နီဝရဏ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကင်းစောင့်သမားတို့သည် အလိုမရှိအပ်သော ပုဂ္ဂိုလ်များ၏ ဝင်ရာ၊ ထွက်ရာ၊ ဝင်ခွင့် ထွက်ခွင့်ကို တားမြစ်သကဲ့သို့ လောဘ၊ ဒေါသစသော စေတသိက်တို့သည် သတ္တဝါတို့၏ စိတ်သန္တာန်၌ ကုသိုလ်တရား၊ ဈာန်၊ မဂ်၊ ဖိုလ်တရားတို့၏ ဖြစ်ခွင့်၊ တိုးပွားခွင့်ကို မပေးဘဲ တားမြစ် ပိတ်ပင် ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောဘ၊ ဒေါသစသော စေတသိက်တို့ကို ကင်းစောင့်သမား နီဝရဏဟု ခေါ်သည်။
ပိတ်ဆို့စေသည့် တရားများ
[ပြင်ဆင်ရန်](က) ဈာန်စသော ကုသိုလ်စိတ်ကို – ညစ်နွမ်း –ပူပန်–စေတတ်-ပိတ်ဆို့-တားမြစ် – ဖုံးလွှမ်း – မြှေးယှက်-တတ်သော တရား။
(ခ) ပညာမျက်စိ –နိဗ္ဗာန်ချမ်းသာကို- ပိတ်ဆို့-တားမြစ်–တတ်သော တရား။
(ဂ) စိတ်-အကျိုး စီးပွား –အကျင့် ကို –တားမြစ်–ဖုံးလွှမ်း တတ်သောတရား။
(ဃ) ဝဋ်မှ ထွက်မြောက်ကြောင်းကို-ပိတ်ဆို့-တားမြစ်–တတ်သော တရား။
(င) ကုသိုလ်စိတ်ကို-ပိတ်ဆို့-တားမြစ်–ညစ်ညူးစေ-လွှမ်းမိုး-ပညာ၏အားနည်းမှုကို ပြု-တတ်သော တရား။ [၁]
နီဝရဏ (၅)ပါး
[ပြင်ဆင်ရန်]ထို နီဝရဏသည် ---
နီဝရဏတရားသည်– ကာမဂုဏ်တို့၌ လိုချင်မှုဟူသော-ပိတ်ဆို့-တားမြစ်-တတ်သော = ကာမစ္ဆနီဝရဏ,
ပျက်စီးစေ-ဖျက်ဆီးလို –မှုဟူသော –ပိတ်ဆို့ –တားမြစ် –တတ်သော = ဗျာပါဒနီဝရဏ,
လေးလံ ထိုင်းမှိုင်းမှုဟူသော = ပိတ်ဆို့ –တားမြစ် –တတ်သော = ထိနမိဒ္ဓနီဝရဏ,
ပျံ့လွင့်မှု –နောင်တတဖန်ပူပန်မှုဟူသော = ပိတ်ဆို့-တားမြစ် –တတ်သော = ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ,
ယုံမှားမှု-မဝေခွဲနိုင်မှုဟူသော = ပိတ်ဆို့-တားမြစ်-တတ်သော = ဝိစိကိစ္ဆာနီဝရဏအားဖြင့် ၅-ပါးရှိသည်။[၂][၁]
အခြားအမည်များ
[ပြင်ဆင်ရန်]ယင်း နီဝရဏတရား ၅-ပါးကို အာဝရဏ = ဖုံးလွှမ်းတတ်သော တရားဟူ၍လည်းကောင်း,
နီဝရဏ = ပိတ်ဆို့ တတ်သောတရားဟူ၍လည်းကောင်း,
ဩနာဟန = နှောင်ဖွဲ့တတ်သောတရားဟူ၍လည်းကောင်း,
ပရိယောနာဟန = မြှေးယှက်တတ်သော တရား ဟူ၍၎င်း ခေါ်သည် [၃]။
အကုသလရာသိ = အကုသိုလ်အုပ်စုတရားဟုလည်း ခေါ်ဆိုသည် [၄]
ဈာနပဋိပက္ခ = ဈာနင်္ဂပစ္စနိက = ဈာနင်္ဂဝိဒ္ဓံသက, ဝိဃာတက ဈာန်အင်္ဂါတို့၏ ဆန့်ကျင်ဖက်ဖြစ်သော တရား၊ ဈာန်အင်္ဂါတို့ကို ဖျက်ဆီး –ညှင်းဆဲ-တတ်သော တရားဟုလည်းခေါ်သည် [၅]။
အန္ဓကရဏ = ကန်းအောင်ပြုတတ်, အစက္ခုကရဏ = မျက်စိမရှိအောင်ပြုတတ်, အညာဏကရဏ = အသိဉာဏ်မဲ့အောင် ပြုတတ်, ပညာနိရောဓိက = ပညာကို ချုပ်ပျောက်စေမှုဖြစ်အောင် ပြုတတ်, ဝိဃာတပက္ခိယ = ပင်ပန်းဆင်းရဲအောင်ပြုတတ်, အနိဗ္ဗာနသံဝတ္တနိက = ကိလေသာမှ ငြိမ်းအေးမှုမဖြစ်အောင် ပြုတတ်သော တရားဟုလည်း ခေါ်သည် [၆]။ [၁]
နီဝရဏ (၆)ပါး
[ပြင်ဆင်ရန်]မသိမှု, တွေဝေမှု ဟူသော –ပိတ်ဆို့ –တားမြစ် –တတ်သော အဝိဇ္ဇာနီဝရဏအားဖြင့် ၆-ပါးဖြစ်သည် [၇]။
နီဝရဏ (၈)ပါး
[ပြင်ဆင်ရန်]မမွေ့ လျော်မှုဟူသော = ပိတ်ဆို့ –တားမြစ် –တတ်သော = အရတိနီဝရဏ,
အကုသိုလ်အုပ်စု ဟူသော = ပိတ်ဆို့ –တားမြစ်–တတ်သော = အကုသလရာသိနီဝရဏအားဖြင့် ၈-ပါးဖြစ်သည် [၈]။
ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စတို့ကို သီးခြားယူ၍လည်း ၈-ပါးဖြစ်သည်[၉]။
ဒေသနာ၏ အစွမ်းအားဖြင့် နီဝရဏ (၈)ပါး
[ပြင်ဆင်ရန်](၁) အသက်ကို သတ်ခြင်း = ပါဏာတိပါတ, (၂) မပေးသော ဥစ္စာကို ခိုးယူခြင်း = အဒိန္နာဒါန, (၃) မမှန်စကား ပြောကြားခြင်း = မုသာဝါဒ, (၄) ဂုန်းတိုက်သောစကားကို ပြောဆိုခြင်း = ပိသုဏဝါစာ, (၅) တပ်မက်လိုချင်ခြင်း = ဂိစ္ဆလောဘ, (၆) ကဲ့ရဲ့ ချုပ်ချယ်ခြင်း = နိန္ဒာရောသ, (၇) အမျက်ထွက်ခြင်း, ပင်ပန်းခြင်း = ကောဓုပါယာသ, (၈) လွန်စွာမာန်မူခြင်း= အတိမာန။ ယင်းတို့သည် နီဝရဏတရား ၅-ပါးတို့၌ အကျုံးမဝင် မပါဝင်သော်လည်း ဒေသနာ၏ အစွမ်းအားဖြင့် နီဝရဏတရား ၈-ပါးဟု ခေါ် ဆိုသည် [၁၀]။[၁]
နီဝရဏ (၁၀)ပါးဖြစ်နိုင်
[ပြင်ဆင်ရန်]နီဝရဏတရား ၅-ပါး၌ အဇ္ဈတ္တ, ဗဟိဒ္ဓ ၂-ပါး အကြောင်းကိုစွဲမှီ၍ဖြစ်သောအားဖြင့် ၁၀-ပါး ဖြစ်နိုင်သည်[၁၁]။ [၁]
နီဝရဏ အကျိုး, အပြစ်, ပယ်ပုံများ
[ပြင်ဆင်ရန်]နီဝရဏတရားများ ကိန်းအောင်းနေသော ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ ကုသိုလ်တရားများ မတည်နေနိုင် [၁၂]၊
နီဝရဏ တရား ၅-ပါးတို့သည် အကြောင်းအာဟာရလျှင် တည်ရာရှိကုန်၏၊ အကြောင်းအာဟာရ ကိုစွဲ၍ တည်ရကုန်၏၊ အကြောင်းအာဟာရ မရှိပဲ မတည်နိုင်ကုန် [၁၃]။
နီဝရဏတရားတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှာ, ပိုင်းခြား၍သိခြင်းငှာ, ကုန်စေခြင်းငှာ, ပယ်ခြင်းငှာ မဂ္ဂင် ၈-ပါးကို အားထုတ်ပွားများ ရာ၏[၁၄]
နီဝရဏတရား ၅-ပါးတို့ နှိပ်စက်ခံရသူသည် အိပ်ပျော်နေသူ မည်၏၊ မနှိပ်စက်ခံရသူသည် နိုးကြားသူမည်၏[၁၅]။
နီဝရဏတရား ၅-ပါးသည် ကြွေးမြီ, အနာရောဂါ, နှောင်အိမ်, ကျေးကျွန်, ဘေးရန်ကြမ်းတမ်း ရေရှားသော ရှည်ဝေးသော ခရီးခဲနှင့်တူ၏၊ ယင်း ၅-ပါး ပယ်ပြီးသူသည် ကြွေမြီကင်းခြင်း, အနာရောဂါကင်းခြင်း, နှောင်အိမ်မှလွတ်ခြင်း, ကျေးကျွန်အဖြစ်မှလွတ်ခြင်း (လွတ်လပ်ခြင်း), ခရီးခဲဘေးမှလွတ်ရာ ငြိမ်းချမ်းရာအရပ်သို့ ရောက်ခြင်းနှင့်တူ၏ ([၁၆]။
နီဝရဏတရား ၅-ပါး၏ အသီးသီးတားမြစ်ပုံအကျယ် [၁၇] ကြည်။
တားမြစ်ပုံ, ဝဋ်မှထွက်မြောက်ပုံ [၁၈] ကြည့်။
ကိလေသာအစဉ် မဂ်အစဉ် ၂-မျိုးဖြင့် ပယ်ပုံ [၁၉] ကြည့်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ တိပိဋကအဘိဓာန် အတွဲ-၁၂
- ↑ (ဒီ၊၁၊၂၃၁။ ဒီ၊၃၊၂၃၂။ သံ၊၃၊၅၆၊ ၈၆၊ ၂၈၄။ အံ၊၂၊၅၆။ အံ၊၃၊၂၅၀။ ပဋိသံ၊၁၆၂။ ထေရ၊၂၃၆။ ပေဋကော၊ ၂၅၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၀။ ပဋိသံ၊ဋ္ဌ၊၂၊၂၃။ ဝိဘာဝိနီ၊၂၁၉)
- ↑ (ဒီ၊၁၊၂၃၁)
- ↑ (အံ၊၂၊၅၇)၊
- ↑ (ပေဋကော၊ ၂၇၃-၄။ ဝိ၊ဋ္ဌ၊၁၊၁၁၄။ ဝိသုဒ္ဓိ၊၁၊၁၃၇)
- ↑ (သံ၊၃၊၈၆)
- ↑ (အဘိ၊ဓ၊၂၃၂။ အဘိ၊ဋ္ဌ၊၁၊၄၅၂)
- ↑ (ပဋိသံ၊၁၆၂)
- ↑ (ဝိဘာဝိနီ၊၂၂၁)
- ↑ (မ၊၂၊၂၄-၆။ မ၊ဋ္ဌ၊၃၊၂၈)
- ↑ (သံ၊၃၊၉၇။ ပေဋကော၊ ၂၇၃)
- ↑ (မ၊ဋ္ဌ၊၂၊၃၉)
- ↑ (သံ၊၃၊၅၈−၉၊ ၉၀)
- ↑ (သံ၊၃၊၃၂၊ ၅၆။ အံ၊၃၊၂၅၀။ ပေဋကော၊၂၇၃။ သံ၊ဋ္ဌ၊၃၊၂၁၁။)
- ↑ (သံ၊၁၊၃။ သံ၊ဋ္ဌ၊၁၊၂၃)
- ↑ ဒီ၊၁၊၆၈-၉။ မ၊၁၊၃၄၃-၄။ ဒီ၊ဋ္ဌ၊၁၊၁၈၉၊ ၁၉၀။ မ၊ဋ္ဌ၊၂၊၂၁၇)
- ↑ (ပေဋကော၊ ၂၅၉၊ ၂၆၀)
- ↑ (ပဋိသံ၊၁၆၂-၃)
- ↑ (သုတ္တနိ၊ဋ္ဌ၊၁၊၂၃)