မာတိကာသို့ ခုန်သွားရန်

ညောင်ဦးမြို့နယ်

ဝီကီပီးဒီးယား မှ
(ပုဂံ(ညောင်ဦး)မြို့နယ် မှ ပြန်ညွှန်းထားသည်)
ညောင်ဦးမြို့နယ်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of ညောင်ဦးမြို့နယ်
​ညောင်ဦးခရိုင်အတွင်းတည်နေရာ (အနီ)
​ညောင်ဦးခရိုင်အတွင်းတည်နေရာ (အနီ)
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်ဦးမြို့နယ်
ညောင်ဦးမြို့နယ်
​ညောင်ဦးခရိုင်အတွင်းတည်နေရာ (အနီ)
ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E / 21.200; 94.917ကိုဩဒိနိတ်: 21°12′N 94°55′E / 21.200°N 94.917°E / 21.200; 94.917
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ညောင်ဦး
မြို့နယ်ရုံးစိုက်ရာမြို့ညောင်ဦးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၉၈,၁၈၅[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။

ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။

ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။

ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။[]

ပထဝီဝင်အနေအထား

[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

[ပြင်ဆင်ရန်]

ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။ မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။

လူဦးရေ

[ပြင်ဆင်ရန်]

ညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[]

စီးပွားရေး

[ပြင်ဆင်ရန်]

ညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။

ဈေးများ

[ပြင်ဆင်ရန်]

ညောင်ဦး

[ပြင်ဆင်ရန်]
  • မဏိစည်သူဈေး
  • စဉ့်ကူဈေး
  • တောင်ဇင်းဈေး
  • ပုဂံဈေး

ငါ့သရောက်

[ပြင်ဆင်ရန်]
  • ဗိုလ်ချိုဈေး
  • ဈေးကုန်း
  • နှောတွင်း

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။

ညောင်ဦးလေဆိပ်

ပညာရေး

[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ

[ပြင်ဆင်ရန်]

အခြေခံပညာ

[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၈ကျောင်းရှိသည်။

  • အထက ညောင်ဦး
  • အထက ပုဂံ
  • အထက ငါ့သရောက်
  • အထက တောင်ဇင်း
  • အထက စဉ့်ကူ
  • အထက လက်ပန်ခြေပေါ်
  • အထက လက်ဝဲ
  • အထက သပြေအိုင့်

အထက(ခွဲ)/အလက

[ပြင်ဆင်ရန်]
  • အလက (ထ(ခွဲ)) ဖလန်ကန်
  • အလက (ထ(ခွဲ)) တက်မ
  • အလက (ထ(ခွဲ)) ကြအို
  • အလက (ထ(ခွဲ)) မြို့မ
  • အလက (ထ(ခွဲ)) မြင်းကပါ
  • အလက (ထ(ခွဲ)) တောင်တော
  • အလက (ထ(ခွဲ)) ကုလားတဲ
  • အလက (ထ(ခွဲ)) ဂန့်ဂါ
  • အလက (ထ(ခွဲ)) သူကောင်းတည်
  • အလက (ထ(ခွဲ)) ဆည်
  • အလက (ထ(ခွဲ)) ရေလယ်ကျွန်း
  • အလက (ထ(ခွဲ)) ကူရွာ
  • အလက ဖွားစောအနောက်
  • အလက ရွာသစ်
  • အလက သဲပြင်တော
  • အလက စုတည်
  • အလက လက်ထ
  • အလက ရွာသာ
  • အလက ဗြူကြီး
  • အလက ဝက်လူး
  • အလက မြေသင်း
  • အလက တောင်ဘီ
  • အလက ချောင်းရှည်
  • အလက သနပ်ပင်
  • အလက ငါ့မင်းမေး
  • အလက ဒါန်း
  • အလက မြေနီ
  • အလက အနောက်အုံ
  • အလက အိုရင်း
  • အလက ကူတော
  • အလက ကျောက်ပြင်ကန်
  • အလက ကန်ကြီးကုန်
  • အလက ကျွန်းခင်းကြီး
  • အလက ညောင်ပင်ကန်
  • အလက ကန်နီကြီး
  • အလက ကမ္မ
  • အလက ပြတိုင်းတောင်နောက်
  • အလက ပနီတွင်း
  • အလက အရာတော်

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။

ကျန်းမာရေး

[ပြင်ဆင်ရန်]

ဆေးရုံများ

[ပြင်ဆင်ရန်]
  • ညောင်ဦးခရိုင်ဆေးရုံ
  • ငါ့သရောက်ဆေးရုံ
  • တောင်ဇင်းဆေးရုံ
  • စဉ့်ကူဆေးရုံ

ထင်ရှားသောနေရာများ

[ပြင်ဆင်ရန်]

ဘုရား၊ပုထိုး၊စေတီများ

[ပြင်ဆင်ရန်]
  • ရွှေစည်းခုံ

  • အလိုတော်ပြည့်

  • အာနန္ဒာ

  • သဗ္ဗညု

  • ကန်တော့ပလ္လင်

  • ဗူးဘုရား

  • ထီးလိုမင်းလို

  • ဓမ္မံရံကြီး

  • မဟာဗောဓိ

  • မနူဟာ

  • မြစေတီ

  • ဓမ္မရာဇက

  • တုရင်တောင်ဘုရား

  • ငှက်ပစ်တောင်

  • လျောင်းတော်မူ
  • ရွှေဆံတော်

  • လောကနန္ဒာ

  • မြနန္ဒာကျောက်ထီးဘုရား
  • ရှင်ပင်သိမ်တော်
  • ရွှေလျှံပျံ

ကိုးကား

[ပြင်ဆင်ရန်]
  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. ၂.၀ ၂.၁ ၂.၂ ညောင်ဦးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]