နဂရသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားမဖြစ်မီ အလောင်းတော်ဘဝ၌ ဇရာ-မရဏဟူသော ဆင်းရဲခြင်း အကြောင်းကို ကြံစည်ရာက ဇာတိမှ ဝိညာဏအထိ အနုလောမ ပဋိစ္စသမုပ္ပါဒဓမ္မတို့၏ ကြောင်းကျိုး ဝိညာဏ၏အကြောင်းသည် နာမ်ရုပ်ဖြစ်ပုံ, နာမ်ရုပ်၏အကြောင်းသည် သဠာယတနဖြစ်ပုံမှ ဆင်းရဲအစုဖြစ်ပုံအထိ အနုလောမ ပဋိစ္စသမုပ္ပါဒဓမ္မတို့၏ ကြောင်းကျိုးဆက်၍ ဖြစ်နေပုံကို လည်းကောင်း ဇာတိချုပ်ခြင်းကြောင့် ဇရာ မရဏချုပ်ပုံမှစ၍ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်ပုံ အစုံအဆန် ပဋိလောမ ပဋိစ္စသမုပ္ပါဒဓမ္မတို့ကိုလည်းကောင်း ရှေးကမကြားဖူးသော ပဋိစ္စသမုပ္ပါဒဓမ္မတို့၌ ဉာဏ် မျက်စိ အသိဉာဏ် ပညာဝိဇ္ဇာ အလင်းရောင်ဖြစ်ပုံ တောအုပ်အတွင်း လမ်းဟောင်း ဖြင့်သွားသောယောက်ျား၏ ရှေးဟောင်း မင်းနေပြည် မြို့တော်ဟောင်းကို တွေ့မြင်ပုံ၊ မြို့တော်အသစ် ပြန်လည်တည်ဆောက်ပုံ ဥပမာကိုလည်းကောင်း အဋ္ဌင်္ဂိက အရိယာ မဂ္ဂင် ရှစ်ပါးသည် ရှေးဘုရားရှင်တို့ ကြွသွားတော်မူခဲ့သော လမ်းဟောင်း လမ်းမှန်ဖြစ်ပုံ၊ ထိုလမ်းကြောင်း အတိုင်းသွားလျှင် ပဋိစ္စသမုပ္ပါဒဓမ္မတို့နှင့် နိဗ္ဗာန်ကို သိမြင်နိုင်ပုံ၊ အဋ္ဌင်္ဂိကအရိယာ မဂ်တည်းဟူသော အကျင့်မြတ်ကို သိနိုင်ရန် ပရိသတ်လေးပါးတို့အား ဟောကြားတော်မူပုံကို အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဤသုတ်တော်လာဓမ္မတို့နှင့် ဆက်စပ်၍ မှတ်သားဖွယ်များကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၂၇-၉။ သံ၊မြန်၊၁၊၃၁၄-၆။ သံ၊ဋ္ဌ၊၂၊၁၀၆-၁၁၀။ သံ၊ဋီ၊၂၊၁၁၆-၁၁၉။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၇-မဟာဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ