ဝိတက်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
[၁] (၁) ဝိတက် --
- (က) အာရုံကို ကြံကြောင်း ဖြစ်သော တရား။
- (ခ) အာရုံကို ကြံတတ်သော တရား။
- (ဂ) အာရုံကို ကြံခြင်းမျှ ဖြစ်သောတရား။
- (ဃ) သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှု တင်ပေးတတ်သော တရား။ [၂]
- (င) ဆုံးဖြတ်ကြောင်းဖြစ်သော ဝိတက်။[၃]
(၃) ဝိတက္ကသုတ် ၃-သုတ်။ [၅][၆]
ဝိတက်၏ လက္ခဏာစသည်
[ပြင်ဆင်ရန်]- ဝိတက်သည် အာရုံ၌ စိတ်ကို ရှေးရှုတင်ပေးခြင်းလျှင် မှတ်ကြောင်း လက္ခဏာရှိ၏။
- အာရုံကို အစမှခေါက်ခြင်း, ရှေးရှုခေါက်ခြင်း,ထက်ဝန်းကျင် ခေါက်ခြင်း, လှည့်လည်၍ ခေါက်ခြင်း, ပြန်လှန်၍ ခေါက်ခြင်း, ဟူသော ကိစ္စရှိ၏။
- အာရုံ၌ စိတ်ကို ရှေးရှုဆောင် တတ်, ဆွဲငင်တတ်သော တရားဟူ၍ ယောဂီ ရှေးရှုထင်တတ်၏။
- ပုဂ္ဂိုလ်၏ဉာဏ်အား ထင်ခြင်းသို့ ရောက်သောအာရုံလျှင် နီးစွာသော အကြောင်းရှိ၏။ [၇] [၆]
ဝိတက်နှင့် ဝိစာရ အထူး
[ပြင်ဆင်ရန်]ဝိတက်နှင့် ဝိစာရတို့သည် မကြာခဏ အတူတကွ ဖြစ်ပေါ်လေ့ရှိသော်လည်း သဘောသဘာဝအားဖြင့် ကွဲပြားသည်။
ဝိတက်: အာရုံကို စတင်ထိတွေ့ခြင်း၊ စိတ်ကို အာရုံပေါ်သို့ ပို့ဆောင်ခြင်းဖြစ်ပြီး ကြမ်းတမ်းသော သဘောရှိသည်။ ဥပမာများ-
- ခေါင်းလောင်းကို ပထမဆုံးအကြိမ် ထုလိုက်သည့်အသံ။
- ငှက်တစ်ကောင် ပျံတက်ရန် အားယူ၍ အတောင်ပံကို ခတ်ခြင်း။
- ညစ်ပေနေသော ကြေးခွက်ကို လက်တစ်ဖက်ဖြင့် မြဲမြဲကိုင်ထားခြင်း။
ဝိစာရ: အာရုံပေါ်သို့ ရောက်ရှိပြီးသောစိတ်ကို ထိုအာရုံပေါ်၌ ဆက်လက်တည်တံ့အောင် အဖန်တလဲလဲ သုံးသပ်ခြင်း၊ ပွတ်တိုက်ခြင်းဖြစ်ပြီး သိမ်မွေ့သော သဘောရှိသည်။ ဥပမာများ-
- ခေါင်းလောင်းသံ ထုပြီးနောက် ဆက်လက်ညံနေသော ကြေးညည်းသံ။
- ငှက်တစ်ကောင် ကောင်းကင်သို့ရောက်ပြီးနောက် အတောင်ပံကို ဖြန့်၍ ငြိမ်သက်စွာ လေဟုန်စီးနေခြင်း။
- ကြေးခွက်ကို ဆပ်ပြာမှုန့်တို့ဖြင့် ပွတ်တိုက် သန့်စင်နေခြင်း။
ဤကွဲပြားမှုကြောင့် သမာဓိရှုပွားရာတွင် ပထမဈာန်၌ ဝိတက်နှင့် ဝိစာရ နှစ်ပါးလုံးပါဝင်ပြီး၊ ပိုမိုငြိမ်သက်သော ဒုတိယဈာန်သို့ တက်လှမ်းသောအခါ ကြမ်းတမ်းသော ဝိတက်ကို ပယ်ခွာရသည်။ [၈]
ဝိတက်မပါဘဲ စိတ်က အာရုံယူနိုင်ပုံ
[ပြင်ဆင်ရန်]အချို့သောစိတ်များသည် ဝိတက်၏ အကူအညီမပါဘဲ အာရုံကို ယူနိုင်ကြသည်။
၁။ ဒွေးပဉ္စဝိညာဏ်: မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဟူသော အာရုံခံများ၌ ရူပါရုံ၊ သဒ္ဒါရုံ စသည့် အာရုံတို့ လာရောက်ထိခိုက်မှုသည် အလွန်ထင်ရှားသောကြောင့် ဝိတက်က သီးသန့်တင်ပေးစရာမလိုဘဲ အာရုံကို တိုက်ရိုက်သိနိုင်သည်။
၂။ ဒုတိယဈာန်အထက် ဈာန်စိတ်များ: ဤဈာန်စိတ်များတွင် ဝိတက်မပါဝင်တော့သော်လည်း အာရုံကို ကောင်းစွာယူနိုင်သည်။ အကြောင်းမှာ ဘာဝနာ၏ စွမ်းအား (ဘာဝနာဗလ) ကြောင့်ဖြစ်သည်။ ရှေးဦးစွာ ပထမဈာန်ကို အထုံ (ဝသီဘော်) နိုင်အောင် လေ့ကျင့်ထားသည့် အလေ့အကျင့် (ပရိစယ) ၏ စွမ်းအားကြောင့် နောက်ပိုင်းတွင် ဝိတက်မပါဘဲ စိတ်သည် မိမိဘာသာ အာရုံပေါ်သို့ တက်ရောက်နိုင်စွမ်းရှိလာသည်။ ဥပမာအားဖြင့် နန်းတော်သို့ မိတ်ဆွေ၏အကူအညီဖြင့် အကြိမ်ကြိမ်ဝင်ထွက်ဖူးသူသည် နောက်ပိုင်းတွင် ထိုမိတ်ဆွေမပါဘဲ ယုံကြည်မှုအပြည့်ဖြင့် ဝင်ထွက်နိုင်သကဲ့သို့ ဖြစ်သည်။
စေတနာ၊ မနသိကာရ၊ ဝိတက်တို့၏ ကွာခြားချက်
[ပြင်ဆင်ရန်]ဤစေတသိက်သုံးပါးစလုံးသည် စိတ်ကိုအာရုံနှင့် ဆက်စပ်ပေးရာတွင် အရေးပါသော်လည်း လုပ်ငန်းတာဝန် ကွဲပြားသည်။ လှေပြိုင်ပွဲ ဥပမာဖြင့် ခွဲခြားမှတ်သားနိုင်သည်-
- ဝိတက်: လှေကို ပန်းတိုင် (အာရုံ) သို့ အမြန်ရောက်အောင် အားကုန်လှော်ခတ်ပေးသော လှေဝမ်းရှိ လှော်သမား နှင့်တူသည်။ သမ္ပယုတ်တရားများကို အာရုံဆီသို့ တွန်းပို့တင်ပေးသည်။
- မနသိကာရ: လှေကို ပန်းတိုင် (အာရုံ) သို့ တည့်တည့်မတ်မတ်ရောက်အောင် ထိန်းကျောင်းပေးသော ပဲ့ကိုင် နှင့်တူသည်။ သမ္ပယုတ်တရားများကို အာရုံပေါ်သို့ လမ်းကြောင်းမလွဲအောင် ဖြောင့်ပေးသည်။
- စေတနာ: လှေအဖွဲ့သားအားလုံးကို ညီညွတ်အောင် ဦးဆောင်၍ ပန်းတိုင် (အာရုံ) ကို အတိအကျ ဆွတ်ခူးနိုင်ရန် စေ့ဆော်စီမံပေးသော ဦးစီးသူ (သို့မဟုတ်) ပန်းဆွတ်သူ နှင့်တူသည်။ မိမိနှင့်ယှဉ်ဖက်တရားများကို အာရုံ၌ စုစည်းဖွဲ့စပ်ပေးသည်။[၉]
ဝိတက် ၂-ပါး
[ပြင်ဆင်ရန်]ဝိတက်သည် —
ဝိတက် ၆-ပါး
[ပြင်ဆင်ရန်]တစ်နည်း — ဝိတက်သည် အကုသိုလ် (မိစ္ဆာ) ဝိတက် ၃-ပါး နှင့် ကုသိုလ် (သမ္မာ) ဝိတက် ၃-ပါး ဟူ၍ ၆-ပါး အပြားရှိ၏။
ထိုတွင် အကုသိုလ် (မိစ္ဆာ) ဝိတက် ၃-ပါးဟူသည်ကား —
- (၁) ကာမဝိတက် - ဝတ္ထုကာမ၊ ကိလေသာကာမတို့နှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၂) ဗျာပါဒဝိတက် - စိတ်ကို ဖျက်ဆီးတတ်, ဖောက်ပြန်ခြင်းသို့ ရောက်စေတတ်သော (ဒေါသ)တရားနှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၃) ဝိဟိံသာဝိတက် - သတ္တဝါတို့ကို ညှဉ်းဆဲကြောင်းဖြစ်သော တရားနှင့် စပ်ယှဉ်သောကြံစည်ခြင်း ဟူ၍ ၃-ပါးရှိ၏။
ကုသိုလ် (သမ္မာ) ဝိတက် ၃-ပါးဟူသည်ကား —
ဝိတက် ၉-ပါး
[ပြင်ဆင်ရန်]တစ်နည်း — ဝိတက်သည်
- (၁) ကာမဝိတက် - ဝတ္ထုကာမ၊ ကိလေသာကာမတို့နှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၂) ဗျာပါဒဝိတက် - စိတ်ကို ဖျက်ဆီးတတ်၊ ဖောက်ပြန်ခြင်းသို့ ရောက်စေတတ်သော (ဒေါသ)တရားနှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၃) ဝိဟိံသာဝိတက် - သတ္တဝါတို့ကို ညှဉ်းဆဲကြောင်းဖြစ်သော တရားနှင့် စပ်ယှဉ်သောကြံစည်ခြင်း ဟူ၍ ၃-ပါးရှိ၏။
- (၄) ဉာတိဝိတက် - အဆွေအမျိုးတို့နှင့်စပ်ယှဉ်သောကြံစည်ခြင်း။
- (၅) ဇနပဒဝိတက် - တိုင်းပြည်, နိုင်ငံ, ဇနပုဒ်တို့နှင့် စပ်ယှဉ်သော ကြံစည်ခြင်း။
- (၆) အမရာဝိတက် - မသေခြင်းအကျိုးငှာ ကြံစည်ခြင်း (ဝါ) သေခြင်းကင်းကွာ ချမ်းသာဖို့အကျိုးငှာ ဟု ယူဆ၍ ပင်ပန်းဆင်းရဲစွာ ကျင့်အပ်သော အကျင့်နှင့်စပ်ယှဉ်သော ကြံစည်ခြင်း (ဝါ) နတ်ချစ်ခြင်းအကျိုးငှာ ကြံစည်ခြင်း (ဝါ) နတ်ချစ်ခြင်းအကျိုးငှာ ဟု ယူဆ၍ ပင်ပန်းဆင်းရဲစွာ ကျင့်အပ်သော အကျင့်နှင့်စပ်ယှဉ်သော ကြံစည်ခြင်း (ဝါ) (တစ်ဖက်ဖက်၌ မရပ်တည်နိုင်သဖြင့်) မပြတ်သားသော "အမရ" မည်သော ငါးကဲ့သို့ ရှောင်လွှဲတတ်၊ ငြင်းပယ်တတ်သော ကြံစည်ခြင်း။
- (၇) ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက် - သူတပါးတို့အား သနားတတ်သည်၏အဖြစ်နှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၈) လာဘသက္ကာရသိလောကပဋိသံယုတ္တဝိတက် - ပစ္စည်းဥစ္စာ၊ အရိုအသေပြုခြင်း၊ ကျော်စောခြင်းတို့နှင့် စပ်ယှဉ်သောကြံစည်ခြင်း။
- (၉) အနဝညတ္တိပဋိသံယုတ္တဝိတက် - မိမိကို သူတစ်ပါးတို့က မထီမဲ့မြင်မပြုစေလိုခြင်း၊ အထင်အမြင်မသေးစေလိုခြင်း နှင့်စပ်ယှဉ်သော ကြံစည်ခြင်း ဟူ၍ ၉-ပါး အပြားရှိ၏။ [၁၂] [၆]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝိတက္က (ပု) [ဝိ+တက္က+ဏ။ နီတိ၊ ဓာတု။ ၂၈၁။ ဝိတက္ကေန္တိ ဧတေန သယံ ဝါ ဝိတက္ကေတိ, ဝိတက္ကနမတ္တမေဝ ဝါတိ ဝိတက္ကော။ ဣတိဝုတ်၊ဋ္ဌ၊၁၃၇။ ဝိတက္ကေတီတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော။ အဘိ၊ဋ္ဌ၊၁၊၁၅၇။ ပဋိသံ၊ဋ္ဌ၊၁၊၄၇၊ ၇၅။ အာရမ္မဏံ ဝိတက္ကေတိ သမ္ပယုတ္တဓမ္မေ ... အဘိနိရောပေတီတိ ဝိတက္ကော။ ဝိဘာဝိနီ၊၉၀။ မဏိမဉ္ဇူ၊၁၊၂၃၇။ ဝိတက-သံ။ ဝိအက္က-ပြာ၊ ဝိယက္က-အဒ္ဓမာဂဓီ ။
- ↑ (၁) (က) (ခ) (ဂ) (ဃ) သော ယေ တေ ဝိတက္ကာ ဟီနာ ဂမ္မာ။ မ၊၃၊၁၅၅။ ဝိတက္ကာ ဥပဓာဝန္တိ။ သံ၊၁၊၁၈၇။ ဝိတက္ကော စ အဝူပသန္တော ဟောတိ။ သံ၊၃၊၁၁။ ဝိဒိတာ ဝိတက္ကာ ဥပ္ပဇ္ဇန္တိ။ အံ၊၂၊၄၂၂။ ဝိတက္ကော ဟောတိ၊ ဝိစာရော ဟောတိ။ အဘိ၊ဓ၊၁၇။ ဝိတက္ကောပိ ဒိဋ္ဌိဋ္ဌာနံ။ ပဋိသံ၊၁၃၂။ ဒွေ ဝိတက္ကာ-ဗဟုလံ သမုဒါစရန္တိ။ ဣတိဝုတ်၊၂၁၆။ ဒေါင့်ကွင်းလည်းကြည့်။ (ဒီ၊၃၊၈၆။ အံ၊၁၊၃၄၅။ အဘိ၊ဓ၊၂၀၊ ၃၀-၁။ အဘိ၊ဝိ၊၈၈-၉၊ ၁၁၂၊ ၁၁၆၊ ၃၇၇-၈။ အဘိ၊က၊၃၈၄။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ ဒီ၊ဋ္ဌ၊၁၊၁၁၂။ ဒီ၊ဋ္ဌ၊၂၊၄၉။ မ၊ဋ္ဌ၊၁၊၃၁၇။ သံ၊ဋ္ဌ၊၁၊၁၇၉။ အံ၊ဋ္ဌ၊၁၊၃၀။ သံ၊ဋ္ဌ၊၂၊၁၂၅။ အံ၊ဋ္ဌ၊၂၊၂၂၇၊ ၂၉၇။ အဘိ၊ဋ္ဌ၊၁၊၁၃၊ ၈၅၊ ၂၁၄။ အဘိ၊ဋ္ဌ၊၂၊၄၃၂၊ ၄၇၆။ ပဋိသံ၊ဋ္ဌ၊၁၊၄၇၊ ၇၅။ ဝိသုဒ္ဓိ၊၁၊၉၈၊ ၁၃၇-၉။)။
- ↑ (င) ဝိတက္ကနိဒါန-ကြည့်။
- ↑ (၂) ဝိတက္ကေသူ (အံ၊၃၊၂၃၅) တိ ဝိတက္ကဝိစာရေသု။ အံ၊ဋ္ဌ၊၃၊၂၈၃။ ဝိတက္ကဂ္ဂဟဏေနေဝ တံသဟစရိတော ဝိစာရောပိ ဂဟိတော။ တေနေဝေ ဗဟုဝစနနိဒ္ဒေသော ကတောတိ အာဟ ဝိတက္ကေသူတိ ဝိတက္ကဝိစာရေသူ” တိ။ အံ၊ဋီ၊၃၊၃၀၄။
- ↑ (၃) သမဏဗြာဟ္မဏာ ဝိတက္ကံ၊ စိန္တာ ဝိဂ္ဂါဟိကာ ကထာ။ သံ၊၃၊၃၆၈။ ရာဂဒုစ္စရိတဝိတက္က၊ သညာ ဓာတူတိ ဝုစ္စတိ။ အံ၊၂၊၃၉၁။ ဝိတက္ကာ ဒေသနာ ဝိဇ္ဇာ၊ ပညာ ဓမ္မေန ပဉ္စမံ။ ဣတိဝုတ်၊၂၂၅။
- 1 2 3 4 5 တိပိဋကအဘိဓာန် အတွဲ-၁၉
- ↑ အဘိ၊ဋ္ဌ၊၁၊၁၅၇။ ပဋိသံ၊ဋ္ဌ၊၁၊၄၇-၈။
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ-စတုတ္ထတွဲ- ဖားအောက်တောရဆရာတော်
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ-ဒုတိယတွဲ- ဖားအောက်တောရဆရာတော်
- ↑ (ဣတိဝုတ်၊၂၁၅။ ဣတိဝုတ်၊ဋ္ဌ၊၁၃၇-၄၁)။
- ↑ ဒီ၊၃၊၁၈၀။ မ၊၁၊၁၆၁-၂။ မ၊၃၊၁၅၅။ အံ၊၂၊၃၈၈။ ဒီ၊ဋ္ဌ၊၃၊၁၆၈။ မ၊ဋ္ဌ၊၁၊၃၈၃။ ဒီ၊ဋီ၊၃၊၁၈၅-၆။ မ၊ဋီ၊၂၊၆၇။ (ဥဒါန၊ ၁၁၈-၉။ ဣတိဝုတ်၊၂၅၁။ အဘိ၊ဝိ၊၃၇၇)၊
- ↑ သုတ္တနိ၊၂၈၀။ မဟာနိ၊၃၀၁-၂။ စူဠနိ၊၁၆၀။ သုတ္တနိ၊ဋ္ဌ၊၁၊၁၉။ သုတ္တနိ၊ဋ္ဌ၊၂၊၄၀)။