ထိနမိဒ္ဓ

ဝီကီပီးဒီးယား မှ

ထိန မိဒ္ဓ-သည် သရုပ်ထုတ်၍ ဟောအပ်သော တရားမဟုတ်၊ ယေ ဝါ ပန-သဒ္ဒါ၌ သိမ်းသွင်း၍ ဟောအပ်သော ယေဝါ ပနက-တရား ဖြစ်၏။ [၁]

ထိန၏ လက္ခဏာ ရသစသည်[ပြင်ဆင်ရန်]

ယင်း-တွင် ထိန-သည် အာရုံကို ကြံစည်မှု၌-အားထုတ်ခြင်းမှ ကင်းခြင်းဟု- အားထုတ်ခြင်း၏ ဆန့်ကျင်ဖက် အဖြစ်ဖြင့်—မှတ်အပ်သော သဘောဖြစ်၏။

မိမိနှင့်ယှဉ်ဘက်ဖြစ်သော ဝီရိယကို ပစ်ပယ်ခြင်း ကိစ္စရှိ၏။

အခြား ယှဉ်ဘက်တရားတို့ကိုလည်း ဆုတ်နစ်စေသော သဘော-ဟု ယောဂီဉာဏ်၌ ထင်ရ၏။ [၁]

မိဒ္ဓ၏ လက္ခဏာ ရသစသည်[ပြင်ဆင်ရန်]

မိဒ္ဓသည် ဖုသန-စသော အမှု၌မခံ့ညား သည်၏ အဖြစ်ဖြင့် မှတ်အပ်သောသဘော ဖြစ်၏။

ဝိညာဉ်, ဒွါရတို့ကို ပိတ်ခြင်း ကိစ္စရှိ၏။ သို့မဟုတ် ယှဉ်ဘက်တရားတို့ကို ဖွဲ့ချုပ်ခြင်း ကိစ္စရှိ၏။

အာရုံကို ယူခြင်း၌ တွန့်ဆုတ်သော သဘော-ဟု ယောဂီဉာဏ်၌ ထင်ရ၏။ သို့မဟုတ် ငိုက်မျဉ်းခြင်းကို ဖြစ်စေတတ်၏။

ယင်း ၂-ပါးလုံးသည် မသင့်သောအားဖြင့် နှလုံးသွင်းခြင်းလျှင် နီးကပ်သော အကြောင်းရှိ၏ [၂] [၁]

ထိန-မိဒ္ဓ၏ ထူးခြားချက်[ပြင်ဆင်ရန်]

စိတ်၏ စိတ်၏ -မကျန်းမာမှု -ညှိုးနွမ်းမှု အာရုံကို ကြံစည်မှု၌-မခံ့ညားမှု-မသန်စွမ်း စိတ်၏ ဣရိယာပုထ်ကို မဆောင်နိုင်ပဲ တွဲရရွဲ လဲကျမှု စိတ်၏ ထောပတ်ခဲကဲ့သို့ စုရုံး ထွေးခဲမှုများသည် ထိန-မည်၏။

ဖဿ-စသော စေတသိက်တို့၏-မကျန်းမာမှု -ညှိုး နွမ်းမှု, ယင်း-တို့၏ တွေ့ထိမှု-စသည်၌-မခံ့ညားမှု-မသန်စွမ်းမှု ကောင်းကင်ကို မိုးသားဖုံးသကဲ့သို့ ဖဿ-စသော စေတသိက်တို့ကို လွှမ်းမိုး ဖုံးအုပ်မှု နှောင်အိမ်အတွင်း သွင်း၍ ပိတ်ထားသကဲ့သို့ စေတသိက်တို့ကို ထိုထို အာရုံ၌ ဖြစ်ခွင့် မပေးပဲ မပြန့်ထွက်အောင် တားဆီးပိတ်ဆို့မှ အိပ်ငိုက်စေမှု မျက်တောင် တလှုပ်လှုပ် မှိတ်တုတ်မှိတ်တုတ် ဖြစ်စေမှုများသည် မိဒ္ဓမည်၏ [၃][၁]

နီဝရဏတရား[ပြင်ဆင်ရန်]

ထိန-နှင့် မိဒ္ဓ-သည် အချင်းချင်း မခွဲမခွါပဲ အတူတကွ တပေါင်းတည်းသာ ဖြစ်၏။ ကုသိုလ် ဖြစ်မှုကို တားဆီး ပိတ်ဆို့တတ်သော သဘော ဖြစ်၍ နီဝရဏ-ဟူသော အမည်ကိုလည်းရ၏။ [၁]

အိပ်ပျော်ခါနီးနှင့် အိပ်ရာမှနိုးစကာလ၌ဖြစ်[ပြင်ဆင်ရန်]

ယင်းသည် သေက္ခ, ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ဘဝင်ကျ ခြင်းဟူသော အိပ်ပျော်ခြင်း၏ ရှေ့အဖို့နှင့် နောက်အဖို့၌ ဖြစ်တတ်၏။ အိပ်မပျော်ခင် အိပ်ပျော်ခါနီး၌လည်းကောင်း, အိပ်ရာမှနိုးစကာလ၌၎င်း ဖြစ်တတ်၏-ဟု ဆိုလို၏။ အရဟတ္တမဂ်ဖြင့် အပြီးအပြတ် အသေသတ်အပ်သော သဘောဖြစ်၍ ရဟန္တာပုဂ္ဂိုလ်တို့၌ ဖြစ်ခွင့်မရှိခြင်းကြောင့် ရဟန္တာပုဂ္ဂိုလ်တို့၏ အိပ်ခြင်းသည် ထိန မိဒ္ဓ-နှင့် မသက်ဆိုင်။ ခရီးသွားခြင်း တစ်စုံတစ်ခု အမှုလုပ်ငန်းကို ဆောင်ရွက်ရခြင်းကြောင့် ကိုယ်ခန္ဓာ (ကရဇကာယ) ပင်ပန်း၍ အားအင်နီးပါးသောအချိန်၌ ဝီထိ စိတ်နှင့်မရောပဲ ဘဝင်စိတ်သန့်သန့် တဆက်တည်း ဖြစ်နေခြင်းသည် ရဟန္တာတို့၏ အိပ်ခြင်းဖြစ်၏ [၄] [၁]

ထိနမိဒ္ဓအပြစ်များ[ပြင်ဆင်ရန်]

မိဒ္ဓ-သည် အကုသိုလ် စေတသိက်၊ နာမ်မဟုတ်၊ ရုပ်ဖြစ်၏-ဟု အယူရှိသူတို့၏ ဝါဒနှင့် စပ်သော အဆုံး အဖြတ်ကို [၅] ကြည့်။

ထိန မိဒ္ဓ-သည် ကိလေသာ မာရ်စစ်သည် ၈-ပါး ၁၀-ပါးတွင် ၅-ခုမြောက် ဖြစ်သော ကိလေသာမာရ်စစ်သည် ဖြစ်၏ [၆]

နှောင်အိမ် အချုပ်ထောင်နှင့် တူ၏ [၇]

အရိယာပုဂ္ဂိုလ်တို့၏ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော မဂ်သည် မုချအားဖြင့် နိယျာန-မည်၏။ ယင်းမဂ်၏ အကြောင်းဖြစ်သော အာလောကသညာသည် ဖလူပစာရ-အားဖြင့် နိယျာန-မည်၏။ ထိုအာလောက-သညာကို ပိတ်ပင်တားမြစ် ပစ်ပယ်တတ်သော ထိနမိဒ္ဓ-သည်ကား [၈]မည်၏ ([၉][၁]

ထိနမိဒ္ဓ–ဖြစ်ကြောင်းများ[ပြင်ဆင်ရန်]

  1. ကောင်းသောအမှု၌ မပျော်မွေ့ ခြင်း = အရတိ၊
  2. ပျင်းရိခြင်း = တန္ဒီ၊
  3. ပျင်းကြော-ဆွဲ-ဆန့်-မှု = ဝိဇမ္ဘိတာ၊
  4. အစားကြူး၍ ရစ်မူးထိုင်းမှိုင်းမှု = ဘတ္တသမ္မဒ၊
  5. စိတ်တွန့်တိုမှု = စေတောလီနတ္တ-ဟူသော ၅-ပါးသော အရာတို့၌ လမ်းမှန်ကျအောင် နှလုံးမသွင်းနိုင်လျှင် အပြစ်မမြင်လျှင်) (ထိနမိဒ္ဓ–ဖြစ်–ပွါး–တတ်၏ [၁၀][၁]

ဝီရိယသုံးမျိုး[ပြင်ဆင်ရန်]

  1. စတင်အားထုတ်မှု = အာရမ္ဘ,
  2. ပျင်းရိခြင်းမှ ရုန်းထွက် အားထုတ်မှု = နိက္ကမ
  3. အဆင့်ဆင့် အမြင့်ဆုံး ရောက်သော အားထုတ်မှု = ပရက္ကမ-ဟူသော ဤလုံလ ၃-ပါး၌ အကျိုးမမြင်ပဲလမ်း မှန်ကျအောင် နှလုံးမသွင်းနိုင်လျှင် ထိနမိဒ္ဓ–ဖြစ်-ပွါးတတ်၏ [၁၁][၁]

ထိနမိဒ္ဓပယ်ကြောင်းများ[ပြင်ဆင်ရန်]

  1. မျှလောင်ရုံထက် ပိုလွန်၍ မစားခြင်း,
  2. ဣရိယာပုထ်ပြောင်းလဲခြင်း
  3. အရောင်အလင်း၌ အမှတ်သညာကို ပြုခြင်း,
  4. လွင်ပြင်အရပ်၌ နေခြင်း,
  5. မိတ်ဆွေကောင်းရှိခြင်း
  6. ထိနမိဒ္ဓ-ကင်း စေနိုင်သော စကားရှိခြင်း-ဤအကြောင်း ၆-ပါးတွင် ၁-ပါးပါးဖြင့်လည်း ထိနမိဒ္ဓကို ပယ်နိုင်၏။ အကျယ်ကို [၁၂] ကြည့် [၁]

ထိနမိဒ္ဓ-ဖျောက်နည်း ၇-ပါး[ပြင်ဆင်ရန်]

ငိုက်မျဉ်းနေသော အရှင်မဟာမောဂ္ဂလ္လာန်အား ငိုက်မျဉ်းခြင်း၏ အကြောင်းရင်း ဖြစ်သော ထိနမိဒ္ဓ-ဖျောက်နည်း ၇-ပါးကို ဟောပြတော်မူ၏။ ယင်းတို့ကား—

(၁) ရှေးဦးစွာ သင်ယူပြီးကျမ်းစာ၏ အနက် သဘောကို ကြံစည်စဉ်းစားရန် ဖြစ်၏

(၂) ဤမျှဖြင့် မပျောက်သေးလျှင် ယင်း-ကျမ်းဂန်ကို အသံထုတ်၍ ရွတ်အံသရဇ္ဈာယ်ရန် ဖြစ်၏,

(၃) ယင်းဖြင့် မပျောက်သေးလျှင်နားရွက် ၂-ဖက်ကို လက်ဖြင့် ပြင်းပြင်းဆွဲဆန့်ရန်နှင့် အခြားကိုယ်အင်္ဂါကို ဆုပ်နယ်ပေးရန် ဖြစ်၏

(၄) ယင်း-ဖြင့် မပျောက်သေးလျှင် နေရာမှထ၍ မျက်စိကိုရေဆွတ်လျက် အရှေ့ အနောက် တောင် မြောက် ၄-ပါး ကြည့်ရန်နှင့် ကြယ်တာရာနက္ခတ်တို့ကို မော်ကြည့် ရန်ဖြစ်၏,

(၅) မပျောက်သေးလျှင် အာလောကကသိုဏ်း စီးဖြန်းခြင်းနှင့် နေရောင် လရောင်-စသော အရောင်အလင်း၌ စိတ်ကို စေလွှတ်ရန် ဖြစ်၏

(၆) မပျောက်သေးလျှင် မပျံ့လွင့်သောစိတ်ဖြင့် ခြေလှမ်းတိုင်း လှမ်းတိုင်း အမှတ်သညာကို မလွတ်စေပဲ စင်္ကြံ သွားရန် ဖြစ်၏

(၇) ယင်း-တို့ဖြင့် ဖျောက်၍ မရနိုင်လျှင် “မကြာမီ ထအံ့” ဟု ဆုံးဖြတ်၍ သတိသမ္ပဇဉ်ဖြင့် အိပ်လိုက်ပြီးလျှင် နိုးလျှင် နိုးခြင်း အိပ်ရာမှထရန် ဖြစ်၏၊ ဇိမ်ခံ၍ အိပ်မနေရ [၁၃] ကမ္မဋ္ဌာန်း အားထုတ်တော်မူကြသော အရှင်မဟာမောဂ္ဂလ္လာန်, အရှင်ဘဂုနှင့် မဟလ္လကမဟာတိဿ ထေရ်တို့သည် ထိနမိဒ္ဓ-လွှမ်းမိုးနှိပ်စက်ခြင်းကြောင့် ကမ္မဋ္ဌာန်းအာရုံ မထင်ပဲရှိကြဘူးသည်။ နောက်အခါ၌ ယင်း ၅-ခုမြောက် ထိနမိဒ္ဓ ကိလေသာမာရ်စစ်သည်ကို အပြင်းအထန် တိုက်ခိုက်ဖြိုခွင်း၍ အရဟတ္တဖိုလ်အထိ အောင်ပွဲခံတော်မူကြသည်။ အကျယ်ကို [၁၄]ကြည့်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ တိပိဋကအဘိဓာန် အတွဲ-၉
  2. (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။ မဟာနိ၊ဋ္ဌ၊၅၂)။
  3. (အဘိ၊ဓ၊၂၃၃။ အဘိ၊ဝိ၊၂၆၃)
  4. (အဘိ၊ဋ္ဌ၊၁၊၄၀၉)။
  5. (အဘိ၊ဋ္ဌ၊၁၊၄၁၀-၃)
  6. (သုတ္တနိ၊၃၄၂။ မဟာနိ၊၇၄။ စူဠနိ၊၁၁၄။ ထေရ၊ဋ္ဌ၊၁၊၆၀။ သီ၊ဋီ၊သစ်၊၁၊၂၁။ မ၊ဋီ၊၃၊၁၈၄)။
  7. (ဒီ၊ဋ္ဌ၊၁၊၁၉၁။ မ၊ဋ္ဌ၊၂၊၂၁၉။ မ၊ဋီ၊၂၊၂၃၅)။
  8. နိယျာနာဝရဏ-
  9. ပဋိသံ၊၁၆၂။ ပဋိသံ၊ဋ္ဌ၊၂၊၇၁)
  10. (သံ၊၃၊၅၉၊ ၉၁။ အံ၊၁၊၃။ ဒီ၊ဋ္ဌ၊၂၊၃၇၀။ မ၊ဋ္ဌ၊၁၊၂၈၈။ ဣတိဝုတ်၊ဋ္ဌ၊၃၄၀)။
  11. (သံ၊၃၊၉၃။ အံ၊၁၊၄။ ဒီ၊ဋ္ဌ၊၂၊၃၇၀။ မ၊ဋ္ဌ၊၁၊၂၈၈။ ဣတိဝုတ်၊ဋ္ဌ၊၃၄၀-၁)။
  12. (ဒီ၊ဋ္ဌ၊၂၊၃၇၀-၁။ မ၊ဋ္ဌ၊၁၊၂၇၇။ သံ၊ဋ္ဌ၊၃၊၂၀၃။ ဣတိဝုတ်၊ဋ္ဌ၊၃၄၁)
  13. (အံ၊၂၊၄၆၂-၃)။
  14. (သံ၊ဋ္ဌ၊၁၊၃၀၄။ အံ၊ဋ္ဌ၊၁၊၁၂၆။ သုတ္တနိ၊ဋ္ဌ၊၁၊၂၂၉။ ထေရ၊ဋ္ဌ၊၂၊၄။ အပ၊ဋ္ဌ၊၁၊၂၃၄၊ ၂၆၆)