ပဝါရဏာသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်း မိဂါရမာတုပါသာဒ အဗ္ဘောကာသ၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က တုဏှီဘူတ ထိုင်နေကြသော ရဟန်းတော်များအား မိမိ၏တစ်စုံတစ်ခုသော ကိုယ်မှု, နှုတ်မှု ကဲ့ရဲ့ပြစ်တင်ဖွယ် ရှိလျှင် ပြစ်တင်ကဲ့ရဲ့ နိုင်ကြောင်း ဖိတ်ကြားတော်မူခြင်းကို အရှင်သာရိပုတ္တရာထေရ်က တစ်စုံတစ်ခုကဲ့ရဲ့ပြစ်တင်စရာ မရှိပုံနှင့် ဘုရားရှင်၏ကျေးဇူးဂုဏ်တော်တို့ကို အကျယ် တဝင့် ချီးကျူးလျှောက်ထားပြီး ဘုရားရှင်နည်းတူ ဖိတ်ကြားပါသည်။ ဘုရားရှင်က အရှင်သာရိပုတ္တရာ၏ ကဲ့ရဲ့ပြစ်တင်ဖွယ် ကိုယ်မှု နှုတ်မှုမရှိပုံကို မိန့်ကြားတော်မူပြီး မဟာ ပည၊ ပုထုပည၊ ဟာသပည၊ ဇဝနပည၊ တိက္ခပည၊ နိဗ္ဗေဓိကပည၊ အနုတ္တရ ဓမ္မစက္ကအနုပဝတ္တိတဂုဏ်ပုဒ်တို့ကို ချီးကျူးမိန့်တော်မူပါသည်။ စည်းဝေးနေသော ရဟန်းတော်ငါးရာ၏ ကဲ့ရဲ့ပြစ်တင်ဖွယ်ရှိက ကဲ့ရဲ့ပြစ်တင်ပါရန် လျှောက်ထားသည့်အခါ ဘုရားရှင်က ဤရဟန်းတော်ငါးရာတွင် တေဝိဇ္ဇပတ္တရဟန်း ခြောက်ကျိပ်၊ ဆဠာဘိညရဟန်းတော် ခြောက်ကျိပ်၊ ဥဘတောဘာဂဝိမုတ္တ ရဟန်းတော် ခြောက်ကျိပ်နှင့် အခြားရဟန်းတော်များ၊ ပညာဝိမုတ္တပုဂ္ဂိုလ်များဖြစ်ပုံကို မိန့်ကြားတော်မူပါသည်။ ထိုအခါ အရှင်ဝင်္ဂီသထေရ်က ဘုရားရှင်, ရဟန်းတော်ငါးရာတို့၏ ဂုဏ်ပုဒ်များကို စကြာမင်းနှင့် အမတ်ပရိသတ်အသွင် ဥပမာတင်၍ လေးဂါထာတို့ဖြင့် ချီးကျူးလျှောက်ထားပုံကို ပြဆိုသည့်သုတ်။

ဤသုတ်တော်၌ ဘုရားရှင်နှင့် ရဟန်းတော်ငါးရာတို့ အချင်းချင်း ဝိသုဒ္ဓိ ပဝါရဏာပြုပုံကို ပြဆိုထားပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ပဝါရဏာအကြောင်း၊ စကြာမင်းကျင့်ဝတ် ၁၀ ပါး/ ၁၂-ပါး ခမည်းတော်၏ စကြာရတနာကို သားတော်မင်းက ဆက်၍လည်စေပုံ အစရှိသော မှတ်သားဖွယ်များကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၉၂-၃။ သံ၊မြန်၊၁၊၁၈၀-၁။ သံ၊ဋ္ဌ၊၁၊၂၅၃-၅။ သံ၊ဋီ၊၁၊၂၈၉-၂၉၁။

    -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂ၊ ၈-ဝင်္ဂီသသံယုတ္တ၊ အဋ္ဌမသုတ်။

  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ