃၃)
  6. ပဋိသံ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၃၃၁-၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၀၃။ ဝိဘာဝိနီ၊၂၇၃။
  7. (အဘိ၊ဋ္ဌ၊၂၊၁၀၇။ မူလဋီ၊၂၊၇၁။ အနုဋီ၊၂၊၇၆)
  8. (အဘိ၊ဋ္ဌ၊၂၊၁၀၈)